တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ ဗုဒ္ဓမြတ်စွယ် တော်သို့သွားရောက်ဖူးမြော်ကြည်ညို 

ေနျပည္ေတာ္၊ ဧၿပီ – ၉

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ေပက်င္းၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ တင့္ဆန္းတုိ႔လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ Ling Guang Si ဘုရားေက်ာင္းရွိ ဗုဒၶျမတ္စြယ္ေတာ္သုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ ၀င္မ်ားသည္ Ling Guang Si ဘုရားေက်ာင္းသုိ႔ေရာက္ရွိၿပီး ေက်ာင္းထုိင္ဆရာေတာ္ Chang Zang အားဖူးေျမာ္သည္။ ထုိ႔ေနာက္ ဆရာေတာ္က သာသနာျပဳလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈအေျခအေနမ်ားမိန္႔ၾကားရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ကူညီေဆာင္ရြက္ေပးႏုိင္မည့္အေျခအေနမ်ား ေလွ်ာက္ထားသည္။ ယင္းေနာက္ ဆရာေတာ္က ျမန္မာ-တ႐ုတ္ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈတုိးတက္ခုိင္မာေစေရး ဆုမြန္ေကာင္းေတာင္းစကားေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္တစ္ဆူအား ဓမၼလက္ေဆာင္အျဖစ္ေပးအပ္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဆရာေတာ္ထံ ေက်ာက္စိမ္းဗုဒၶဆင္းတုေတာ္၊ လွဴဖြယ္ ပစၥည္းမ်ားႏွင့္ န၀ကမၼအလွဴေငြမ်ားဆက္ကပ္လွဴဒါန္းသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဗုဒၶျမတ္စြယ္ေတာ္ေစတီအား လက္ယာရစ္လွည့္လည္ ဖူးေျမာ္ၾကည္ညိဳၿပီး ေစတီေတာ္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆြမ္းႏွင့္ သစ္သီးမ်ား ကပ္လွဴပူေဇာ္ကာ ဗုဒၶျမတ္စြယ္ေတာ္အား ဖူးေျမာ္ၾကည္ညိဳသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ Ling Guang Si ဘုရားေက်ာင္းအတြက္ အလွဴေငြမ်ားထည့္၀င္လွဴဒါန္းသည္။

ဗုဒၶျမတ္စြယ္ေတာ္သည္ ေပက်င္းၿမိဳ႕၏အေနာက္ဘက္ေတာင္တန္းေပၚတြင္ တည္ရွိၿပီး ဗုဒၶဘုရားရွင္ ပရိနိဗၺာန္ျပဳၿပီးေနာက္ ၾကြင္းက်န္ရစ္ေသာစြယ္ေတာ္ႏွစ္ဆူ အနက္မွတစ္ဆူျဖစ္သည္။ ဗုဒၶျမတ္စြယ္ေတာ္ ေစတီမွာ အျမင့္ ၅၁ မီတာရွိ အ႒ဂံပုံစံ ဘုံ ၁၃ ဆင့္ျဖင့္တည္ထားျခင္းျဖစ္ၿပီး ေစတီေတာ္အတြင္း ၁ မိတာအျမင့္ရွိေရႊအတိၿပီး ေသာေရႊကလပ္ေတာ္အတြင္း ဗုဒၶျမတ္စြယ္ေတာ္ကိန္း၀ပ္ေတာ္မႈလ်က္ရွိသည္။ ဘုရား ေက်ာင္းေတာ္ရွိ ေအာက္ဆုံးထပ္တြင္ ေက်ာက္စာမ်ား၊ ပိဋကတ္က်မ္းစာမ်ား ေရထားထားသည့္အခန္းရွိ ၿပီး အျခားအထပ္ ၆ ထပ္တြင္ ဟန္၊ တိဘတ္၊ မြန္ဂုိလီးယား၊ ဒုိင္ႏွင့္အျခားတုိင္းရင္းသား လူမ်ိဳးတုိ႔၏ ဗုဒၶ၀င္ပိဋကတ္က်မ္းမ်ားထိန္းသိမ္းထားရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ ဗုဒ္ဓမြတ်စွယ် တော်သို့သွားရောက်ဖူးမြော်ကြည်ညို 

နေပြည်တော်၊ ဧပြီ – ၉ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်တပ်မတော် အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် တင့်ဆန်းတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Ling Guang Si ဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်သို့ သွားရောက်ဖူးမြော်ကြည်ညို သည်။ 

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ ဝင်များသည် Ling Guang Si ဘုရားကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် Chang Zang အားဖူးမြော်သည်။ ထို့နောက် ဆရာတော်က သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများမိန့်ကြားရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ လျှောက်ထားသည်။ ယင်းနောက် ဆရာတော်က မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရေး ဆုမွန်ကောင်းတောင်းစကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူအား ဓမ္မလက်ဆောင်အဖြစ်ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆရာတော်ထံ ကျောက်စိမ်းဗုဒ္ဓဆင်းတုတော်၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းသည်။ 

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗုဒ္ဓမြတ်စွယ်တော်စေတီအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများ ကပ်လှူပူဇော်ကာ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် Ling Guang Si ဘုရားကျောင်းအတွက် အလှူငွေများထည့်ဝင်လှူဒါန်းသည်။ 

ဗုဒ္ဓမြတ်စွယ်တော်သည် ပေကျင်းမြို့၏အနောက်ဘက်တောင်တန်းပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ကြွင်းကျန်ရစ်သောစွယ်တော်နှစ်ဆူ အနက်မှတစ်ဆူဖြစ်သည်။ ဗုဒ္ဓမြတ်စွယ်တော် စေတီမှာ အမြင့် ၅၁ မီတာရှိ အဋ္ဌဂံပုံစံ ဘုံ ၁၃ ဆင့်ဖြင့်တည်ထားခြင်းဖြစ်ပြီး စေတီတော်အတွင်း ၁ မိတာအမြင့်ရှိရွှေအတိပြီး သောရွှေကလပ်တော်အတွင်း ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်တော်မှုလျက်ရှိသည်။ ဘုရား ကျောင်းတော်ရှိ အောက်ဆုံးထပ်တွင် ကျောက်စာများ၊ ပိဋကတ်ကျမ်းစာများ ရေထားထားသည့်အခန်းရှိ ပြီး အခြားအထပ် ၆ ထပ်တွင် ဟန်၊ တိဘတ်၊ မွန်ဂိုလီးယား၊ ဒိုင်နှင့်အခြားတိုင်းရင်းသား လူမျိုးတို့၏ ဗုဒ္ဓဝင်ပိဋကတ်ကျမ်းများထိန်းသိမ်းထားရှိသည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။