တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ် ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ကဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံ ဆွေးနွေး 

ေနျပည္ေတာ္၊ ဧၿပီ – ၉ 

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား တ႐ုတ္ႏုိင္ငံဗဟုိ စစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng က ယေန႔မြန္းလြဲပုိင္းတြင္ ေပက်င္းၿမိဳ႕ရွိ Ba Yi ခန္းမေဆာင္၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆို သည္။ 

အဆုိပါဂုဏ္ျပဳႀကိဆုိပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး မွတပ္မေတာ္အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္း တုိ႔တက္ေရာက္ၾကၿပီး တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ႏွင့္အတူ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္အရာရွိႀကီးမ်ား တက္ ေရာက္ၾကသည္။ 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိမည့္ ေနရာသုိ႔ေရာက္ရွိရာ Gen. Li Zuocheng ႀကိဳဆုိႏႈတ္ဆက္သည္။ ထုိ႔ေနာက္ ႏွစ္ႏုိင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားအား အျပန္ အလွန္ မိတ္ဆက္ေပးၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကုိခံယူၿပီး တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ႏွင့္္အတူ ဂုဏ္ျပဳတပ္ဖြဲ႕အားစစ္ေဆးသည္။ 

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံဗဟုိ စစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီး ဌာနစစ္ဦးစီးခ်ဳပ္တုိ႔သည္ Ba Yi ခန္းမေဆာင္ရွိ အစည္းအေ၀း ခန္းမတြင္ေတြ႕ဆုံေဆြးေႏြးၾကသည္။ 

ထုိသုိ႔ေတြ႕ဆုံေဆြးေႏြးရာတြင္ ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔ ေႏြးေထြးစြာ ႀကိဳဆုိမႈအတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏုိင္ငံသည္ ေရွးယခင္ကတည္းက ေဆြမ်ိဳး ေပါက္ေဖာ္ဆက္ဆံေရးရွိခဲ့ၿပီး မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တြင္ေနထုိင္ၾကသည့္ တုိင္းရင္းသားမ်ားသည္ ကုိးကြယ္ရာႏွင့္ယဥ္ေက်းမႈျခင္းမ်ားစြာတူညီေၾကာင္း၊ ေရွးယခင္ အတည္းက ႏွစ္ႏုိင္ငံအၾကား ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထုိင္ေရးမူႀကီး(၅)ရပ္ႏွင့္အညီ ခ်စ္ၾကည္ရင္း ႏွီးစြာေနထုိင္ေနၾကျခင္းျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးမွတစ္ဆင့္ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈကုိတုိးျမႇင့္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံတြင္လာေရာက္၍ စီးပြားေရး အရရင္းႏွီးျမႇဳပ္ႏွံသည့္ႏုိင္ငံမ်ား ထဲတြင္ တ႐ုတ္ႏုိင္ငံမွပမာဏအမ်ားဆုံးျဖစ္ေၾကာင္း၊ တ႐ုတ္ႏုိင္ငံအား ျမန္မာႏုိင္ငံ၏ ထာ၀ရမိတ္ေဆြ၊ မဟာဗ်ဴဟာမိတ္ဘက္ႏုိင္ငံအျဖစ္သတ္မွတ္ထားေၾကာင္း၊ ႏွစ္ႏုိင္ငံ ႏုိင္ငံေရးႏွင့္ ကာကြယ္ေရးဆုိင္ရာမ်ားပူးေပါင္းေဆာင္ရြက္မႈ ပုိမုိေလးနက္ေစရန္အတြက္ စစ္ဘက္၊ အရပ္ဘက္ ဆက္ဆံေရးကုိ တုိးျမႇင့္ေဆာင္ရြက္ခဲ့ေၾကာင္း၊ ျမန္မာႏုိင္ငံတည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ မိမိတုိ႔အေနျဖင့္ အစြမ္းကုန္ႀကိဳးစားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံ၏ အေျခအေနအရပ္ရပ္ အေပၚ တ႐ုတ္ႏုိင္ငံ၏မွန္မွန္ကန္ကန္ရပ္တည္မႈမ်ားႏွင့္ ရခုိင္ျပည္နယ္အေရးႏွင့္ ပတ္သက္ၿပီး ႏုိင္ငံတကာအလယ္တြင္ မိတ္ေဆြေကာင္းပီသစြာရပ္တည္ေပးမႈမ်ား အတြက္လည္း ေက်းဇူးတင္ရွိေၾကာင္းေျပာၾကားသည္။ 

