မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မဟာသင်္ကြန်အတက်နေ့၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ပြောကြားသည့် နှစ်သစ် ဆုမွန်ကောင်းစကား 

နေပြည်တော်၊ ဧပြီ – ၁၆


(Unicode Version)

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မဟာသင်္ကြန်အတက်နေ့၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ပြောကြားသည့် နှစ်သစ် ဆုမွန်ကောင်းစကား

နေပြည်တော်၊ ဧပြီ – ၁၆

မြန်မာသင်္ကြန်ဆိုတာ မြန်မာလူမျိုးများရဲ့နှစ်ပေါင်းများစွာကတည်းက ကျင်းပဆင်နွှဲ လာသည့်ရိုးရာယဉ်ကျေးမှုပွဲဖြစ်ပါတယ်၊ ရေရဲ့သဘောဟာအေးမြခြင်း၊ ကြည်လင်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ငြိမ်းချမ်းခြင်းဖြစ်ပါတယ်၊ နှစ်ဟောင်းတွင်မြန်မာပြည်သူပြည်သား များကြုံတွေ့ခဲ့ရသည့် မကောင်းတဲ့အတိတ်နိမိတ်၊ မကောင်းတဲ့အဖြစ်အပျက်တွေအားလုံး နှစ်ဟောင်းမှာကျန်ခဲ့ပြီး လာမယ့်နှစ်သစ် ၁၃၈၁ ခုနှစ်မှာ ရေရဲ့သဘောသဘာဝဖြစ်တဲ့ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြည်လင်ခြင်း၊ ပျော်ရွှင်ခြင်းတွေ ကြုံတွေ့ပါစေလို့ ဆုတောင်း ပါတယ်၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးဟာလည်း တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံး၊ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ၊ ပျော်ပျော် ရွှင်ရွှင်နဲ့ ငြိမ်းချမ်းမှုတွေနဲ့ရှေ့ဆက်ပြီး လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။