တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့၊ ဗဟိုရေသဘင် မဏ္ဍပ်သို့သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဧပြီ – ၁၆
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ဖြစ်သော ယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့ ဗဟိုရေသဘင်မဏ္ဍပ်၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်သို့ရောက်ရှိကြပြီး မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ဓနုတိုင်းရင်းသားနှင့် ပအိုဝ်း တိုင်းရင်းသား အကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများအားကြည့်ရှုအားပေးသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တိုင်းစစ်ဌာနချုပ်မှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မိသားစု သင်္ကြန်ယိမ်း အကအဖွဲ့များအားအတာရေများပက်ဖျန်းပေးသည်။
(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့၊ ဗဟိုရေသဘင် မဏ္ဍပ်သို့သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဧပြီ – ၁၆
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန် အတက်နေ့ဖြစ်သော ယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်နှင့် တောင်ကြီးမြို့ ဗဟိုရေသဘင်မဏ္ဍပ်၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်သို့ရောက်ရှိကြပြီး မိသားစု သြင်္ကန်ယိမ်းအကအဖွဲ့များ၊ ဓနုတိုင်းရင်းသားနှင့် ပအိုဝ်း တိုင်းရင်းသား အကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများအားကြည့်ရှုအားပေးသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တိုင်းစစ်ဌာနချုပ်မှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မိသားစု သြင်္ကန်ယိမ်း အကအဖွဲ့များအားအတာရေများပက်ဖျန်းပေးသည်။
ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တောင်ကြီးမြို့၊ ဗဟိုရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် သြင်္ကန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အတာရေများ ပတ်ဖျန်းကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား အတာရေများပတ်ဖျန်းပေခဲ့ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရေသဘင်မဏ္ဍပ်နှင့် တောင်ကြီး မြို့ဗဟိုရေသဘင်မဏ္ဍပ်၌ သီဆိုကပြဖျော်ဖြေခဲ့ကြသော ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။