တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ 

ေနျပည္ေတာ္၊ ဧၿပီ – ၂၀

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ ႐ုရွား-ျမန္မာ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ၏ဖိတ္ၾကားခ်က္အရ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စား လွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံဆုိင္ရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ သံ႐ုံးဒုတိယအႀကီးအကဲ Mr. Pavel A. KLABUKOV၊ စစ္သံမွဴး Colonel Eduard N. OKLADNIKOVႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ပုိ႔ေဆာင္ ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္ အဖြဲ႕သည္ ညေနပုိင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ အူလန္ အူဒယ္ၿမိဳ႕သုိ႔ေရာက္ရွိၾကရာ ႐ုရွားဖက္ဒေရး ရွင္းႏုိင္ငံ၊ ULAN-UDE Aviation Plant မန္ေနးဂ်င္းဒါ႐ုိက္တာ Mr. AlEXEY KOZLOV၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စုိးမုိးႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းႏုိင္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား အဖြဲ႕၀င္အျဖစ္လုိက္ပါသြားၾကၿပီး ခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ (၈)ႀကိမ္ေျမာက္ ေမာ္စကုိႏုိင္ငံတကာလုံၿခဳံေရးဆုိင္ရာညီလာခံ (8th Moscow Conference on International Security) သုိ႔တက္ေရာက္ျခင္း၊႐ုရွားဖက္ဒေရးရွင္းႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္မွအႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္အထင္ကရ ေနရာမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

နေပြည်တော်၊ ဧပြီ – ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးဒုတိယအကြီးအကဲ Mr. Pavel A. KLABUKOV၊ စစ်သံမှူး Colonel Eduard N. OKLADNIKOVနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင် နှုတ်ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အူလန် အူဒယ်မြို့သို့ရောက်ရှိကြရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ULAN-UDE Aviation Plant မန်နေးဂျင်းဒါရိုက်တာ Mr. AlEXEY KOZLOV၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြပြီး ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (8th Moscow Conference on International Security) သို့တက်ရောက်ခြင်း၊ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရနှင့် တပ်မတော်မှအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့်အထင်ကရ နေရာများအား လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။