တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ဧၿပီ – ၂၄

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ ႐ုရွား-ျမန္မာ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီ၏ဖိတ္ၾကားခ်က္အရ ေမာ္စကုိၿမိဳ႕တြင္ေရာက္ ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပုိင္းတြင္ ေမာ္စကုိၿမိဳ႕၌ က်င္းပျပဳလုပ္သည့္ (၈)ႀကိမ္ေျမာက္ ေမာ္စကုိႏုိင္ငံတကာလုံၿခဳံေရးဆုိင္ရာညီလာခံ (8th Moscow Conference on International Security) ဖြင့္ပြဲအခမ္းအနားသုိ႔တက္ေရာက္သည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းႏုိင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စုိးမုိးတုိ႔တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ ႐ုရွားအစုိးရအဖြဲ႕မွတာ၀န္ရွိသူ မ်ား၊ ကုလသမဂၢမွအဖြဲ႕အစည္းမ်ားမွကုိယ္စားလွယ္မ်ား၊ ႏုိင္ငံေပါင္း ၃၅ ႏုိင္ငံမွ တပ္မေတာ္အႀကီးအကဲမ်ား၊ ကာကြယ္ေရး၀န္ႀကီးမ်ားႏွင့္ ႏုိင္ငံေပါင္း ၁၀၀ ေက်ာ္မွ ကုိယ္စားလွယ္အဖြဲ႕မ်ားတက္ေရာက္ၾကသည္။

ဖြင့္ပြဲအခမ္းအနားတြင္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံကာကြယ္ေရး၀န္ႀကီး၊ ႏုိင္ငံျခားေရး ၀န္ႀကီးႏွင့္ Department of Peacekeeping Operations Office of Military Affairs မွ Military Adviser ျဖစ္သူ l Lieutenent General Carlos Loitey တုိ႔က အဖြင့္အမွာ စကားမ်ားအသီးသီးေျပာၾကားၾကသည္။ ယင္းေနာက္ ပထမပုိင္းမ်က္ႏွာစုံညီ အစည္းအေ၀း အား “မ်က္ေမွာက္ကာလကမၻာ့လုံၿခဳံေရး- ေဒသတြင္းႏွင့္ တစ္ကမၻာလုံးဆုိင္ရာအေျခခံ အေၾကာင္းအရင္းမ်ားႏွင့္ ေျပာင္းလဲျဖစ္ေပၚလာႏုိင္ေသာအလားအလာမ်ားေခါင္းစဥ္ ျဖင့္ျပဳလုပ္ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က “အင္ဒုိ-ပစိဖိတ္ေဒသတြင္းစစ္ဘက္ပူးေပါင္း ေဆာင္ရြက္မႈမ်ားႏွင့္ ေဒသတြင္းလုံၿခဳံေရး ဆုိင္ရာအလားအလာမ်ား” ေခါင္းစဥ္ျဖင့္ပါ၀င္ေဆြးေႏြးသည္။

ထုိသုိ႔ေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပထ၀ီႏုိင္ငံေရးအရ အင္ဒုိ- ပစိဖိတ္ေဒသသည္ ကမၻာလုံးဆုိင္ရာဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္ အခြင့္အလမ္းမ်ား အတြက္ အဓိကအခ်က္အခ်ာေနရာျဖစ္ေသာ္လည္း တစ္ဖက္တြင္လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္း ေရးတုိ႔၌ စုိးရိမ္ပူပန္မႈမ်ားရွိေနဆဲျဖစ္ေၾကာင္း၊ ၂၁ ရာစုတြင္ အင္ဒုိ-ပစိဖိတ္ေဒသအား တစ္ကမၻာလုံးမွ အာ႐ုံစုိက္မႈပုိမုိမ်ားျပားလာခဲ့ေၾကာင္း၊ အင္ဒုိ-ပစိဖိတ္ေဒသသည္ ကမၻာ့စစ္အင္အားႀကီးႏုိင္ငံမ်ား၊ စီးပြားေရးအင္အားႀကီးႏုိင္ငံမ်ား၊ ဒီမုိကေရစီထြန္းကားသည့္ ႏုိင္ငံမ်ားႏွင့္ တ႐ုတ္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္ႏွင့္ အင္ဒုိနီးရွားကဲ့သုိ႔ေသာ လူဦးေရမ်ားျပားသည့္ ႏုိင္ငံမ်ားတည္ရွိ ေနျခင္းေၾကာင့္ ယေန႔ႏုိင္ငံတကာေရးရာမ်ားတြင္ အာ႐ုံစုိက္ခံရဆုံးႏွင့္ အေရးပါဆုံးေသာေဒသအျဖစ္သုိ႔ ေရာက္ရွိေနေၾကာင္း၊ အင္ဒုိ- ပစိဖိတ္ေဒသအတြင္း၌ ႏုိင္ငံအခ်ိဳ႕၏စစ္ေရးအရ လႊမ္းမုိးႏုိင္ရန္ႀကိဳးစားလာမႈမ်ား သည္ ေဒသတြင္းႏုိင္ငံမ်ားအတြက္ စုိးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚလာေစေၾကာင္း၊ ကမၻာ့အေရးပါဆုံး စြမ္းအင္ျဖစ္ သည့္ ေရနံႏွင့္သဘာ၀ဓာတ္ေငြ႕ သယ္ယူပုိ႔ေဆာင္ေပးႏုိင္ျခင္းသည္ ႏုိင္ငံအားလုံးအတြက္ အေရးႀကီးဆုံး လုပ္ငန္း တစ္ခုျဖစ္ၿပီး ေရနံႏွင့္သဘာ၀ဓာတ္ေငြ႕တင္ပုိ႔ ရာအဓိကလမ္းေၾကာင္းသည္ အိႏၵိယသမုဒၵရာကုိျဖတ္ ေက်ာ္ရသည့္အတြက္ စီးပြားေရးအရအေရးပါေသာ ေဒသတစ္ခုျဖစ္လာသည္ကုိေတြ႕ရွိရေၾကာင္း၊ အင္ဒုိ-ပစိဖိတ္မဟာဗ်ဴဟာ ဆုိသည္မွာ အေရွ႕အာရွႏွင့္ အေရွ႕ေတာင္အာရွကမ္း႐ုိးတန္းမ်ား၏ ကမ္းလြန္ပင္လယ္ျပင္ မ်ားအပါအ၀င္ သမုဒၵရာႀကီး ၂ ခုအား ပထ၀ီႏုိင္ငံေရးေဒသႀကီးတစ္ခုအျဖစ္ ဆက္စပ္ ေပါင္းစည္းစဥ္းစားေသာ အယူအဆပင္ျဖစ္ေၾကာင္း၊ အင္ဒုိ-ပစိဖိတ္ေဒသတြင္ ျမန္မာအပါအ၀င္ အာဆီယံႏုိင္ငံမ်ားသည္ ပထ၀ီအေန အထားအရအေရးပါၿပီး အဓိကက်ေသာ ေဒသျဖစ္ေနသည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိအထဲတြင္ ျမန္မာႏုိင္ငံသည္ အာဆီယံႏွင့္ အေရွ႕ေတာင္အာရွေဒသအၾကား ေပါင္းကူးေပးႏုိင္ေသာေနရာတြင္တည္ရွိၿပီး မဟာဗ်ဴဟာ အရ အခ်က္အျခာက်ေသာ ႏုိင္ငံတစ္ႏုိင္ငံလည္းျဖစ္ေၾကာင္း၊ ေဒသတြင္းျပဳလုပ္လ်က္ ရွိသည့္ စစ္ေရးေလ့က်င့္ခန္း မ်ားအနက္ ႏုိင္ငံစုံပါ၀င္သည့္ စစ္ေရးေလ့က်င့္ခန္းမ်ားသည္ ပစိဖိတ္သမုဒၵရာႏွင့္ အိႏၵိယသမုဒၵရာအၾကား တည္ရွိသည့္ အာဆီယံႏုိင္ငံမ်ားႏွင့္ ျပဳလုပ္ေသာ ေလ့က်င့္ခန္းမ်ားျဖစ္သည့္အတြက္ အင္ဒုိ-ပစိဖိတ္ေဒသ အတြင္း တည္ၿငိမ္ေအးခ်မ္း ေရးကုိ ေဖာ္ေဆာင္ရာတြင္ ဗဟိုမ႑ဳိင္အခင္းအက်င္းျဖင့္ ပူးေပါင္းေဆာင္ရြက္လ်က္ ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ အင္ဒုိ- ပစိဖိတ္ေဒသတြင္ျဖစ္ေပၚေနေသာ ပင္လယ္ဓားျပ တုိက္ခုိက္မႈမ်ားအား ႏုိင္ငံေပါင္းစုံ ပူးေပါင္းေဆာင္ရြက္ျဖင့္ အတုိင္းအတာတစ္ခုအထိ ေအာင္ျမင္စြာႏွိမ္နင္းႏုိင္ခဲ့ေသာ္လည္း ပင္လယ္ေရေၾကာင္းဆုိင္ရာၿခိမ္းေျခာက္မႈတစ္ရပ္အျဖစ္ ဆက္လက္တည္ရွိေနဆဲပင္ျဖစ္ေၾကာင္း၊ အင္ဒုိ-ပစိဖိတ္ေဒသတြင္ လူေမွာင္ခုိကူး ျခင္းႏွင့္ မူးယစ္ေဆး၀ါးတရားမ၀င္ေဖာက္ကား ေရာင္း၀ယ္ျခင္းတုိ႔ကုိလည္း အျခားေသာ ႏုိင္ငံျဖတ္ေက်ာ္ ရာဇ၀တ္မႈမ်ားအျဖစ္ေတြ႕ရွိရေၾကာင္း၊ နယ္စပ္ျဖတ္ေက်ာ္ရာဇ၀တ္မႈမ်ား၊ ပင္လယ္ဓားျပမႈမ်ားႏွင့္ အၾကမ္းဖက္မႈမ်ားအၾကား ႀကီးမားသည့္ဆက္ႏြယ္မႈမ်ားသည္ အင္ဒုိ – ပစိဖိတ္ေဒသ တြင္ ႐ႈပ္ေထြးေသာသမား႐ုိးက်မဟုတ္သည့္ ၿခိမ္းေျခာက္မႈမ်ားကုိ ျဖစ္ေပၚေစေၾကာင္း၊ အင္ဒုိ-ပစိဖိတ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ေကာင္းမြန္ေသာစစ္ဘက္ဆုိ္င္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ားျပဳလုပ္ရာတြင္ ေဒသ အတြင္းရွိႏုိင္ငံတစ္ႏုိင္ငံ ခ်င္းစီ၏အခ်ဳပ္အျခာ၊ နယ္ေျမပုိင္ဆုိင္မႈႏွင့္ ႏုိင္ငံမ်ားအားလုံး၏ တန္းတူညီမွ်မႈတုိ႔ ကုိသာ အေျခခံၿပီး ႏုိင္ငံ၏အရြယ္အစားႏွင့္ လူဦးေရကုိထည့္သြင္းစဥ္းစားျခင္းမျပဳသည့္ စည္းမ်ဥ္း ကုိအေျခခံ ေသာ လုပ္ေဆာင္ခ်က္မ်ားကုိတစ္ႏုိင္ငံျခင္းအလုိက္ေသာ္လည္းေကာင္း၊ ကမၻာ့ ႏုိင္ငံအားလုံးမ်ားအားလုံး အတြက္ေသာ္လည္းေကာင္းက်င့္သုံးရန္လုိအပ္မည္ျဖစ္ေၾကာင္း၊ အဆုိပါစည္းမ်ဥ္းမ်ားႏွင့္ စံႏႈန္းမ်ားကုိ ေရးဆြဲရာတြင္ဘုံသေဘာတူညီခ်က္အရသာေရးဆြဲ ရန္၊ အမ်ားႏွင့္သက္ဆုိင္ေသာေရျပင္ကုိ အသုံးျပဳရာတြင္ ႏုိင္ငံတကာစည္းမ်ဥ္းမ်ားအရ ႏုိင္ငံတစ္ႏုိင္ငံခ်င္းစီအေနျဖင့္ တူညီေသာအခြင့္အေရးကုိရရွိရန္ႏွင့္ တစ္ႏုိင္ငံ တည္းက လက္၀ါးႀကီးအုပ္မထားေသာ စည္းမ်ဥ္းကုိအေျခခံသည့္ ပြင့္လင္းၿပီး သာတူညီမွ်မႈႏွင့္ တည္ၿငိမ္မႈ ရွိေသာ ကုန္သြယ္ေရးပတ္၀န္းက်င္ကုိ တည္ေထာင္ရန္ဟူေသာ ရည္ရြယ္ခ်က္မ်ားႏွင့္ ကုိက္ညီေအာင္ေရး ဆြဲရန္လုိအပ္ေၾကာင္း၊ ႏိုင္ငံမ်ားအၾကားနားလည္မႈႏွင့္ ယုံၾကည္မႈမ်ားတုိးျမႇင့္တည္ေဆာက္ၿပီး မဟာဗ်ဴဟာ ၿပိဳင္ဆုိင္မႈမ်ားအား ေလွ်ာ့ခ်ၾကရန္ ႏွင့္ အင္ဒုိ-ပစိဖိတ္မဟာဗ်ဴဟာေၾကာင့္ ျဖစ္ေပၚလာသည့္ စိန္ေခၚမႈမ်ားႏွင့္ အလား အလာမ်ားအတြက္ အေရးႀကီးေသာအေျခခံအခ်က္အလက္မ်ားျဖစ္ေၾကာင္းျဖင့္ ေဆြး ေႏြးေျပာၾကား သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ေတြ႕ဆုံ၍ (၈)ႀကိမ္ေျမာက္ ေမာ္စကုိႏုိင္ငံတကာလုံၿခဳံေရးဆုိင္ရာညီလာခံ က်င္းပျပဳလုပ္မႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္ အၾကားခ်စ္ၾကည္ရင္းႏွီးမႈ တုိးတက္ခုိင္မာေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာ ကိစၥရပ္မ်ား အား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ာကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္း ႏုိင္ငံကာကြယ္ေရး၀န္ႀကီး တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္သည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္သည္ မီဒီယာသမားမ်ားႏွင့္ေတြ႕ဆုံၿပီး (၈)ႀကိမ္ေျမာက္ ေမာ္စကုိႏုိင္ငံတကာ လုံၿခဳံေရးဆုိင္ရာ ညီလာခံတက္ေရာက္ခဲ့မႈ အေျခအေနမ်ားအားရွင္းလင္းေျပာၾကားသည္။

