(၇၄)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ မတ္ ၂၇

၂၀၁၉ ခုႏွစ္ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔အထိမ္းအမွတ္ဧည့္ခံပဲြႏွင့္ ဂုဏ္ျပဳညစာစားပဲြ အခမ္းအနားအား ယေန႔ညပိုင္းတြင္ ေနျပည္ေတာ္ရိွေဇယ်ာသီရိဗိမာန္ ဥပစာရင္ျပင္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ကုိယ္စား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္ တို႔တက္ေရာက္ၾကသည္။ ဂုဏ္ျပဳညစာစားပဲြ စတင္က်င္းပခ်ိန္တြင္ (၇၄)ႏွစ္ ေျမာက္တပ္မေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ တပ္မေတာ္ေန႔စစ္ေရးျပကြင္းႏွင့္ ဘုရင့္ေနာင္ ရိပ္သာတို႔မွ မီး႐ႈးမီးပန္းမ်ားပစ္ေဖာက္ၾကသည္။

 

ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ဇနီးတို႔သည္ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ညိႇႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီးတို႔ႏွင့္အတူ ၂၀၁၉ ခုႏွစ္ (၇၄)ႏွစ္ေျမာက္တပ္မေတာ္ေန႔ အထိမ္းအမွတ္ဧည့္ခံပဲြႏွင့္ ဂုဏ္ျပဳညစာစားပဲြ အခမ္းအနားသို႔တက္ေရာက္လာၾကသည့္ ႏုိင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒ ဆုိင္ရာခုံ႐ုံးဥကၠ႒ ဦးမ်ိဳးၫြန္႔၊ ျပည္သူ႕လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးထြန္းထြန္းဟိန္၊ လြတ္လပ္ေရး ေမာ္ကြန္း၀င္ပထမအဆင့္၊ ဒုတိယအဆင့္ႏွင့္ တတိယအဆင့္ေမာ္ကြန္း၀င္ ပုဂၢိဳလ္မ်ား၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အၿငိမ္းစားအရာရွိႀကီးမ်ား၊ လႊတ္ေတာ္ေကာ္မတီမ်ားမွဥကၠ႒မ်ား၊ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ေအာင္ဆန္းသူရိယဘြဲ႕ ရရွိခဲ့သူမ်ား၏ မိသားစု၀င္မ်ား ႏွင့္ေဆြမ်ိဳးမ်ား၊ ၂၀၁၈ ခုႏွစ္တြင္သူရဘြဲ႔ႏွင့္ တပ္မေတာ္စြမ္းရည္သတၱိဆုိင္ရာ ဂုဏ္ထူးေဆာင္ ဘြဲ႕/တံဆိပ္ရရွိခဲ့ၾကေသာ အရာရွိ၊ စစ္သည္မ်ားႏွင့္အေမြခံမ်ား၊ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထုိးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား မွ ကိုယ္စားလွယ္မ်ား၊ ျပည္သူ႕စစ္ႏွင့္ နယ္ျခားေစာင့္ဗဟိုအႀကံေပးကြပ္ကဲေရးအဖြဲ႕မ်ား၊ ႏိုင္ငံျခား စစ္သံ႐ံုးမ်ားမွ စစ္သံမွဴးမ်ားႏွင့္ တာ၀န္ရွိသူမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းတုိ႕မွတာ၀န္ရွိသူမ်ား၊ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ား၊ တကၠသိုလ္ေလ့က်င့္ေရးတပ္မ်ားမွတပ္ဖြဲ႕၀င္မ်ား၊ “နာရီ တစ္ရာ့တစ္ဆယ္” ဇာတ္လမ္းမွ အႏုပညာရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ၾကသည္။

(၇၄)ႏွစ္ေျမာက္တပ္မေတာ္ေန႔အထိမ္းအမွတ္ဧည့္ခံပဲြႏွင့္ ဂုဏ္ျပဳညစာ စားပဲြတြင္ ညစာမသံုးေဆာင္မီ ႏွင့္ သံုးေဆာင္ေနစဥ္အတြင္း ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)၊ ျပည္သူ႕ဆက္ဆံေရးႏွင့္ စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ံုးကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖဲြ႕အႏုပညာရွင္မ်ားႏွင့္ တပ္မေတာ္ေန႕ဂုဏ္ျပဳဇာတ္လမ္း “နာရီ တစ္ရာ့တစ္ဆယ္” ဇာတ္လမ္းမွအႏုပညာရွင္မ်ားက ေတးသံသာမ်ားျဖင့္ဧည့္ခံေဖ်ာ္ေျဖၾကသည္။

ညစာစားပဲြအၿပီးတြင္ အခမ္းအနားသို႔တက္ေရာက္လာၾကသူမ်ားအား ေဇယ်ာသီရိဗိမာန္ သဘင္ေဆာင္ခန္းမ၌ ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈ ေအာက္ ျမ၀တီအၿငိမ့္အဖဲြ႕၊ နယ္လွည့္ျပည္သူ႕ဆက္ဆံေရး တပ္ခဲြမ်ားမွ စစ္သည္၊ စစ္သမီးမ်ားႏွင့္ ျမန္မာသိုင္းအဖြဲ႕၀င္မ်ားက ျမန္မာသံစုံတီး၀ိုင္း၊ ႏိုင္ငံတကာသံစုံတီး၀ိုင္းမ်ားတီးမႈတ္၍ အဆို၊ အက၊ မ်က္လွည့္မ်ားျဖင့္ သီဆိုေဖ်ာ္ေျဖၾကသည္။ ကျပေဖ်ာ္ေျဖပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္အဖြဲ႕၀င္မ်ားက သီဆိုကျပေဖ်ာ္ေျဖခဲ့ၾက သည့္ စစ္သည္၊ စစ္သမီးမ်ားအား အမွတ္တရဂုဏ္ျပဳပန္းျခင္းမ်ား ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

(၇၄)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၂၇

၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၄)နှစ် မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင် ရိပ်သာတို့မှ မီးရှုးမီးပန်းများပစ်ဖောက်ကြ သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့သည် ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီးတို့နှင့်အတူ ၂၀၁၉ ခုနှစ် (၇၄)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တက်ရောက်လာကြသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ လွတ်လပ်ရေး မော်ကွန်းဝင်ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်မော်ကွန်းဝင် ပုဂ္ဂိုလ်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ) အငြိမ်းစားအရာရှိကြီးများ၊ လွှတ်တော်ကော်မတီများမှဥက္ကဋ္ဌများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူများ၏ မိသားစုဝင်များ နှင့်ဆွေမျိုးများ၊ ၂၀၁၈ ခုနှစ်တွင်သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ်ရရှိခဲ့ကြသော အရာရှိ၊ စစ်သည်များနှင့်အမွေခံများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မှ ကိုယ်စားလှယ်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေးကွပ်ကဲရေးအဖွဲ့များ၊ နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှတပ်ဖွဲ့ဝင်များ၊ “နာရီ တစ်ရာ့တစ်ဆယ်” ဇာတ်လမ်းမှ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

(၇၄)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတွင် ညစာမသုံးဆောင်မီ နှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့အနုပညာရှင်များနှင့် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်း “နာရီ တစ်ရာ့တစ်ဆယ်” ဇာတ်လမ်းမှအနုပညာရှင်များက တေးသံသာများဖြင့်ဧည့်ခံဖျော်ဖြေကြသည်။

ညစာစားပွဲအပြီးတွင် အခမ်းအနားသို့တက်ရောက်လာကြသူများအား ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမ၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီအငြိမ့်အဖွဲ့၊ နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများနှင့် မြန်မာသိုင်းအဖွဲ့ဝင်များက မြန်မာသံစုံတီးဝိုင်း၊ နိုင်ငံတကာသံစုံတီးဝိုင်းများတီးမှုတ်၍ အဆို၊ အက၊ မျက်လှည့်များဖြင့် သီဆိုဖျော်ဖြေကြသည်။ ကပြဖျော်ဖြေပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များက သီဆိုကပြဖျော်ဖြေခဲ့ကြ သည့် စစ်သည်၊ စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။