အင်းလေးဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာဂန္ဓကုဋိတိုက်၌ ဖန်စေတီတော် တပ်ဆင်လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ 

ေနျပည္ေတာ္၊ ဧၿပီ – ၁၃ 

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေညာင္ေရႊၿမိဳ႕နယ္၊ အင္းေလးေဖာင္ေတာ္ဦးဗုဒၶ႐ုပ္ပြား ေတာ္မ်ား ကိန္း၀ပ္စံပယ္ရာ ဂႏၶကုဋိတုိက္၌ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစု မ်ားစုေပါင္းလွဴဒါန္းသည့္ ဖန္ေစတီေတာ္တပ္ဆင္လွဴဒါန္း ပူေဇာ္ျခင္းႏွင့္ ေရစက္ခ် အလွဴေတာ္မဂၤလာအခမ္းအနားအား ယေန႔နံနက္ပိုင္းတြင္ ေဖာင္ေတာ္ဦးျမတ္စြာဘုရား ရတနာစံေက်ာင္းေတာ္ႀကီး၌ က်င္းပျပဳလုပ္သည္။ 

အခမ္းအနားသုိ႔ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၊ ဒုတိယဥကၠ႒၊ ေညာင္ေရႊ ၿမိဳ႕နယ္၊ မုိင္းေသာက္ ပထမ စာသင္တုိက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ၊ ဘဒၵႏၲသုမဂၤလာဘိ၀ံသ အမွဴးျပဳေသာ သံဃာေတာ္အရွင္ သူျမတ္မ်ား ၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္ဇနီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္ႏွင့္ဇနီး၊ ဖိတ္ၾကားထားသည့္ဧည့္သည္ ေတာ္မ်ားႏွင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က အင္းေလးေဖာင္ေတာ္ဦး ဗုဒၶ႐ုပ္ပြားေတာ္မ်ားအား ျမသပိတ္ဆြမ္းေတာ္၊ ပန္း၊ ေရခ်မ္းႏွင့္ သစ္သီးမ်ား ကပ္လွဴပူေဇာ္သည္။ ထုိ႔ေနာက္အခမ္းအနား အားက်င္း ပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ မုိင္းေသာက္ဆရာေတာ္ ႀကီးထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္အရွင္သူျမတ္မ်ားရြတ္ပြားခ်ီး ျမႇင့္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားအားနာယူၾကသည္။ 

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဖန္ေစတီေတာ္အား စက္ခလုတ္ ႏွိပ္ဖြင့္လွစ္ၿပီး ဖန္ေစတီေတာ္တပ္ဆင္လွဴဒါန္းရျခင္းႏွင့္ပတ္သက္၍ ေလွ်ာက္ထားရာတြင္ အင္းေလးကန္သည္ ျမန္မာမွာ သာမက ကမၻာမွာပါေက်ာ္ၾကားသည့္ ကန္ႀကီးတစ္ခုျဖစ္ သကဲ့သုိ႔ အင္းေလးေဖာင္ေတာ္ဦးျမတ္စြာ ဘုရားသည္လည္း ဗုဒၶဘာသာ၀င္မ်ားအၾကား ထင္ရွားေက်ာ္ၾကားသည့္ သာသနာ့အေမြအႏွစ္မ်ားျဖစ္ပါေၾကာင္း၊ အင္းေလးေဖာင္ေတာ္ဦး ႐ုပ္ပြားေတာ္မ်ားႏွင့္ ကိန္း၀ပ္စံရာေက်ာင္းေတာ္ႀကီးကုိ ယေန႔ၾကြေရာက္လာသည့္ ဆရာေတာ္ႀကီးမ်ားအပါအ၀င္ အစဥ္အဆက္ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းေစာင့္ေရွာက္ ခဲ့ၾကသည့္အတြက္ ယခုကဲ့သုိ႔ ဖူးေျမာ္ၾကည္ညိဳခြင့္ရေနသည္ကုိ ရဟန္းရွင္လူျပည္သူမ်ား ကုိယ္စား၀မ္းေျမာက္သာဓုေခၚပါေၾကာင္း။ 

၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ စိန္ႏွင့္ျမေက်ာင္း၌ ေဖာင္ေတာ္ဦး ျမတ္စြာဘုရား ေရႊသကၤန္းကပ္လွဴပူေဇာ္ျခင္းႏွင့္ပတ္သက္သည့္ အစည္းအေ၀းျပဳလုပ္ခဲ့ၿပီး အစည္းအေ၀းဆုံးျဖတ္ခ်က္အရ ႐ုပ္ပြားေတာ္ျမတ္မ်ားအား ေဂါပကအဖြဲ႕ထံသုိ႔ေငြသားျဖင့္ လွဴဒါန္းၿပီး ေဂါပကအစီအမံျဖင့္သာ ေရႊသကၤန္းကပ္ လွဴရန္၊ ေဖာင္ေတာ္ဦး႐ုပ္ပြားေတာ္ ျမတ္မ်ားအား မွန္တပ္ဆင္ကာရံရန္ ဆုံးျဖတ္ခဲ့သည္ ကုိသိရွိခဲ့ရသျဖင့္ ႐ုပ္ပြားေတာ္ျမတ္မ်ားအား ဖန္အုပ္ေဆာင္းေစတီးေတာ္လွဴဒါန္းကုသုိလ္ျပဳလုပ္ရန္ အခြင့္အလမ္းေပၚ လာသည့္ အတြက္ ဆရာေတာ္ႀကီးမ်ားထံေလွ်ာက္ထားခြင့္ပန္ခဲ့ရာ ခြင့္ျပဳခ်က္ရရွိေတာ္ မူသျဖင့္ ၀မ္းေျမာက္စြာလွဴဒါန္း ရျခင္းျဖစ္ပါေၾကာင္း၊ မိမိတုိ႔အေနျဖင့္ ယခုကဲ့သုိ႔ ဖန္အုပ္ေဆာင္းေစတီေတာ္မ်ားအား မန္းေရႊစက္ေတာ္ဘုရား ပါဒေစတီေတာ္၊ ေအာက္စက္ေတာ္ရာျမတ္တြင္ တစ္ဆူ၊ စစ္ေတြၿမိဳ႕ စၾကာမုနိဘုရားတြင္ ဖန္အုပ္ေဆာင္းေစတီ ေတာ္ တစ္ဆူတုိ႔အားလွဴဒါန္းခဲ့ၿပီးျဖစ္ပါေၾကာင္း၊ ယခုအင္းေလးေဖာင္ေတာ္ဦး႐ုပ္ပြားေတာ္ မ်ားအား ဖန္အုပ္ ေဆာင္းေစတီေတာ္လွဴဒါန္းျခင္းသည္ တတိယအႀကိမ္ေျမာက္ျဖစ္ပါ ေၾကာင္း။ 

ယခုကဲ့သုိ႔ ဖန္အုပ္ေဆာင္းလွဴဒါန္းပူေဇာ္ထားျခင္းျဖင့္လုံၿခဳံမႈသန္႔ရွင္းမႈေကာင္းမြန္ ၿပီး သဘာ၀ေဘးအႏၲရာယ္ မ်ားမွ ကာကြယ္ႏုိင္သည့္အတြက္ ေရရွည္တည္တံ့ခုိင္ၿမဲေအာင္ ထိန္းသိမ္းထားရွိႏုိင္မည္ျဖစ္ပါေၾကာင္း၊ လွ်ပ္စစ္ေမာ္တာျဖင့္ထိန္းခ်ဳပ္တင္ခ်ႏုိင္သည့္အတြက္ ႏွစ္စဥ္က်င္းပလ်က္ရွိသည့္ ေဖာင္ေတာ္ဦးျမတ္စြာ ဘုရား မ်ား ေဒသစာရီလွည့္လည္ ပူေဇာ္မႈအားလည္းလြယ္လင့္တကူ အစဥ္အလာမပ်က္ေဆာင္ရြက္ႏုိင္ ပါေၾကာင္း၊ ထုိ႔အတူ ဆရာေတာ္ဘုရားမ်ား၏ခြင့္ျပဳၾသ၀ါဒ၊ ေဂါပကအဖြဲ႕၏ႀကီးၾကပ္မႈျဖင့္အခါအားေလ်ာ္စြာ ေရႊသကၤန္းကပ္ လွဴပူေဇာ္ျခင္းအားလည္း လြယ္ကူစြာေဆာင္ရြက္ႏုိင္မည္ျဖစ္ပါေၾကာင္း၊ ေရွးႏွစ္ေပါင္းမ်ားစြာကပင္ ဗုဒၶသာသနာ ေတာ္ထြန္းလင္းေ၀စည္ခဲ့သည့္ အင္းေလးေဒသတြင္ ဗုဒၶသာသနာေတာ္ေရရွည္တည္တံ့ခုိင္ၿမဲေရးအတြက္ ဆရာေတာ္ႀကီးမ်ား၏လမ္းၫႊန္ ၾသ၀ါဒမ်ားကုိခံယူ၍ တုိင္းရင္းသားညီအစ္ကုိေမာင္ႏွမမ်ားလက္တြဲၿပီး ထာ၀စဥ္ႀကိဳးပမ္း ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္းေလွ်ာက္ထားၿပီး ယေန႔ျပဳလုပ္ေသာ ကုသုိလ္ေစတနာ တုိ႔ေၾကာင့္ အင္းေလးေဒသအပါအ၀င္ ရွမ္းျပည္နယ္ႏွင့္တကြ ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ငံေတာ္ႀကီး ၿငိမ္းခ်မ္းသာယာ၀ေျပာပါေစေၾကာင္း၊ အေႏွာက္အယွက္မ်ား ကင္းေ၀းၿပီး ပုိမုိ၍ဖြံ႕ၿဖိဳးတုိးတက္ ေအာင္ျမင္ပါေစေၾကာင္း၊ ဆရာေတာ္ႀကီးမ်ား သက္ရွည္က်န္းမာခ်မ္းသာစြာျဖင့္ သာသနာေတာ္အက်ိဳး သယ္ပုိး ထမ္းေဆာင္ ေတာ္မူႏုိင္ ၾကပါေစေၾကာင္း၊ ဗုဒၶျမတ္စြာ သာသနာေတာ္ႀကီး ႏွစ္ေပါင္းမ်ားစြာအဓြန္႔ရွည္တည္တံ့ ေ၀စည္ျပန္႔ပြားထြန္းလင္းႏုိင္ပါေစေၾကာင္းျဖင့္ ဆုမြန္ေကာင္းေတာင္းပါေၾကာင္း ေလွ်ာက္ ထားသည္။ 

