တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ ဧၿပီ – ၁၂

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၏ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏုိင္ငံ၊ ကြမ္က်ိဳးၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ သည္ ယေန႔မြန္းလြဲပုိင္းတြင္ ကြမ္က်ိဳးၿမိဳ႕ရွိ Baiyuan ေလဆိပ္မွျပန္လည္ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အား ေတာင္ပုိင္းစစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္၊ ဒုတိယဌာနခ်ဳပ္မွဴး Maj. Gen. Tao Guang၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္းႏွင့္ တ႐ုတ္ ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္မွ တပ္မေတာ္အရာရွိႀကီးမ်ားက ေလဆိပ္တြင္ပုိ႔ေဆာင္ ႏႈတ္ဆက္ ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ ေနျပည္ေတာ္ေလဆိပ္သုိ႔ေရာက္ရွိၾကရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ျမန္မာႏုိင္ငံ ဆုိင္ရာတ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang ႏွင့္ တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ အဖြဲ႕၀င္အျဖစ္လုိက္ပါသြားသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားျပန္လည္ လုိက္ပါလာၾကၿပီး ခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ သမၼတ Mr. Xi Jinping ႏွင့္ေတြ႕ဆုံေဆြးေႏြးျခင္း၊ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွ အႀကီးအကဲမ်ား ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္ ၾကည္းတပ္သံခ်ပ္ကာ ေလ့က်င့္ေရးသင္ တန္းေက်ာင္းသုိ႔ သြားေရာက္ေလ့လာျခင္းႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာျခင္းမ်ား ေဆာင္ရြက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဧပြီ – ၁၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့ရှိ Baiyuan လေဆိပ်မှပြန်လည်ထွက်ခွာကြ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၊ ဒုတိယဌာနချုပ်မှူး Maj. Gen. Tao Guang၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ တပ်မတော်အရာရှိကြီးများက လေဆိပ်တွင်ပို့ဆောင် နှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang နှင့် တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများပြန်လည် လိုက်ပါလာကြပြီး ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အကြီးအကဲများ နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကြည်းတပ်သံချပ်ကာ လေ့ကျင့်ရေးသင် တန်းကျောင်းသို့ သွားရောက်လေ့လာခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများအား လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။