တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ စက်တင်ဘာ ၁၈

အိမ်နီးချင်းဆိုသည်မှာ တစ်ဦးအပေါ်တစ်ဦးနားလည်မှုရှိရန် အရေးကြီးပါကြောင်း၊ တွေ့ကြုံလာရသည့် အခက်အခဲများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းခြင်းကအကောင်းဆုံးဖြစ်သည်ဟုလည်း ယုံကြည်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် နောင်တွင်လည်းယခုကဲ့သို့ပင် ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

ဦးစွာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇေယျာသီရိဗိမာန်အတွင်း၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အခမ်းအနားတက်ရောက်လာကြသော တပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပူးတွဲစစ်ဦးစီးအရာရှိချုပ် Gen. Tarnchaiyan Srisuwan ၊ ထိုင်းဘုရင့်တပ်မတော်(ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့် ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထို့နောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ဦးစွာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတာဝန်ထမ်းဆောင်သည့်ကာလအတွင်း ပူးပေါင်း ဆောင်ရွက်မှုများကို မမေ့သောအားဖြင့် လာရောက်နှုတ်ဆက်ခြင်းဖြစ်ပါကြောင်း၊ ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်အကြား ယခင်ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများ၊ လက်ရှိပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်များအရ မြန်မာနိုင်ငံခရီးစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းဘုရင့်တပ်မတော်မှ နောင်တာဝန်ယူမည့် ခေါင်းဆောင်သစ်များနှင့်လည်း မိတ်ဆက်လို၍ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်းမှာ ချစ်ခင် ရင်းနှီးမှုရှိပြီးဖြစ်၍ အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှာ အားရကျေနပ်ဘွယ်ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်းဆက်ဆံရေးတွင် ဝါရင့်သူများက ဝါနုသူများကို လက်တွဲခေါ်ယူသည့် အစဉ်အလာရှိကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ ထာဝရရှိနေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ထိုင်းနိုင်ငံအကျိုးစီးပွားထိခိုက်မှုများကို လက်မခံပါကြောင်း၊ မြန်မာနှင့်ထိုင်းနှစ်နိုင်ငံအတွက် ကြီးမားသည့်စိန်ခေါ်မှုမှာ မူးယစ်ဆေးဝါးပြဿနာပင်ဖြစ်ပြီး ဦးစားပေး၍ ပူးပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ကျန်ကိစ္စရပ်များမှာ အခက်အခဲမရှိ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား၍ မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ဒေသဖြစ်စဉ် အခြေအနေမှန်များကို ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းက နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တက်ရောက်လာ ကြသူများ နှင့်အတူဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် ဖျော်ဖြေရေးအဖွဲ့များက နှစ်နိုင်ငံတေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ညစာသုံးဆောင်အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြဖျော်ဖြေ ကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီး ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့အတူညနေပိုင်းကလည်း ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ သူရဲကောင်းစစ်သည်ဗိမာန် သို့သွားရောက်၍ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခွေချကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကို အလေးပြုခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆို၊ ေတြ႕ဆုံေဆြးေႏြး၊ ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံ

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၈

အိမ္နီးခ်င္းဆုိသည္မွာ တစ္ဦးအေပၚတစ္ဦးနားလည္မႈရွိရန္ အေရးႀကီးပါေၾကာင္း၊ ေတြ႕ႀကဳံလာရသည့္ အခက္အခဲမ်ားကုိ ၫႇိႏႈိင္းပူးေပါင္းေဆာင္ရြက္ၿပီး ေျဖရွင္းျခင္းကအေကာင္းဆုံးျဖစ္သည္ဟုလည္း ယုံၾကည္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္ ေနာင္တြင္လည္းယခုကဲ့သုိ႔ပင္ ခ်စ္ၾကည္ရင္းႏွီးစြာျဖင့္ ဆက္လက္ ပူးေပါင္းေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔ညေနပုိင္းတြင္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Surapong Suwana-adth ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕ႏွင့္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