ထုိ႔ေနာက္ မုိင္းေသာက္ပထမစာသင္တုိက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု၊ ဘဒၵႏၲ သုမဂၤလာ ဘိ၀ံသ က ၾသ၀ါဒစကားျမြက္ၾကားသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အခမ္းအနားတက္ေရာက္ လာၾကသူမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴ ဒါန္းၾကသည္။ 

၎ေနာက္ အင္းေလးေဒသ အင္းလ်ားေက်ာင္းဓမၼကထိက ဗဟုဇနဟိတဓရ ဘဒၵႏၲဓမၼ၀ရ ဆရာေတာ္ထံမွ အႏုေမာဒနာတရားနာယူၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ယင္းေနာက္ မုိင္းေသာက္ပထမစာသင္တုိက္ ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု၊ ဘဒၵႏၲ သုမဂၤလာ ဘိ၀ံသ အမွဴးျပဳေသာဆရာေတာ္ သံဃာေတာ္မ်ားက စက္ခလုပ္ႏွိပ္၍ ဖန္ေစတီေတာ္ျမတ္အား ေဖာင္ေတာ္ဦး႐ုပ္ရွင္ ေတာ္ျမတ္ႀကီးဘုရားသုိ႔ပူေဇာ္ၾကသည္။ 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ အလွဴေတာ္မဂၤလာ အခမ္းအနား ေအာင္ျမင္ျခင္းအထိန္းအမွတ္ ရတနာေရႊမုိး ေငြမုိးမ်ား ရြာသြန္းၿဖိဳးၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီး မ်ားသည္ ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းၾကသည္။ 

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားမွလွဴဒါန္းသည့္ အင္းေလးေဖာင္ေတာ္ဦး ဗုဒၶ႐ုပ္ပြားေတာ္မ်ား ကိန္း၀ပ္စံပယ္ရာ ဂႏၶကုဋိတုိက္၌ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားစုေပါင္းလွဴဒါန္းသည့္ ဖန္ေစတီ ေတာ္သည္ အခ်င္း ၄ ေပ ၈ လက္မ၊ အျမင့္ ၃ ေပ၊ ၂ ဒသမ ၅လက္မ၊ အထူ ၁ လက္မရွိေၾကာင္း သတင္းရရွိသည္။ 