ထုိ႔အတူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူအဖြဲ႕၀င္အျဖစ္လုိက္ပါ သြားသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းႏုိင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားသည္ ဧၿပီ ၂၃ ရက္နံနက္ပုိင္းတြင္ ေမာ္စကုိေဒသရွိ ကူဘင္ကာ မ်ိဳးခ်စ္ပန္းၿခံသုိ႔ သြားေရာက္၍ ဆီးရီးယားႏုိင္ငံအတြင္း အၾကမ္းဖက္ သမားမ်ားအား ႏွိမ္နင္းရာတြင္ ႐ုရွားတပ္မေတာ္မွအသုံးျပဳခဲ့ေသာ ယာဥ္ယႏၲရားမ်ားႏွင့္ လက္နက္ ပစၥည္းမ်ား ျပခန္း၊ အၾကမ္းဖက္သမားမ်ားထံမွ သိမ္းဆည္းရမိခဲ့သည့္ ယာဥ္ယႏၲရားမ်ားႏွင့္ လက္နက္ပစၥည္းမ်ားျပခန္း၊ ဒုတိယကမၻာစစ္အတြင္းအသုံးျပဳခဲ့ေသာ ႐ုရွားႏုိင္ငံမွ ထုတ္လုပ္သည့္ တင့္ယာဥ္မ်ားႏွင့္ ဂ်ာမန္ႏုိင္ငံမွအသုံးျပဳခဲ့ သည့္ တင့္ယာဥ္ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ ျပတုိက္တာ၀န္ခံမ်ားက လုိက္လံရွင္း လင္းျပသၾကသည္။

(၈)ႀကိမ္ေျမာက္ ေမာ္စကုိႏုိင္ငံတကာလုံၿခဳံေရးဆုိင္ရာညီလာခံ (8th Moscow Conference on International Security) သုိ႔ ႐ုရွားႏုိင္ငံမွ Doctor of Science ဘြဲ႕ရရွိထား ေသာ ဒုတိယဗုိလ္မွဴးႀကီး တင္ဘုန္းေက်ာ္အား Making Decisions in Air Traffic Control စာအုပ္ေရးသားျပဳစုထုတ္ေ၀ခဲ့သည့္အတြက္ ေလေၾကာင္း လုံၿခဳံေရးဆုိင္ရာ ကြၽမ္းက်င္ပညာရွင္အျဖစ္ ဖိတ္ၾကားခဲ့ၿပီး ႏုိင္ငံေတာ္ကာကြယ္ေရးတကၠသုိလ္မွ ဗုိလ္မွဴးႀကီး မ်ိဳးေက်ာ္သူအား “Color” Revolutions and “Hybrid” Warfare .. General and Spacifice Features ေခါင္းစဥ္ေအာက္တြင္ပါ၀င္ေဆြးေႏြးရန္ ဖိတ္ၾကားခံခဲ့ရၿပီး ယခုအခါအဆုိပါအရာရွိႀကီးႏွစ္ဦးမွာ (၈)ႀကိမ္ေျမာက္ ေမာ္စကုိႏုိင္ငံတကာလုံၿခဳံေရး ဆုိင္ရာညီလာခံသုိ႔ တက္ေရာက္လ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ – ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ဖိတ်ကြားချက်အရ မော်စကိုမြို့တွင်ရောက် ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (8th Moscow Conference on International Security) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူ များ၊ ကုလသမဂ္ဂမှအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံပေါင်း ၃၅ နိုင်ငံမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးများနှင့် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များတက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် Department of Peacekeeping Operations Office of Military Affairs မှ Military Adviser ဖြစ်သူ l Lieutenent General Carlos Loitey တို့က အဖွင့်အမှာ စကားများအသီးသီးပြောကြားကြသည်။ ယင်းနောက် ပထမပိုင်းမျက်နှာစုံညီ အစည်းအဝေး အား “မျက်မှောက်ကာလကမ္ဘာ့လုံခြုံရေး- ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာအခြေခံ အကြောင်းအရင်းများနှင့် ပြောင်းလဲဖြစ်ပေါ်လာနိုင်သောအလားအလာများခေါင်းစဉ် ဖြင့်ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အင်ဒို-ပစိဖိတ်ဒေသတွင်းစစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဒေသတွင်းလုံခြုံရေး ဆိုင်ရာအလားအလာများ” ခေါင်းစဉ်ဖြင့်ပါဝင်ဆွေးနွေးသည်။

ထိုသို့ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထဝီနိုင်ငံရေးအရ အင်ဒို- ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်လာမှုနှင့် အခွင့်အလမ်းများ အတွက် အဓိကအချက်အချာနေရာဖြစ်သော်လည်း တစ်ဖက်တွင်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးတို့၌ စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်ကြောင်း၊ ၂၁ ရာစုတွင် အင်ဒို-ပစိဖိတ်ဒေသအား တစ်ကမ္ဘာလုံးမှ အာရုံစိုက်မှုပိုမိုများပြားလာခဲ့ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများ၊ စီးပွားရေးအင်အားကြီးနိုင်ငံများ၊ ဒီမိုကရေစီထွန်းကားသည့် နိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားကဲ့သို့သော လူဦးရေများပြားသည့် နိုင်ငံများတည်ရှိ နေခြင်းကြောင့် ယနေ့နိုင်ငံတကာရေးရာများတွင် အာရုံစိုက်ခံရဆုံးနှင့် အရေးပါဆုံးသောဒေသအဖြစ်သို့ ရောက်ရှိနေကြောင်း၊ အင်ဒို- ပစိဖိတ်ဒေသအတွင်း၌ နိုင်ငံအချို့၏စစ်ရေးအရ လွှမ်းမိုးနိုင်ရန်ကြိုးစားလာမှုများ သည် ဒေသတွင်းနိုင်ငံများအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေကြောင်း၊ ကမ္ဘာ့အရေးပါဆုံး စွမ်းအင်ဖြစ် သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ပေးနိုင်ခြင်းသည် နိုင်ငံအားလုံးအတွက် အရေးကြီးဆုံး လုပ်ငန်း တစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့ ရာအဓိကလမ်းကြောင်းသည် အိန္ဒိယသမုဒ္ဒရာကိုဖြတ် ကျော်ရသည့်အတွက် စီးပွားရေးအရအရေးပါသော ဒေသတစ်ခုဖြစ်လာသည်ကိုတွေ့ရှိရကြောင်း၊ အင်ဒို-ပစိဖိတ်မဟာဗျူဟာ ဆိုသည်မှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှကမ်းရိုးတန်းများ၏ ကမ်းလွန်ပင်လယ်ပြင် များအပါအဝင် သမုဒ္ဒရာကြီး ၂ ခုအား ပထဝီနိုင်ငံရေးဒေသကြီးတစ်ခုအဖြစ် ဆက်စပ် ပေါင်းစည်းစဉ်းစားသော အယူအဆပင်ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသတွင် မြန်မာအပါအဝင် အာဆီယံနိုင်ငံများသည် ပထဝီအနေ အထားအရအရေးပါပြီး အဓိကကျသော ဒေသဖြစ်နေသည်ကိုတွေ့ရှိရကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံသည် အာဆီယံနှင့် အရှေ့တောင်အာရှဒေသအကြား ပေါင်းကူးပေးနိုင်သောနေရာတွင်တည်ရှိပြီး မဟာဗျူဟာ အရ အချက်အခြာကျသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ ဒေသတွင်းပြုလုပ်လျက် ရှိသည့် စစ်ရေးလေ့ကျင့်ခန်း များအနက် နိုင်ငံစုံပါဝင်သည့် စစ်ရေးလေ့ကျင့်ခန်းများသည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာအကြား တည်ရှိသည့် အာဆီယံနိုင်ငံများနှင့် ပြုလုပ်သော လေ့ကျင့်ခန်းများဖြစ်သည့်အတွက် အင်ဒို-ပစိဖိတ်ဒေသ အတွင်း တည်ငြိမ်အေးချမ်း ရေးကို ဖော်ဆောင်ရာတွင် ဗဟိုမဏ္ဍိုင်အခင်းအကျင်းဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ကိုတွေ့ရှိရကြောင်း၊ အင်ဒို- ပစိဖိတ်ဒေသတွင်ဖြစ်ပေါ်နေသော ပင်လယ်ဓားပြ တိုက်ခိုက်မှုများအား နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့သော်လည်း ပင်လယ်ရေကြောင်းဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသတွင် လူမှောင်ခိုကူး ခြင်းနှင့် မူးယစ်ဆေးဝါးတရားမဝင်ဖောက်ကား ရောင်းဝယ်ခြင်းတို့ကိုလည်း အခြားသော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအဖြစ်တွေ့ရှိရကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ ပင်လယ်ဓားပြမှုများနှင့် အကြမ်းဖက်မှုများအကြား ကြီးမားသည့်ဆက်နွယ်မှုများသည် အင်ဒို – ပစိဖိတ်ဒေသ တွင် ရှုပ်ထွေးသောသမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကောင်းမွန်သောစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရာတွင် ဒေသ အတွင်းရှိနိုင်ငံတစ်နိုင်ငံ ချင်းစီ၏အချုပ်အခြာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံများအားလုံး၏ တန်းတူညီမျှမှုတို့ ကိုသာ အခြေခံပြီး နိုင်ငံ၏အရွယ်အစားနှင့် လူဦးရေကိုထည့်သွင်းစဉ်းစားခြင်းမပြုသည့် စည်းမျဉ်း ကိုအခြေခံ သော လုပ်ဆောင်ချက်များကိုတစ်နိုင်ငံခြင်းအလိုက်သော်လည်းကောင်း၊ ကမ္ဘာ့ နိုင်ငံအားလုံးများအားလုံး အတွက်သော်လည်းကောင်းကျင့်သုံးရန်လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါစည်းမျဉ်းများနှင့် စံနှုန်းများကို ရေးဆွဲရာတွင်ဘုံသဘောတူညီချက်အရသာရေးဆွဲ ရန်၊ အများနှင့်သက်ဆိုင်သောရေပြင်ကို အသုံးပြုရာတွင် နိုင်ငံတကာစည်းမျဉ်းများအရ နိုင်ငံတစ်နိုင်ငံချင်းစီအနေဖြင့် တူညီသောအခွင့်အရေးကိုရရှိရန်နှင့် တစ်နိုင်ငံ တည်းက လက်ဝါးကြီးအုပ်မထားသော စည်းမျဉ်းကိုအခြေခံသည့် ပွင့်လင်းပြီး သာတူညီမျှမှုနှင့် တည်ငြိမ်မှု ရှိသော ကုန်သွယ်ရေးပတ်ဝန်းကျင်ကို တည်ထောင်ရန်ဟူသော ရည်ရွယ်ချက်များနှင့် ကိုက်ညီအောင်ရေး ဆွဲရန်လိုအပ်ကြောင်း၊ နိုင်ငံများအကြားနားလည်မှုနှင့် ယုံကြည်မှုများတိုးမြှင့်တည်ဆောက်ပြီး မဟာဗျူဟာ ပြိုင်ဆိုင်မှုများအား လျှော့ချကြရန် နှင့် အင်ဒို-ပစိဖိတ်မဟာဗျူဟာကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများနှင့် အလား