ယင္းေနာက္ Gen. Li Zuocheng ကေဆြးေႏြးေျပာၾကားရာတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ မိမိတုိ႔တ႐ုတ္တပ္မေတာ္၏မိတ္ေဟာင္းေဆြေဟာင္း တစ္ဦးျဖစ္ၿပီး ယခုကဲ့သုိ႔ခ်စ္ၾကည္ေရး ခရီးလာေရာက္ျခင္း အတြက္ ေက်းဇူးတင္ရွိ ပါေၾကာင္း၊ မိမိတုိ႔ႏွစ္ႏုိင္ငံအေနျဖင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားတုိးတက္ေကာင္းမြန္ လ်က္ရွိေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္ရြက္မႈ၊ လုံၿခဳံေရးပူးေပါင္း ေဆာင္ရြက္မႈမ်ားအား အတူတကြၫႇိႏႈိင္းေဆာင္ရြက္သြားရန္၊ ႏုိင္ငံတကာဆက္ဆံေရးဌာနအခ်င္းခ်င္း ပူးေပါင္း ေဆာင္ရြက္မႈတုိးျမႇင့္ရန္၊ ေဆးဘက္ ဆုိင္ရာပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ရန္၊ စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ ကုန္သြယ္မႈတုိးျမႇင့္ရန္၊ အျပည္ျပည္ဆုိင္ရာပူးေပါင္း ေဆာင္ရြက္မႈမ်ားျမႇင့္တင္ရန္ဆုိသည့္ ပူးေပါင္းေဆာင္ရြက္မႈ နယ္ပယ္(၅)ခုအားတုိးျမႇင့္ ေဆာင္ရြက္သြားလုိေၾကာင္း၊ ျမန္မာႏုိင္ငံေျမာက္ပုိင္း နယ္စပ္ေဒသလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးသည္ ႏွစ္ႏုိင္ငံလုံးအတြက္အေရးႀကီး ေၾကာင္း၊ ႏွစ္ႏုိင္ငံဆက္ဆံေရးကုိထိခုိက္ေစမည့္ မည္သည့္အဖြဲ႕အစည္း၏လုပ္ေဆာင္ခ်က္ ကုိမဆုိလက္ခံမည္မဟုတ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား လုံၿခဳံေရးဆုိင္ရာ သတင္းအခ်က္အလက္မ်ား အျပန္အလွန္ေထာက္ကူမႈျပဳလုပ္ၿပီး ပူးေပါင္း ေဆာင္ရြက္မႈမ်ား နက္႐ႈိင္းစြာလုပ္ေဆာင္ရန္လုိအပ္ေၾကာင္း ေဆြးေႏြးေျပာၾကားသည္။ 

ထုိ႔ေနာက္ ျမန္မာႏုိင္ငံတြင္ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္း ေနမႈႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္မွ ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ တပ္မေတာ္ ႏွစ္ရပ္အၾကား ေလ့က်င့္ေရး က႑ႏွင့္က်န္းမာေရးက႑မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး၊ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးႏွင့္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္းေအးခ်မ္းေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ေရး၊ တပ္မေတာ္ႏွစ္ရပ္ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိျမႇင့္တင္ေဆာင္ရြက္ႏုိင္ေရး ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္း စြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။ 

