တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Burya Tiya ပြည်နယ်ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲတက်ရောက်၊ အူလန်အူဒယ်မြို့မှ အီကုခ်မြို့သို့ လျှပ်စစ်မီးရထားဖြင့် လိုက်ပါစီးနင်းလေ့လာ

ေနျပည္ေတာ္၊ ဧၿပီ ၂၁

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ ႐ုရွား-ျမန္မာ စစ္ဘက္နည္းပညာ ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ၏ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ အူလန္အူဒယ္ၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ဧၿပီ ၂၀ ရက္ ညေနပုိင္းတြင္ ULAN-UDE Aviation Plant ၌ရဟတ္ယာဥ္မ်ား ထုတ္လုပ္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ULAN-UDE Aviation Plant သုိ႔ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမတြင္ ULAN-UDE Aviation Plant မန္ေနးဂ်င္းဒါ႐ုိက္တာ Mr. AlEXEY KOZLOV ႏွင့္ တာ၀န္ရွိသူမ်ားက ရဟတ္ယာဥ္မ်ားႏွင့္ တုိက္ခုိက္ေရးေလယာဥ္မ်ား ထုတ္လုပ္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ား ေမးျမန္းေဆြးေႏြးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း ရဟတ္ယာဥ္မ်ား တပ္ဆင္ထုတ္လုပ္ေနမႈ အေျခအေနမ်ားအား လွည့္လည္ၾကည့္႐ႈၿပီး အဆုိပါစက္႐ုံမွထုတ္လုပ္သည့္ Mi 171 ရဟတ္ယာဥ္ျဖင့္ လုိက္ပါစီးနင္း၍ အူလန္အူဒယ္ၿမိဳ႕ ႐ႈခင္းမ်ားအား ၾကည့္႐ႈၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕၀င္မ်ားသည္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကၿပီး ULAN-UDE Aviation Plant အတြင္းရွိ သင္တန္းခန္းမမ်ားအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ Burya Tiya ျပည္နယ္၀န္ႀကီးခ်ဳပ္ Mr. Aleksey Sambuevich Tsidenov မွ တည္ခင္းဧည့္ခံသည့္ အလုပ္သေဘာ ညစာစားပြဲအခမ္းအနားသုိ႔ တက္ေရာက္ၾကသည္။ ညစာစားပြဲအခမ္းအနားတြင္ Burya Tiya ျပည္နယ္အတြင္းရွိ ေဒသခံတုိင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕မ်ားက သီဆုိ၊ တီးမႈတ္၊ ကျပေဖ်ာ္ေျဖၾကၿပီး ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ားအား အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။

Burya Tiya ျပည္နယ္သည္ စက္မႈလက္မႈလုပ္ငန္းမ်ားထြန္းကားၿပီး ေလယာဥ္၊ ရဟတ္ယာဥ္မ်ားအား အစအဆုံးထုတ္လုပ္ႏုိင္သည့္ စက္႐ုံအလုပ္႐ုံမ်ားတည္ရွိသည့္ စက္မႈလုပ္ငန္းထြန္းကားသည့္ ျပည္နယ္တစ္ခု ျဖစ္သည္။ ႐ုရွားႏုိင္ငံတြင္ ဗုဒၶဘာသာကုိးကြယ္မႈ ၅ ရာခုိင္ႏႈန္းခန္႔ရွိၿပီး အဆုိပါျပည္နယ္အတြင္း လူဦးေရ ၉ သိန္း ၈ ေသာင္းေက်ာ္ေနထိုင္ကာ ဗုဒၶဘာသာကုိးကြယ္မႈ ၃၀ ရာခိုင္ႏႈန္းခန္႔ရွိသျဖင့္ ႐ုရွားႏုိင္ငံတြင္ ဗုဒၶဘာသာကုိးကြယ္မႈ အမ်ားဆုံးျပည္နယ္တစ္ခုျဖစ္ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ အူလန္အူဒယ္ဘူတာမွေန၍ အီကုခ္ၿမိဳ႕သုိ႔ အျမန္ရထားျဖင့္ လုိက္ပါစီးနင္းၾကသည္။ ရထားစီးနင္းေနခ်ိန္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ကမၻာ့အနက္ဆုံးႏွင့္ အႀကီးဆုံး ေရခ်ိဳေရကန္ Baikal ၏သဘာ၀ပတ္၀န္းက်င္ႏွင့္ နယ္ေျမေဒသ အေျခအေနမ်ားအား ၾကည့္႐ႈေလ့လာၾကသည္။

