တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် OJSC Muromteplovoz စက်ရုံသို့ သွားရောက်လေ့လာ၊ မော်စကိုမြို့မှ စိန့်ပီတာစဘက်မြို့သို့ အထူးအမြန်ရထားဖြင့် လိုက်ပါစီးနင်းလေ့လာ

ေနျပည္ေတာ္၊ ဧၿပီ ၂၆

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ ႐ုရွား-ျမန္မာစစ္ဘက္နည္းပညာပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ၏ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ေမာ္စကုိၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ဧၿပီ ၂၅ ရက္ နံနက္ပုိင္းတြင္ မူရြန္ၿမိဳ႕ရွိ OJSC Muromteplovoz စက္႐ုံသုိ႔ သြားေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေမာ္စကုိၿမိဳ႕ရွိ Heliport Moscow မွ ရဟတ္ယာဥ္ျဖင့္ထြက္ခြာခဲ့ၿပီး မူရြန္ (Murom) ၿမိဳ႕သုိ႔ ေရာက္ရွိၾကရာ OJSC Muromteplovoz စက္႐ုံၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ား ကႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ OJSC Muromteplovoz စက္႐ုံမွ ထုတ္လုပ္ထားသည့္ သံခ်ပ္ကာယာဥ္မ်ား၏ စြမ္းရည္သ႐ုပ္ျပ ပစ္ခတ္မႈမ်ားအားၾကည့္႐ႈၾကသည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ OJSC Muromteplovoz စက္႐ုံအတြင္း သံခ်ပ္ကာယာဥ္မ်ား ထုတ္လုပ္ေနမႈအေျခအေနမ်ားႏွင့္ သံခ်ပ္ကာမီးသတ္ယာဥ္မ်ားထုတ္လုပ္ေနမႈ အေျခအေနမ်ားအား လွည့္လည္ၾကည့္႐ႈ႕ေလ့လာၾကရာ စက္႐ုံၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကိုယ္စား လွယ္အဖြဲ႕သည္ ညေနပုိင္းတြင္ ေမာ္စကုိၿမိဳ႕မွေန၍ စိန္႔ပီတာ စဘတ္ၿမိဳ႕သုိ႔ အထူးအျမန္ရထားျဖင့္ ထြက္ခြာၾကရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးကုိကုိရွိန္ႏွင့္ တာ၀န္ရွိသူမ်ားက ပုိ႔ေဆာင္ႏႈတ္ဆက္ခဲ့ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ညပုိင္းတြင္ စိန္႔ပီတာ စဘက္ၿမိဳ႕သုိ႔ေရာက္ရွိရာ ႐ုရွားဖက္ဒေရးႏုိင္ငံေရတပ္မွတာ၀န္ရွိသူမ်ားကႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် OJSC Muromteplovoz စက်ရုံသို့ သွားရောက်လေ့လာ၊ မော်စကိုမြို့မှ စိန့်ပီတာစဘက်မြို့သို့ အထူးအမြန်ရထားဖြင့် လိုက်ပါစီးနင်းလေ့လာ

နေပြည်တော်၊ ဧပြီ ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် မူရွန်မြို့ရှိ OJSC Muromteplovoz စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ Heliport Moscow မှ ရဟတ်ယာဉ်ဖြင့်ထွက်ခွာခဲ့ပြီး မူရွန် (Murom) မြို့သို့ ရောက်ရှိကြရာ OJSC Muromteplovoz စက်ရုံညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် OJSC Muromteplovoz စက်ရုံမှ ထုတ်လုပ်ထားသည့် သံချပ်ကာယာဉ်များ၏ စွမ်းရည်သရုပ်ပြ ပစ်ခတ်မှုများအားကြည့်ရှုကြသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် OJSC Muromteplovoz စက်ရုံအတွင်း သံချပ်ကာယာဉ်များ ထုတ်လုပ်နေမှုအခြေအနေများနှင့် သံချပ်ကာမီးသတ်ယာဉ်များထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု့လေ့လာကြရာ စက်ရုံညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လိုက် လံရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် ညနေပိုင်းတွင် မော်စကိုမြို့မှနေ၍ စိန့်ပီတာ စဘတ်မြို့သို့ အထူးအမြန်ရထားဖြင့် ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညပိုင်းတွင် စိန့်ပီတာ စဘက်မြို့သို့ရောက်ရှိရာ ရုရှားဖက်ဒရေးနိုင်ငံရေတပ်မှတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။