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တ႐ုတ္ႏုိင္ငံဗဟုိစစ္ ေကာ္မရွင္ဒုတိယဥကၠ႒(၁) General Xu Qiliang ႏွင့္ေတြ႕ဆုံေဆြးေႏြးသည္။ ထုိသုိ႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိအေနျဖင့္ တ႐ုတ္ႏုိင္ငံသုိ႔ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈကုိအေလးထားၿပီး အႀကိမ္မ်ား စြာလာေရာက္ ျခင္းျဖစ္ၿပီး မိမိႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တ႐ုတ္ႏုိင္ငံ၏ကူညီေနမႈမ်ားကုိလည္း ေက်းဇူး တင္ရွိပါေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ ဖြံ႕ၿဖိဳးတုိးတက္ေရးေမွ်ာ္မွန္းခ်က္အျဖစ္ တုိင္းျပည္ တည္ၿငိမ္ ေအးခ်မ္း ေအာင္ေဆာင္ရြက္ေနေသာ္လည္း လက္နက္ကုိင္ပဋိပကၡမ်ားတြင္ ႐ႈပ္ေထြးမႈမ်ားရွိသျဖင့္ ခက္ခဲစြာ လုပ္ေဆာင္ေနရေၾကာင္း၊ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွစ၍ ဧၿပီ ၃၀ ရက္ေန႔အထိ အပစ္ခတ္ရပ္စဲေရး ေဆာင္ရြက္ခဲ့ျခင္းသည္ ၿငိမ္းခ်မ္းေရးေဆာင္ရြက္ျခင္းအတြက္အေထာက္အကူျဖစ္ခဲ့ေၾကာင္း၊ တပ္မေတာ္သည္ ျပည္သူမ်ား၏အစိတ္အပုိင္းတစ္ခုျဖစ္သျဖင့္ ကာကြယ္ေရးသာမက ဖြံ႕ၿဖိဳးတုိးတက္ေရး လုပ္ငန္းမ်ား ကုိပါလုပ္ေဆာင္လ်က္ရွိေၾကာင္း၊ တ႐ုတ္ႏုိင္ငံအေနျဖင့္ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံ ေရးခုိင္မာေစမႈအတြက္ ပူးေပါင္းေဆာင္ရြက္မႈမ်ား က်ယ္ျပန္႔ေအာင္ေဆာင္ရြက္ေပးရန္ အေရးႀကီး ေၾကာင္းေျပာၾကားသည္။ 

ထုိ႔ေနာက္ တ႐ုတ္ႏုိင္ငံဗဟုိစစ္ ေကာ္မရွင္ဒုတိယဥကၠ႒(၁) က ျပန္လည္ေျပာၾကား ရာတြင္ ႏွစ္ႏုိင္ငံေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးသည္ အနာဂတ္ပူးေပါင္းေဆာင္ရြက္မႈ အတြက္ ေကာင္းမြန္ေသာ ေမွ်ာ္လင့္ခ်က္ပင္ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံကုိးကြယ္ယုံၾကည္မႈ တူညီၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရးႏွစ္ေပါင္း ေထာင္ခ်ီခဲ့ၿပီျဖစ္ေၾကာင္း၊ ေဒသတြင္းျပႆနာ မ်ားအား အျပန္အလွန္အေထာက္အကူျပဳခဲ့ၿပီး ဆက္လက္၍ လည္း ပူးေပါင္းေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္းေျပာၾကားကာ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈ ေအာင္ျမင္ရန္ႏွင့္ ျပည္သူမ်ားမထိခုိက္ရန္၊ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ စဥ္ဆက္မျပတ္တုိးတက္ခုိင္မာေစေရးေဆာင္ရြက္သြားရန္ ကိစၥရပ္မ်ားအား ရင္းရင္းႏွီးႏွီးေဆြးေႏြးခဲ့ၾကသည္။ 

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံဗဟုိစစ္ ေကာ္မရွင္ဒုတိယဥကၠ႒(၁) တုိ႔သည္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကၿပီး လက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကသည္။ 

ဆက္လက္ၿပီး ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ ေရကုိယ္စားလွယ္အဖြဲ႕အား တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္က ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံသည္။ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံ ဗဟုိစစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္တုိ႔သည္ တက္ေရာက္လာၾကသည့္ႏွစ္ႏုိင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားႏွင္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ် ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ကဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံ ဆွေးနွေး 

နေပြည်တော်၊ ဧပြီ – ၉ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng က ယနေ့မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ Ba Yi ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို သည်။ 

အဆိုပါဂုဏ်ပြုကြိဆိုပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်း တို့တက်ရောက်ကြပြီး တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အရာရှိကြီးများ တက် ရောက်ကြသည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုမည့် နေရာသို့ရောက်ရှိရာ Gen. Li Zuocheng ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများအား အပြန် အလှန် မိတ်ဆက်ပေးကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်နှင့််အတူ ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။ 

