တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများအားတွေ့ဆုံ

ေနျပည္ေတာ္၊ ဧၿပီ – ၈

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၏ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏုိင္ငံေပက်င္းၿမိဳ႕တြင္ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ညေန ပုိင္းတြင္ တ႐ုတ္ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံ႐ုံးသုိ႔ေရာက္ရွိၾကရာ သံ႐ုံး၊ စစ္သံ႐ုံး မိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ သင္တန္းသားမ်ားအား ေတြ႕ဆုံ အမွာစကားေျပာၾကားရာတြင္ မိမိယခုလာေရာက္သည့္ ခ်စ္ၾကည္ေရးခရီးစဥ္သည္ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ ႏွစ္ရပ္ၾကား ခ်စ္ၾကည္ရင္းႏီွးမႈ ကုိျမႇင့္တင္ရန္အတြက္ လာေရာက္သည့္ ခရီးစဥ္ျဖစ္ေၾကာင္းေျပာၾကားၿပီး ျမန္မာႏုိင္ငံအေနျဖင့္ ပထ၀ီအေနအထားအရအေရးပါသည့္ တည္ေနရာတြင္တည္ရွိသျဖင့္ ႏုိင္ငံအားလုံးႏွင့္ ဆက္ဆံေရးေကာင္းမြန္ရန္လုိအပ္မႈအေျခအေနမ်ား၊ မိမိတုိ႔ႏုိင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတုိးတက္ရန္အတြက္ ျပည္ပ သုိ႔ပုိ႔ကုန္မ်ားတင္ပုိ႔ရာတြင္ အရည္အေသြးျပည့္ မီရန္လုိအပ္မႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ အဓိက နယ္စပ္ ကုန္သြယ္မႈအေနျဖင့္ ထုိင္းႏုိင္ငံႏွင့္ တ႐ုတ္ႏုိင္ငံတုိ႔ျဖစ္ၿပီး နယ္စပ္ကုန္သြယ္မႈမ်ားျပဳလုပ္ရာတြင္ မွ်တေသာ ကုန္သြယ္မႈစနစ္အေကာင္အထည္ေဖာ္ေဆာင္ရန္ လိုအပ္မႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံႏွင့္တ႐ုတ္ ႏုိင္ငံတုိ႔၏ နယ္စပ္ေဒသကုန္သြယ္မႈျမႇင့္တင္ရန္အတြက္ မိမိတုိ႔အေနျဖင့္သက္ဆုိင္ရာဌာနမ်ားမွ တုိက္တြန္းေဆာင္ရြက္ ရမည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ႏုိင္ငံေရးေျပာင္းလဲမႈမ်ားႏွင့္ လက္ရွိေလွ်ာက္လွမ္းလ်က္ရွိသည့္ ပါတီစုံ ဒီမုိကေရစီ လမ္းေၾကာင္းေပၚေလွ်ာက္လွမ္းရာတြင္ တပ္မေတာ္မွပါ၀င္ကူညီ ေဆာင္ရြက္ေပးေနသည့္ အေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တပ္မေတာ္မွေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းရာ၌ ႏုိင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းမႈရွိရန္ႏွင့္ လုံၿခဳံေရး အရတည္ၿငိမ္ ေအးခ်မ္းမႈရွိရန္လုိအပ္မႈအေျခအေနမ်ားအား ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ ပညာေတာ္သင္သင္တန္းသား အရာရွိမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား၊ လက္ေဆာင္ပစၥည္းမ်ားအားေပးအပ္ရာ သံအမတ္ႀကီး၊ စစ္သံမွဴး ႏွင့္ သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ား၊ သင္တန္းသားအရာရွိမ်ားက လက္ခံရယူၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားက ညစာျဖင့္တည္ခင္းဧည့္ခံခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုများအားတွေ့ဆုံ
နေပြည်တော်၊ ဧပြီ – ၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံပေကျင်းမြို့တွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံ အမှာစကားပြောကြားရာတွင် မိမိယခုလာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု ကိုမြှင့်တင်ရန်အတွက် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရအရေးပါသည့် တည်နေရာတွင်တည်ရှိသဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်မှုအခြေအနေများ၊ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပ သို့ပို့ကုန်များတင်ပို့ရာတွင် အရည်အသွေးပြည့် မီရန်လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ အဓိက နယ်စပ် ကုန်သွယ်မှုအနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုများပြုလုပ်ရာတွင် မျှတသော ကုန်သွယ်မှုစနစ်အကောင်အထည်ဖော်ဆောင်ရန် လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတို့၏ နယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရန်အတွက် မိမိတို့အနေဖြင့်သက်ဆိုင်ရာဌာနများမှ တိုက်တွန်းဆောင်ရွက် ရမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးပြောင်းလဲမှုများနှင့် လက်ရှိလျှောက်လှမ်းလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင် တပ်မတော်မှပါဝင်ကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်နှင့် လုံခြုံရေး အရတည်ငြိမ် အေးချမ်းမှုရှိရန်လိုအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင်သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများအားပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူး နှင့် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားအရာရှိများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံးမိသားစုများက ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။