တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine  Schraner Burgener အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ – ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏုိင္ငံဆုိင္ရာအထူးကုိယ္စားလွယ္ Ms. Christine Schraner Burgener အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး  (ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္တုိ႔ တက္ေရာက္ၾကၿပီး ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏုိင္ငံဆုိင္ရာ အထူး ကုိယ္စားလွယ္ႏွင့္အတူ အႀကီးတန္းႏုိင္ငံေရးအရာရွိ Ms. Claudine Haenni  တုိ႔ တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ အေရွ႕ေျမာက္ေဒသရွိ MNDAA၊ TNLA၊  AA အဖြဲ႕မ်ားက အပစ္ခတ္ရပ္စဲၿပီး ၿငိမ္းခ်မ္းေရးေဆာင္ရြက္လုိေၾကာင္း သေဘာထားေၾကညာခ်က္ ထုတ္ျပန္ခဲ့သည့္အေပၚ တပ္မေတာ္မွ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ား တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)တြင္ ပါ၀င္လက္မွတ္ေရးထုိးႏုိင္ေရးအတြက္ တပ္မေတာ္၏သမုိင္းေၾကာင္းတစ္ေလွ်ာက္ ပထမဦးဆုံးအႀကိမ္အျဖစ္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွစတင္၍ တပ္မေတာ္မွ ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေပးခဲ့မႈအေျခအေနမ်ားႏွင့္ တပ္မေတာ္မွျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ထုတ္ျပန္ခ်က္ပါအတုိင္းကတိမတည္ဘဲ ရခုိင္ျပည္နယ္အတြင္း AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက နယ္ျခားေစာင့္ရဲကင္းစခန္းမ်ားအားတုိက္ခိုက္ခဲ့ၿပီး ျပည္သူမ်ားအား အၾကမ္းဖက္ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြင္း မူးယစ္ ေဆး၀ါးမ်ားဖမ္းဆီးရမိမႈအေျခအေနမ်ား၊ ဘဂၤါလီအေရးကိစၥႏွင့္ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္မွ အျပဳသေဘာေဆာင္ ပူးေပါင္းေဆာင္ရြက္ရန္လိုအပ္မႈႏွင့္ ႏုိင္ငံတကာမွ အေျခအေနမွန္ မ်ားအားသိရိွေအာင္ ေဆာင္ရြက္ရန္လုိအပ္မႈအေျခအေနမ်ား၊ ကခ်င္ ျပည္နယ္အတြင္း IDP Camp မ်ားရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအား အကူအညီေပးေရးကိစၥရပ္မ်ား၊ ၂၀၁၇ ခုႏွစ္အတြင္း ရခုိင္ျပည္နယ္တြင္ျဖစ္ပြားခဲ့ေသာျဖစ္စဥ္မ်ား ႏွင့္ႏုိင္ငံတကာ၏ ေ၀ဖန္စြပ္စြဲခ်က္မ်ားအေပၚ စစ္ဘက္ဥပေဒနည္းလမ္းအတုိင္း တပ္မေတာ္မွ စုံစမ္းစစ္ေဆးေရးခံုရံုး ဖြဲ႕စည္းေဆာင္ရြက္လ်က္ရွိၿပီး သက္ေသအေထာက္အထား ခုိင္မာမွန္ကန္စြာျဖင့္ ျဖစ္စဥ္အမွန္အတုိင္းေဖာ္ထုတ္ႏုိင္ေရး ေဆာင္ရြက္ လ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္မွေဆာင္ရြက္ခ်က္မ်ားႏွင့္ ရခိုင္ျပည္နယ္အတြင္းျဖစ္ပြား လ်က္ရွိသည့္အေျခအေနမ်ားအား အမ်ားျပည္သူမ်ား သိရွိေစရန္အတြက္ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲမ်ား လစဥ္ျပဳလုပ္ေပးေနမႈ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine  Schraner Burgener အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် – ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အတူ အကြီးတန်းနိုင်ငံရေးအရာရှိ Ms. Claudine Haenni  တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အရှေ့မြောက်ဒေသရှိ MNDAA၊ TNLA၊  AA အဖွဲ့များက အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်လိုကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည့်အပေါ် တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါ၀င်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တပ်မတော်၏သမိုင်းကြောင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့မှုအခြေအနေများနှင့် တပ်မတော်မှပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်ပြန်ချက်ပါအတိုင်းကတိမတည်ဘဲ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက နယ်ခြားစောင့်ရဲကင်းစခန်းများအားတိုက်ခိုက်ခဲ့ပြီး ပြည်သူများအား အကြမ်းဖက်ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း မူးယစ် ဆေးဝါးများဖမ်းဆီးရမိမှုအခြေအနေများ၊ ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုနှင့် နိုင်ငံတကာမှ အခြေအနေမှန် များအားသိရှိအောင် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ ကချင် ပြည်နယ်အတွင်း IDP Camp များရှိ စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးရေးကိစ္စရပ်များ၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ်များ နှင့်နိုင်ငံတကာ၏ ဝေဖန်စွပ်စွဲချက်များအပေါ် စစ်ဘက်ဥပဒေနည်းလမ်းအတိုင်း တပ်မတော်မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး သက်သေအထောက်အထား ခိုင်မာမှန်ကန်စွာဖြင့် ဖြစ်စဉ်အမှန်အတိုင်းဖော်ထုတ်နိုင်ရေး ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်မှဆောင်ရွက်ချက်များနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွား လျက်ရှိသည့်အခြေအနေများအား အများပြည်သူများ သိရှိစေရန်အတွက် တပ်မတော် သတင်းစာရှင်းလင်းပွဲများ လစဉ်ပြုလုပ်ပေးနေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။