တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကွမ်ကျိုးမြို့သို့ရောက်ရှိ၊ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဌာန ချုပ်မှူး Vice Admiral Yuan Yubai နှင့်တွေ့ဆုံ ဆွေးနွေး

ေနျပည္ေတာ္၊ ဧၿပီ – ၁၂

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၏ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏုိင္ငံ၊ ေကြ႕ယန္းၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္တပ္မေတာ္ အရာရွိ ႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ တင့္ဆန္းႏွင့္ တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ယေန႔ နံနက္ပုိင္းတြင္ ေကြ႕ယန္းေလဆိပ္မွထြက္ခြာၾကရာ ေကြ႕က်ိဳးစစ္ေဒသ အႀကီးအကဲႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာတပ္မေတာ္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္ အဖြဲ႕သည္ ကြမ္က်ိဳးၿမိဳ႕ရွိ Baiyuan ေလဆိပ္သုိ႔ေရာက္ရွိၾကရာ ေတာင္ပုိင္းစစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္၊ ဒုတိယဌာနခ်ဳပ္မွဴး Maj. Gen. Tao Guang ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေတာင္ပုိင္းစစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴး Vice Admiral Yuan Yubai ႏွင့္ေတြ႕ဆုံေဆြးေႏြးသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိတုိး တက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ႏုိင္မည့္အေျခအေနမ်ား၊ နယ္စပ္ေဒသကာကြယ္ေရး အတြက္ပူးေပါင္းေဆာင္ရြက္ႏုိင္မည့္ အေျခ အေနမ်ားႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ယဥ္ေက်းမႈ၊ အားကစားႏွင့္ က်န္းမာေရးက႑မ်ား၊ အျခား ပူးေပါင္း ေဆာင္ရြက္မႈ နယ္ပယ္မ်ားအားတုိးျမႇင့္၍ ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိရရွိေအာင္ေဆာင္ရြက္ေရးကိစၥရပ္မ်ား အား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတာင္ပုိင္းစစ္နယ္၀န္း ကြပ္ကဲမႈဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴး တုိ႔သည္လက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား ေတာင္ပုိင္း စစ္နယ္၀န္း ကြပ္ကဲမႈဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴးက ဂုဏ္ျပဳေန႔လယ္စာျဖင့္တည္ ခင္းဧည့္ခံခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကွမ်ကျိုးမြို့သို့ရောက်ရှိ၊ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဌာန ချုပ်မှူး Vice Admiral Yuan Yubai နှင့်တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ ဧပြီ – ၁၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ ကွေ့ယန်းမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်တပ်မတော် အရာရှိ ကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် တင့်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင် ကွေ့ယန်းလေဆိပ်မှထွက်ခွာကြရာ ကွေ့ကျိုးစစ်ဒေသ အကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာတပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ကွမ်ကျိုးမြို့ရှိ Baiyuan လေဆိပ်သို့ရောက်ရှိကြရာ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၊ ဒုတိယဌာနချုပ်မှူး Maj. Gen. Tao Guang နှင့်တပ်မတော်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Yuan Yubai နှင့်တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုး တက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသကာကွယ်ရေး အတွက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများနှင့် တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု၊ အားကစားနှင့် ကျန်းမာရေးကဏ္ဍများ၊ အခြား ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များအားတိုးမြှင့်၍ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိအောင်ဆောင်ရွက်ရေးကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး တို့သည်လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား တောင်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးက ဂုဏ်ပြုနေ့လယ်စာဖြင့်တည် ခင်းဧည့်ခံခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။