တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Zvezda ရုပ်သံဌာနနှင့် Russia Today သတင်းဌာန၏မေးမြန်းမှုများဖြေကြား၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တည်ခင်းဧည့်ခံသည့်ညစာစားပွဲ အခမ်းအနားသို့တက်ရောက် 

ေနျပည္ေတာ္၊ ဧၿပီ – ၂၄ 

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ဧၿပီ ၂၃ ရက္ နံနက္ပုိင္းတြင္ Radisson Collection ဟုိတယ္၌ Zvezda ႐ုပ္သံဌာနမွ သတင္းေထာက္အားလက္ခံေတြ႕ဆုံၿပီး သိရွိလုိသည့္ေမးျမန္းခ်က္မ်ားအေပၚျပန္လည္ ေျဖၾကား သည္။ 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေမာ္စကုိၿမိဳ႕ရွိ Main Direction of National Information Agency Russia သုိ႔ေရာက္ရွိရာ ၫႊန္ၾကားေရးမွဴး Mr. Dmitriy Gornostayev ႏွင့္တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ သတင္းဌာနအတြင္း လုပ္ငန္းမ်ားေဆာင္ရြက္ေနမႈမ်ားအား ၾကည့္႐ႈေလ့လာၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ သည္ Russia Today သတင္းဌာနမွ သတင္းေထာက္မ်ား၏ ေမးျမန္းမႈမ်ားအား ျပန္လည္ရွင္းလင္းေျဖၾကားသည္။ 

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ညပုိင္းတြင္ Radisson Collection ဟုိတယ္၌ (၈)ႀကိမ္ေျမာက္ႏုိင္ငံတကာလုံၿခဳံေရးဆုိင္ရာညီလာခံသုိ႔ ပါ၀င္တက္ေရာက္လာၾကသည့္ ကုိယ္စားလွယ္အဖြဲ႕ မ်ားအား ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး Colonel General Alexander V. Fomin က တည္ခင္းဧည့္ခံသည့္ ညစာစားပြဲအခမ္းအနားသုိ႔တက္ေရာက္ခဲ့သည္။ ညစာသုံးေဆာင္ အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖဲြ႕၀င္မ်ားသည္ ေမာ္စကုိျမစ္တြင္းသြား သေဘၤာျဖင့္ ေမာ္စကုိျမစ္ အတြင္းလုိက္ပါစီးနင္းၾကၿပီး ေမာ္စကုိၿမိဳ႕၏ညအလွ႐ႈခင္းမ်ားအား ၾကည့္႐ႈေလ့လာခဲ့ၾကသည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Zvezda ရုပ်သံဌာနနှင့် Russia Today သတင်းဌာန၏မေးမြန်းမှုများဖြေကြား၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တည်ခင်းဧည့်ခံသည့်ညစာစားပွဲ အခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ ဧပြီ – ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် Radisson Collection ဟိုတယ်၌ Zvezda ရုပ်သံဌာနမှ သတင်းထောက်အားလက်ခံတွေ့ဆုံပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ်ပြန်လည် ဖြေကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မော်စကိုမြို့ရှိ Main Direction of National Information Agency Russia သို့ရောက်ရှိရာ ညွှန်ကြားရေးမှူး Mr. Dmitriy Gornostayev နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သတင်းဌာနအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် Russia Today သတင်းဌာနမှ သတင်းထောက်များ၏ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညပိုင်းတွင် Radisson Collection ဟိုတယ်၌ (၈)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ ပါဝင်တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. Fomin က တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ညစာသုံးဆောင် အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်စကိုမြစ်တွင်းသွား သင်္ဘောဖြင့် မော်စကိုမြစ် အတွင်းလိုက်ပါစီးနင်းကြပြီး မော်စကိုမြို့၏ညအလှရှုခင်းများအား ကြည့်ရှုလေ့လာခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။