အဆုိပါ Baikal ေရကန္သည့္ ႐ုရွားႏုိင္ငံ၊ အေရွ႕ဆုိက္ေဘးရီးယား၏ အေရွ႕ဘက္၊ Burya Tiya ျပည္နယ္ႏွင့္ Irkutsk ေဒသႏွစ္ခုအၾကားတြင္တည္ရွိၿပီး ကမၻာ့အနက္ဆုံးႏွင့္ အႀကီးဆုံး ေရခ်ိဳေရကန္တစ္ခုျဖစ္ကာ အလ်ား ၆၃၆ ကီလုိမီတာ၊ အနံ ၇၉ ဒသမ ၅ ကီလုိမီတာ၊ စုစုေပါင္းအက်ယ္ ၃၁၇၂၂ စတုရန္းကီလုိမီတာ က်ယ္၀န္းၿပီး အနက္ဆုံးေနရာမွာ ၁၆၄၂ မီတာထိရွိသည္။ ေဆာင္းရာသီကာလတြင္ အေပၚယံေရ မ်က္ႏွာျပင္ထု ၃ မီတာခန္႔အထိ ေရခဲမ်ားျဖစ္ေပၚလ်က္ရွိၿပီး ကန္၏ပတ္လည္ရွိ သဘာ၀သစ္ေတာမ်ားအား သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအတြက္ ထိန္းသိမ္းထားရွိေၾကာင္း သိရွိရသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Burya Tiya ပြည်နယ်ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် အလုပ်သဘောညစာစားပွဲတက်ရောက်၊ အူလန်အူဒယ်မြို့မှ အီကုခ်မြို့သို့ လျှပ်စစ်မီးရထားဖြင့် လိုက်ပါစီးနင်းလေ့လာ

နေပြည်တော်၊ ဧပြီ ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အူလန်အူဒယ်မြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၀ ရက် ညနေပိုင်းတွင် ULAN-UDE Aviation Plant ၌ရဟတ်ယာဉ်များ ထုတ်လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ULAN-UDE Aviation Plant သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ULAN-UDE Aviation Plant မန်နေးဂျင်းဒါရိုက်တာ Mr. AlEXEY KOZLOV နှင့် တာဝန်ရှိသူများက ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ရဟတ်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုပြီး အဆိုပါစက်ရုံမှထုတ်လုပ်သည့် Mi 171 ရဟတ်ယာဉ်ဖြင့် လိုက်ပါစီးနင်း၍ အူလန်အူဒယ်မြို့ ရှုခင်းများအား ကြည့်ရှုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး ULAN-UDE Aviation Plant အတွင်းရှိ သင်တန်းခန်းမများအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Burya Tiya ပြည်နယ်ဝန်ကြီးချုပ် Mr. Aleksey Sambuevich Tsidenov မှ တည်ခင်းဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ညစာစားပွဲအခမ်းအနားတွင် Burya Tiya ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြပြီး ညစာသုံးဆောင်အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

Burya Tiya ပြည်နယ်သည် စက်မှုလက်မှုလုပ်ငန်းများထွန်းကားပြီး လေယာဉ်၊ ရဟတ်ယာဉ်များအား အစအဆုံးထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများတည်ရှိသည့် စက်မှုလုပ်ငန်းထွန်းကားသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ ရုရှားနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှု ၅ ရာခိုင်နှုန်းခန့်ရှိပြီး အဆိုပါပြည်နယ်အတွင်း လူဦးရေ ၉ သိန်း ၈ သောင်းကျော်နေထိုင်ကာ ဗုဒ္ဓဘာသာကိုးကွယ်မှု ၃၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် ရုရှားနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှု အများဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အူလန်အူဒယ်ဘူတာမှနေ၍ အီကုခ်မြို့သို့ အမြန်ရထားဖြင့် လိုက်ပါစီးနင်းကြသည်။ ရထားစီးနင်းနေချိန်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကမ္ဘာ့အနက်ဆုံးနှင့် အကြီးဆုံး ရေချိုရေကန် Baikal ၏သဘာဝပတ်ဝန်းကျင်နှင့် နယ်မြေဒေသ အခြေအနေများအား ကြည့်ရှုလေ့လာကြသည်။

အဆိုပါ Baikal ရေကန်သည့် ရုရှားနိုင်ငံ၊ အရှေ့ဆိုက်ဘေးရီးယား၏ အရှေ့ဘက်၊ Burya Tiya ပြည်နယ်နှင့် Irkutsk ဒေသနှစ်ခုအကြားတွင်တည်ရှိပြီး ကမ္ဘာ့အနက်ဆုံးနှင့် အကြီးဆုံး ရေချိုရေကန်တစ်ခုဖြစ်ကာ အလျား ၆၃၆ ကီလိုမီတာ၊ အနံ ၇၉ ဒသမ ၅ ကီလိုမီတာ၊ စုစုပေါင်းအကျယ် ၃၁၇၂၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး အနက်ဆုံးနေရာမှာ ၁၆၄၂ မီတာထိရှိသည်။ ဆောင်းရာသီကာလတွင် အပေါ်ယံရေ မျက်နှာပြင်ထု ၃ မီတာခန့်အထိ ရေခဲများဖြစ်ပေါ်လျက်ရှိပြီး ကန်၏ပတ်လည်ရှိ သဘာဝသစ်တောများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။