တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်

နေပြည်တော်၊ စက်တင်ဘာ – ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရောက်ရှိနေသည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth နှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်သည်။

အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ (ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့် တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံခြင်း၊ ရန်ကုန်မြို့နှင့် ပဲခူးမြို့ တို့ရှိ တန်ခိုးကြီးဘုရားများ ဖူးမြော်ခြင်း၊ ကမ္ဘောဇသာဒီ နန်းတော်နှင့် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်တို့အား သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။