တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ – ပစိဖိတ်ဒေသဆိုင်ရာဌာနအကြီးအကဲ H.E. Mr. Raphael Nageli အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဧၿပီ ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဆြစ္ဇာလန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာန၊ အာရွ – ပစိဖိတ္ေဒသဆုိင္ရာဌာနအႀကီးအကဲ H.E. Mr. Raphael Nageli အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဆြစ္ဇာလန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွ – ပစိဖိတ္ေဒသဆုိင္ရာဌာနအႀကီးအကဲ ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဆြစ္ဇာလန္ႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Tim Enderlin ႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ျမန္မာႏုိင္ငံ၌ ဒီမုိကေရစီျပဳျပင္ေျပာင္းလဲေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္မႈမ်ားတြင္ ဆြစ္ဇာလန္ႏုိင္ငံက ကူညီေဆာင္ရြက္ေပးလ်က္ရွိၿပီး ဆက္လက္ကူညီ ေဆာင္ရြက္ေပးမည့္အေျခအေနမ်ား၊ တပ္မေတာ္သားမ်ားအေနျဖင့္ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားကုိ ေန႔စဥ္ႏွင့္အမွ် အေသးအဖြဲ႕စည္းကမ္းခ်က္မ်ားမွအစ လုိက္နာရၿပီး စည္းကမ္းမလုိက္နာသူ၊ ဥပေဒ ခ်ိဳးေဖာက္သူမ်ားကုိလည္း သက္ညႇာမႈမရွိ အေရးယူရသည့္ တပ္မေတာ္အစဥ္အလာေကာင္းမ်ား၊ ျပည္တြင္းလက္္နက္ကုိင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးကုိ အမွန္တကယ္ရရွိေစလုိသည့္ ေစတနာျဖင့္ ႏွစ္ေပါင္း ၇၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ တပ္မေတာ္မွ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေနမွစ၍ ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေပးထားသည့္ အေျခအေနမ်ား၊ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းမ်ားအေနျဖင့္ NCA လက္မွတ္ေရးထုိးႏုိင္ရန္ အေျခအေနမ်ား၊ ျမန္မာ ႏုိင္ငံတြင္လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ အကူအညီေပးေရးႏွင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး မ်ားတြင္ ကူညီေဆာင္ရြက္ႏုိင္သည့္ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံႏွင့္ပတ္သက္ၿပီး ျဖစ္စဥ္မွန္မ်ားအား ႏုိင္ငံတကာမွ အမွန္အတုိင္းသိရွိရန္ လုိအပ္မႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ – ပစိဖိတ်ဒေသဆိုင်ရာဌာနအကြီးအကဲ H.E. Mr. Raphael Nageli အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆွစ်ဇာလန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှ – ပစိဖိတ်ဒေသဆိုင်ရာဌာနအကြီးအကဲ H.E. Mr. Raphael Nageli အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ – ပစိဖိတ်ဒေသဆိုင်ရာဌာနအကြီးအကဲ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tim Enderlin နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုများတွင် ဆွစ်ဇာလန်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ တပ်မတော်သားများအနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို နေ့စဉ်နှင့်အမျှ အသေးအဖွဲ့စည်းကမ်းချက်များမှအစ လိုက်နာရပြီး စည်းကမ်းမလိုက်နာသူ၊ ဥပဒေ ချိုးဖောက်သူများကိုလည်း သက်ညှာမှုမရှိ အရေးယူရသည့် တပ်မတော်အစဉ်အလာကောင်းများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိစေလိုသည့် စေတနာဖြင့် နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေမှစ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားသည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရန် အခြေအနေများ၊ မြန်မာ နိုင်ငံတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး များတွင် ကူညီဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဖြစ်စဉ်မှန်များအား နိုင်ငံတကာမှ အမှန်အတိုင်းသိရှိရန် လိုအပ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။