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အင္းေလးေဒသရွိ ရပ္မိရပ္ဖ မ်ားႏွင့္ေတြ႕ဆုံ၍ အင္းေလး ကန္ေရရွည္တည္တံ့ၿပီးစိမ္းလန္းစုိေျပေရး၊ အင္းေလးကန္အား ပလပ္စတစ္ကင္းမဲ့ဇုံ အျဖစ္သတ္မွတ္ သင့္ေရး ႏွင့္ ကန္အတြင္းမွ ေဗဒါပင္မ်ား ဆယ္ယူေရးအတြက္စက္ယႏၲရားမ်ားတုိးခ်ဲ႕ႏုိင္ေရး၊ ေဗဒါပင္မ်ားမွ သဘာ၀ ေျမၾသဇာ ထုတ္လုပ္ၿပီး စုိက္ပ်ိဳးေရးလုပ္ငန္းသုံးပုိးသတ္ေဆးႏွင့္ ဓာတ္ေျမၾသဇာေလ်ာ့ခ်ေရး ကိစၥရပ္မ်ားအား ေဆြးေႏြးခဲ့သည္။ 

(Unicode Version)

အင်းလေးဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာဂန္ဓကုဋိတိုက်၌ ဖန်စေတီတော် တပ်ဆင်လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ – ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဗုဒ္ဓရုပ်ပွား တော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု များစုပေါင်းလှူဒါန်းသည့် ဖန်စေတီတော်တပ်ဆင်လှူဒါန်း ပူဇော်ခြင်းနှင့် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ညောင်ရွှေ မြို့နယ်၊ မိုင်းသောက် ပထမ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ၊ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ အမှူးပြုသော သံဃာတော်အရှင် သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်ဇနီး၊ ဖိတ်ကြားထားသည့်ဧည့်သည် တော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များအား မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ကပ်လှူပူဇော်သည်။ ထို့နောက်အခမ်းအနား အားကျင်း ပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မိုင်းသောက်ဆရာတော် ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များရွတ်ပွားချီး မြှင့်တော်မူကြသည့် ပရိတ်တရားတော်များအားနာယူကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖန်စေတီတော်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပြီး ဖန်စေတီတော်တပ်ဆင်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ လျှောက်ထားရာတွင် အင်းလေးကန်သည် မြန်မာမှာ သာမက ကမ္ဘာမှာပါကျော်ကြားသည့် ကန်ကြီးတစ်ခုဖြစ် သကဲ့သို့ အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရားသည်လည်း ဗုဒ္ဓဘာသာဝင်များအကြား ထင်ရှားကျော်ကြားသည့် သာသနာ့အမွေအနှစ်များဖြစ်ပါကြောင်း၊ အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်များနှင့် ကိန်းဝပ်စံရာကျောင်းတော်ကြီးကို ယနေ့ကြွရောက်လာသည့် ဆရာတော်ကြီးများအပါအဝင် အစဉ်အဆက်နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသည့်အတွက် ယခုကဲ့သို့ ဖူးမြော်ကြည်ညိုခွင့်ရနေသည်ကို ရဟန်းရှင်လူပြည်သူများ ကိုယ်စားဝမ်းမြောက်သာဓုခေါ်ပါကြောင်း။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စိန်နှင့်မြကျောင်း၌ ဖောင်တော်ဦး မြတ်စွာဘုရား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့်ပတ်သက်သည့် အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ရုပ်ပွားတော်မြတ်များအား ဂေါပကအဖွဲ့ထံသို့ငွေသားဖြင့် လှူဒါန်းပြီး ဂေါပကအစီအမံဖြင့်သာ ရွှေသင်္ကန်းကပ် လှူရန်၊ ဖောင်တော်ဦးရုပ်ပွားတော် မြတ်များအား မှန်တပ်ဆင်ကာရံရန် ဆုံးဖြတ်ခဲ့သည် ကိုသိရှိခဲ့ရသဖြင့် ရုပ်ပွားတော်မြတ်များအား ဖန်အုပ်ဆောင်းစေတီးတော်လှူဒါန်းကုသိုလ်ပြုလုပ်ရန် အခွင့်အလမ်းပေါ် လာသည့် အတွက် ဆရာတော်ကြီးများထံလျှောက်ထားခွင့်ပန်ခဲ့ရာ ခွင့်ပြုချက်ရရှိတော် မူသဖြင့် ဝမ်းမြောက်စွာလှူဒါန်း ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ ဖန်အုပ်ဆောင်းစေတီတော်များအား မန်းရွှေစက်တော်ဘုရား ပါဒစေတီတော်၊ အောက်စက်တော်ရာမြတ်တွင် တစ်ဆူ၊ စစ်တွေမြို့ စကြာမုနိဘုရားတွင် ဖန်အုပ်ဆောင်းစေတီ တော် တစ်ဆူတို့အားလှူဒါန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအင်းလေးဖောင်တော်ဦးရုပ်ပွားတော် များအား ဖန်အုပ် ဆောင်းစေတီတော်လှူဒါန်းခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပါ ကြောင်း။