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီး ဌာနစစ်ဦးစီးချုပ်တို့သည် Ba Yi ခန်းမဆောင်ရှိ အစည်းအဝေး ခန်းမတွင်တွေ့ဆုံဆွေးနွေးကြသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ နွေးထွေးစွာ ကြိုဆိုမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးရှိခဲ့ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တွင်နေထိုင်ကြသည့် တိုင်းရင်းသားများသည် ကိုးကွယ်ရာနှင့်ယဉ်ကျေးမှုခြင်းများစွာတူညီကြောင်း၊ ရှေးယခင် အတည်းက နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ ချစ်ကြည်ရင်း နှီးစွာနေထိုင်နေကြခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လာရောက်၍ စီးပွားရေး အရရင်းနှီးမြှုပ်နှံသည့်နိုင်ငံများ ထဲတွင် တရုတ်နိုင်ငံမှပမာဏအများဆုံးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအား မြန်မာနိုင်ငံ၏ ထာဝရမိတ်ဆွေ၊ မဟာဗျူဟာမိတ်ဘက်နိုင်ငံအဖြစ်သတ်မှတ်ထားကြောင်း၊ နှစ်နိုင်ငံ နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာများပူးပေါင်းဆောင်ရွက်မှု ပိုမိုလေးနက်စေရန်အတွက် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့အနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ် အပေါ် တရုတ်နိုင်ငံ၏မှန်မှန်ကန်ကန်ရပ်တည်မှုများနှင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအလယ်တွင် မိတ်ဆွေကောင်းပီသစွာရပ်တည်ပေးမှုများ အတွက်လည်း ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။ 

ယင်းနောက် Gen. Li Zuocheng ကဆွေးနွေးပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် မိမိတို့တရုတ်တပ်မတော်၏မိတ်ဟောင်းဆွေဟောင်း တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ချစ်ကြည်ရေး ခရီးလာရောက်ခြင်း အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးမှုများတိုးတက်ကောင်းမွန် လျက်ရှိကြောင်း၊ တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများအား အတူတကွညှိနှိုင်းဆောင်ရွက်သွားရန်၊ နိုင်ငံတကာဆက်ဆံရေးဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်၊ ဆေးဘက် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ စက်ရုံ၊ အလုပ်ရုံများနှင့် ကုန်သွယ်မှုတိုးမြှင့်ရန်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရန်ဆိုသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်(၅)ခုအားတိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် နှစ်နိုင်ငံလုံးအတွက်အရေးကြီး ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေမည့် မည်သည့်အဖွဲ့အစည်း၏လုပ်ဆောင်ချက် ကိုမဆိုလက်ခံမည်မဟုတ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ထောက်ကူမှုပြုလုပ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်းစွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ 

ထို့နောက် မြန်မာနိုင်ငံတွင်ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နေမှုနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား လေ့ကျင့်ရေး ကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်နိုင်ငံဗဟိုစစ် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁) General Xu Qiliang နှင့်တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိအနေဖြင့် တရုတ်နိုင်ငံသို့ တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုကိုအလေးထားပြီး အကြိမ်များ စွာလာရောက် ခြင်းဖြစ်ပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ကူညီနေမှုများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်အဖြစ် တိုင်းပြည် တည်ငြိမ် အေးချမ်း အောင်ဆောင်ရွက်နေသော်လည်း လက်နက်ကိုင်ပဋိပက္ခများတွင် ရှုပ်ထွေးမှုများရှိသဖြင့် ခက်ခဲစွာ လုပ်ဆောင်နေရကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ဧပြီ ၃၀ ရက်နေ့အထိ အပစ်ခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးဆောင်ရွက်ခြင်းအတွက်အထောက်အကူဖြစ်ခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူများ၏အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ကာကွယ်ရေးသာမက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကိုပါလုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံ ရေးခိုင်မာစေမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်အောင်ဆောင်ရွက်ပေးရန် အရေးကြီး ကြောင်းပြောကြားသည်။ 

ထို့နောက် တရုတ်နိုင်ငံဗဟိုစစ် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁) က ပြန်လည်ပြောကြား ရာတွင် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ဆက်ဆံရေးသည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အတွက် ကောင်းမွန်သော မျှော်လင့်ချက်ပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကိုးကွယ်ယုံကြည်မှု တူညီပြီး နှစ်နိုင်ငံဆက်ဆံရေးနှစ်ပေါင်း ထောင်ချီခဲ့ပြီဖြစ်ကြောင်း၊ ဒေသတွင်းပြဿနာ များအား အပြန်အလှန်အထောက်အကူပြုခဲ့ပြီး ဆက်လက်၍ လည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားကာ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အောင်မြင်ရန်နှင့် ပြည်သူများမထိခိုက်ရန်၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု စဉ်ဆက်မပြတ်တိုးတက်ခိုင်မာစေရေးဆောင်ရွက်သွားရန် ကိစ္စရပ်များအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။ 

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံဗဟိုစစ် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁) တို့သည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြသည်။ 

ဆက်လက်ပြီး ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည် ရေကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်တို့သည် တက်ရောက်လာကြသည့်နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများနှင်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။