တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မှပြန်လည် ရောက်ရှိ

ေနျပည္ေတာ္၊ ဧၿပီ – ၂၇

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ ႐ုရွား-ျမန္မာ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီ၏ဖိတ္ၾကားခ်က္အရ စိန္႔ပီတာစဘတ္ၿမိဳ႕တြင္ေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ဧၿပီ ၂၆ ရက္ ညေနပုိင္းတြင္ Pulkovo – 3 ေလဆိပ္မွ ျပန္လည္ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ုပ္ဦးေဆာင္သည့္ ျမန္မာတပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕ အား ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံဆုိင္ရာျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စုိးမုိး၊ ႐ုရွားတပ္မေတာ္ေရတပ္မွ Commander Dmitry Krainov ႏွင့္ တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္ေလဆိပ္သုိ႔ေရာက္ရွိၾကရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ျမန္မာႏုိင္ငံဆုိင္ရာ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Nikolay A. Listopadov၊ ဒုတိယစစ္သံမွဴးႏွင့္တာ၀န္ရွိသူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ အဖြဲ႕၀င္အျဖစ္လုိက္ပါသြားသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းႏုိင္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား ျပန္လည္လုိက္ပါလာၿပီး ခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ (၈)ႀကိမ္ေျမာက္ ေမာ္စကုိႏုိင္ငံတကာလုံၿခဳံေရး ဆုိင္ရာညီလာခံ (8th Moscow Conference on International Security) သုိ႔တက္ေရာက္ျခင္း ႏွင့္ပါ၀င္ေဆြးေႏြးျခင္း၊ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္မွအႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ Ulan-Ude ၿမိဳ႕၊ Irkutsk ၿမိဳ႕၊ Murom ၿမိဳ႕၊ Saint Petersburg ၿမိဳ႕ႏွင့္ Moscow ၿမိဳ႕တုိ႔ရွိ စစ္ဘက္ဆုိင္ရာ စက္႐ုံ၊ အလုပ္႐ုံမ်ားအား ၾကည့္႐ႈေလ့လာျခင္း၊ ကမၻာ့အႀကီးဆုံးေရခ်ိဳေရအုိင္ျဖစ္သည့္ Baikalေရကန္ႏွင့္႐ုရွားႏုိင္ငံ၏ ထင္ရွားေသာ သဘာ၀ပတ္၀န္းက်င္ အထင္ကရေနရာမ်ားအားေလ့လာျခင္းမ်ား ေဆာင္ရြက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မှပြန်လည် ရောက်ရှိ

နေပြည်တော်၊ ဧပြီ – ၂၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့တွင်ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၆ ရက် ညနေပိုင်းတွင် Pulkovo – 3 လေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာတပ်မတော်ကိုယ်စားလှယ်အဖွဲ့ အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး၊ ရုရှားတပ်မတော်ရေတပ်မှ Commander Dmitry Krainov နှင့် တာဝန်ရှိသူများကလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay A. Listopadov၊ ဒုတိယစစ်သံမှူးနှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်တပ်မတော်အရာရှိကြီးများ ပြန်လည်လိုက်ပါလာပြီး ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေး ဆိုင်ရာညီလာခံ (8th Moscow Conference on International Security) သို့တက်ရောက်ခြင်း နှင့်ပါဝင်ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရနှင့် တပ်မတော်မှအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ Ulan-Ude မြို့၊ Irkutsk မြို့၊ Murom မြို့၊ Saint Petersburg မြို့နှင့် Moscow မြို့တို့ရှိ စစ်ဘက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများအား ကြည့်ရှုလေ့လာခြင်း၊ ကမ္ဘာ့အကြီးဆုံးရေချိုရေအိုင်ဖြစ်သည့် Baikalရေကန်နှင့်ရုရှားနိုင်ငံ၏ ထင်ရှားသော သဘာဝပတ်ဝန်းကျင် အထင်ကရနေရာများအားလေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။