တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ MIG – 29 Service Support Center သို့သွားရောက်ကြည့်ရှုလေ့လာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်

ေနျပည္ေတာ္၊ ဧၿပီ – ၂၅

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းႏိုင္ ႏွင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ႐ုရွားႏုိင္ငံဆုိင္ရာျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စုိးမုိး တုိ႔လုိက္ပါၿပီး ဧၿပီ ၂၄ ရက္မြန္းလြဲပုိင္းတြင္ ေမာ္စကုိၿမိဳ႕ရွိ MIG – 29 Service Support Center သုိ႕ေရာက္ရွိၾကရာ ၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား MIG – 29 Service Support Center အစည္းအေ၀းခန္းမတြင္ ၫႊန္ၾကားေရးမွဴးခ်ဳပ္က လုပ္ငန္း ေဆာင္ရြက္မႈအေျခအေနမ်ားအား ရွင္းလင္းေျပာၾကားရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကေမးျမန္းေဆြးေႏြးၿပီး စက္႐ုံအတြင္းလွည့္ လည္ၾကည့္႐ႈေလ့လာသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu မွ(၈)ႀကိမ္ ေျမာက္ ေမာ္စကုိႏုိင္ငံတကာလုံၿခဳံေရး ဆုိင္ရာညီလာခံ (8th Moscow Conference on International Security) တက္ေရာက္လာၾကသည့္ ႏုိင္ငံမ်ားမွကုိယ္စားလွယ္မ်ားအား တည္ခင္းဧည့္ခံသည့္ ဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ MIG – 29 Service Support Center သို့သွားရောက်ကြည့်ရှုလေ့လာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဧပြီ – ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့်တပ်မတော် အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့လိုက်ပါပြီး ဧပြီ ၂၄ ရက်မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ MIG – 29 Service Support Center သို့ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား MIG – 29 Service Support Center အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကမေးမြန်းဆွေးနွေးပြီး စက်ရုံအတွင်းလှည့် လည်ကြည့်ရှုလေ့လာသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu မှ(၈)ကြိမ် မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ (8th Moscow Conference on International Security) တက်ရောက်လာကြသည့် နိုင်ငံများမှကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။