အလာများအတွက် အရေးကြီးသောအခြေခံအချက်အလက်များဖြစ်ကြောင်းဖြင့် ဆွေး နွေးပြောကြား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့်တွေ့ဆုံ၍ (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ ကျင်းပပြုလုပ်မှုအခြေအနေများ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ာကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံကာကွယ်ရေးဝန်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်သည်။ ယင်းနောက်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်သည် မီဒီယာသမားများနှင့်တွေ့ဆုံပြီး (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံတက်ရောက်ခဲ့မှု အခြေအနေများအားရှင်းလင်းပြောကြားသည်။

ထို့အတူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူအဖွဲ့ဝင်အဖြစ်လိုက်ပါ သွားသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တပ်မတော်အရာရှိကြီးများသည် ဧပြီ ၂၃ ရက်နံနက်ပိုင်းတွင် မော်စကိုဒေသရှိ ကူဘင်ကာ မျိုးချစ်ပန်းခြံသို့ သွားရောက်၍ ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက် သမားများအား နှိမ်နင်းရာတွင် ရုရှားတပ်မတော်မှအသုံးပြုခဲ့သော ယာဉ်ယန္တရားများနှင့် လက်နက် ပစ္စည်းများ ပြခန်း၊ အကြမ်းဖက်သမားများထံမှ သိမ်းဆည်းရမိခဲ့သည့် ယာဉ်ယန္တရားများနှင့် လက်နက်ပစ္စည်းများပြခန်း၊ ဒုတိယကမ္ဘာစစ်အတွင်းအသုံးပြုခဲ့သော ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် တင့်ယာဉ်များနှင့် ဂျာမန်နိုင်ငံမှအသုံးပြုခဲ့ သည့် တင့်ယာဉ်ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ ပြတိုက်တာဝန်ခံများက လိုက်လံရှင်း လင်းပြသကြသည်။

(၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (8th Moscow Conference on International Security) သို့ ရုရှားနိုင်ငံမှ Doctor of Science ဘွဲ့ရရှိထား သော ဒုတိယဗိုလ်မှူးကြီး တင်ဘုန်းကျော်အား Making Decisions in Air Traffic Control စာအုပ်ရေးသားပြုစုထုတ်ဝေခဲ့သည့်အတွက် လေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖြစ် ဖိတ်ကြားခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီး မျိုးကျော်သူအား “Color” Revolutions and “Hybrid” Warfare .. General and Spacifice Features ခေါင်းစဉ်အောက်တွင်ပါဝင်ဆွေးနွေးရန် ဖိတ်ကြားခံခဲ့ရပြီး ယခုအခါအဆိုပါအရာရှိကြီးနှစ်ဦးမှာ (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံသို့ တက်ရောက်လျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။