ယခုကဲ့သို့ ဖန်အုပ်ဆောင်းလှူဒါန်းပူဇော်ထားခြင်းဖြင့်လုံခြုံမှုသန့်ရှင်းမှုကောင်းမွန် ပြီး သဘာဝဘေးအန္တရာယ် များမှ ကာကွယ်နိုင်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားရှိနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မော်တာဖြင့်ထိန်းချုပ်တင်ချနိုင်သည့်အတွက် နှစ်စဉ်ကျင်းပလျက်ရှိသည့် ဖောင်တော်ဦးမြတ်စွာ ဘုရား များ ဒေသစာရီလှည့်လည် ပူဇော်မှုအားလည်းလွယ်လင့်တကူ အစဉ်အလာမပျက်ဆောင်ရွက်နိုင် ပါကြောင်း၊ ထို့အတူ ဆရာတော်ဘုရားများ၏ခွင့်ပြုသြဝါဒ၊ ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့်အခါအားလျော်စွာ ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်းအားလည်း လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ရှေးနှစ်ပေါင်းများစွာကပင် ဗုဒ္ဓသာသနာ တော်ထွန်းလင်းဝေစည်ခဲ့သည့် အင်းလေးဒေသတွင် ဗုဒ္ဓသာသနာတော်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆရာတော်ကြီးများ၏လမ်းညွှန် သြဝါဒများကိုခံယူ၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများလက်တွဲပြီး ထာဝစဉ်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလျှောက်ထားပြီး ယနေ့ပြုလုပ်သော ကုသိုလ်စေတနာ တို့ကြောင့် အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်နှင့်တကွ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း၊ အနှောက်အယှက်များ ကင်းဝေးပြီး ပိုမို၍ဖွံ့ဖြိုးတိုးတက် အောင်မြင်ပါစေကြောင်း၊ ဆရာတော်ကြီးများ သက်ရှည်ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်အကျိုး သယ်ပိုး ထမ်းဆောင် တော်မူနိုင် ကြပါစေကြောင်း၊ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး နှစ်ပေါင်းများစွာအဓွန့်ရှည်တည်တံ့ ဝေစည်ပြန့်ပွားထွန်းလင်းနိုင်ပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်းပါကြောင်း လျှောက် ထားသည်။

ထို့နောက် မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ သုမင်္ဂလာ ဘိဝံသ က သြဝါဒစကားမြွက်ကြားသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် အခမ်းအနားတက်ရောက် လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။

၎င်းနောက် အင်းလေးဒေသ အင်းလျားကျောင်းဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဓမ္မဝရ ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် မိုင်းသောက်ပထမစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ သုမင်္ဂလာ ဘိဝံသ အမှူးပြုသောဆရာတော် သံဃာတော်များက စက်ခလုပ်နှိပ်၍ ဖန်စေတီတော်မြတ်အား ဖောင်တော်ဦးရုပ်ရှင် တော်မြတ်ကြီးဘုရားသို့ပူဇော်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အလှူတော်မင်္ဂလာ အခမ်းအနား အောင်မြင်ခြင်းအထိန်းအမှတ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီး များသည် ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှလှူဒါန်းသည့် အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများစုပေါင်းလှူဒါန်းသည့် ဖန်စေတီ တော်သည် အချင်း ၄ ပေ ၈ လက်မ၊ အမြင့် ၃ ပေ၊ ၂ ဒသမ ၅လက်မ၊ အထူ ၁ လက်မရှိကြောင်း သတင်းရရှိသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အင်းလေးဒေသရှိ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံ၍ အင်းလေး ကန်ရေရှည်တည်တံ့ပြီးစိမ်းလန်းစိုပြေရေး၊ အင်းလေးကန်အား ပလပ်စတစ်ကင်းမဲ့ဇုံ အဖြစ်သတ်မှတ် သင့်ရေး နှင့် ကန်အတွင်းမှ ဗေဒါပင်များ ဆယ်ယူရေးအတွက်စက်ယန္တရားများတိုးချဲ့နိုင်ရေး၊ ဗေဒါပင်များမှ သဘာ၀ မြေသြဇာ ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာလျော့ချရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။