ဦးစြာ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Surapong Suwana-adth အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က ေဇယ်ာသီရိဗိမာန္အတြင္း၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆုိသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အား လုိက္လံၾကည့္႐ႈစစ္ေဆးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထိုင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔သည္ အခမ္းအနားတက္ေရာက္လာၾကေသာ တပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ပူးတြဲစစ္ဦးစီးအရာရွိခ်ဳပ္ Gen. Tarnchaiyan Srisuwan ၊ ထုိင္းဘုရင့္တပ္မေတာ္(ၾကည္း၊ေရ၊ေလ) စစ္သံမွဴးမ်ားႏွင့္ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Surapong Suwana-adth သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ဦးစြာ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတာ၀န္ထမ္းေဆာင္သည့္ကာလအတြင္း ပူးေပါင္း ေဆာင္ရြက္မႈမ်ားကုိ မေမ့ေသာအားျဖင့္ လာေရာက္ႏႈတ္ဆက္ျခင္းျဖစ္ပါေၾကာင္း၊ ထုိင္း-ျမန္မာ တပ္မေတာ္ႏွစ္ရပ္အၾကား ယခင္ရွိရင္းစြဲပူးေပါင္းေဆာင္ရြက္မႈမ်ား၊ လက္ရွိပုိမုိေကာင္းမြန္သည့္ လုပ္ေဆာင္ခ်က္မ်ားအရ ျမန္မာႏုိင္ငံခရီးစဥ္ကုိ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထုိင္းဘုရင့္တပ္မေတာ္မွ ေနာင္တာ၀န္ယူမည့္ ေခါင္းေဆာင္သစ္မ်ားႏွင့္လည္း မိတ္ဆက္လုိ၍ျဖစ္ေၾကာင္း၊ မိမိတုိ႔အခ်င္းခ်င္းမွာ ခ်စ္ခင္ ရင္းႏွီးမႈရွိၿပီးျဖစ္၍ အျပန္အလွန္ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိတုိးတက္ေအာင္ လုပ္ေဆာင္သြားႏုိင္မည္ဟု ယုံၾကည္ပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-ထုိင္း တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမွာ အားရေက်နပ္ဘြယ္ျဖစ္ေၾကာင္း၊ မိမိတုိ႔အခ်င္းခ်င္းဆက္ဆံေရးတြင္ ၀ါရင့္သူမ်ားက ၀ါႏုသူမ်ားကုိ လက္တြဲေခၚယူသည့္ အစဥ္အလာရွိေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမွာ ထာ၀ရရွိေနမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္း ထုိင္းႏုိင္ငံအက်ဳိးစီးပြားထိခုိက္မႈမ်ားကုိ လက္မခံပါေၾကာင္း၊ ျမန္မာႏွင့္ထုိင္းႏွစ္ႏုိင္ငံအတြက္ ႀကီးမားသည့္စိန္ေခၚမႈမွာ မူးယစ္ေဆး၀ါးျပႆနာပင္ျဖစ္ၿပီး ဦးစားေပး၍ ပူးေပါင္းလုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္း၊ က်န္ကိစၥရပ္မ်ားမွာ အခက္အခဲမရွိ ဆက္လက္ပူးေပါင္း ေဆာင္ရြက္ သြားႏုိင္မည္ျဖစ္ေၾကာင္း ေဆြးေႏြးေျပာၾကား၍ ျမန္မာႏုိင္ငံအေနာက္ပုိင္းရွိ ရခုိင္ေဒသျဖစ္စဥ္ အေျခအေနမွန္မ်ားကုိ ရွင္းလင္းေျပာၾကားခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထိုင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။

ညပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔သည္ ထိုင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕အား ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

ဦးစြာ တပ္မေတာ္ဂုဏ္ျပဳစစ္တီး၀ုိင္းက ႏွစ္ႏုိင္ငံႏုိင္ငံေတာ္သီခ်င္းမ်ားျဖင့္ ဂုဏ္ျပဳတီးမႈတ္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏႈတ္ခြန္းဆက္စကား ေျပာၾကားၿပီး ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားၾကသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထိုင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ တက္ေရာက္လာ ၾကသူမ်ား ႏွင့္အတူဂုဏ္ျပဳညစာကို အတူတကြသုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ေဖ်ာ္ေျဖေရးအဖြဲ႕မ်ားက ႏွစ္ႏိုင္ငံေတးသီခ်င္းမ်ား၊ အကပေဒသာမ်ားျဖင့္ သီဆိုကျပ ေဖ်ာ္ေျဖၾကၿပီး ညစာသုံးေဆာင္အၿပီးတြင္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။ ထို႔ေနာက္ သီဆိုကျပေဖ်ာ္ေျဖ ၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားအား ဂုဏ္ျပဳပန္းျခင္းမ်ား အသီးသီး ေပးအပ္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။

ထုိ႔အတူညေနပုိင္းကလည္း ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Surapong Suwana-adth ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ေနျပည္ေတာ္ရွိ သူရဲေကာင္းစစ္သည္ဗိမာန္ သုိ႔သြားေရာက္၍ အထိမ္းအမွတ္ေက်ာက္တုိင္ေရွ႕၌ ဂုဏ္ျပဳပန္းေခြခ်ကာ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ရင္း အသက္စြန္႔လႊတ္ခဲ့ရသည့္ သူရဲေကာင္းမ်ားကို အေလးျပဳခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။