တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲအား လက်ခံတွေ့ဆုံ 

ေနျပည္ေတာ္၊ ေမ – ၂ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲ Major General Pasith THIENGTHAM အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။ 

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ လာအိုႏိုင္ငံဆိုင္ရာ ျမန္မာစစ္သံ (ၾကည္း၊ ေရ၊ ေလ) ဗိုလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္း တို႔တက္ေရာက္ၾကၿပီး လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲႏွင့္အတူ လာအိုျပည္သူ႔တပ္မေတာ္မွ အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ လာအိုစစ္သံမွဴး Col. Bounmyvieng VIENGNHOUTTASAT ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။ 

ထုိသုိ႔ေတြ႕ဆုံစဥ္ လာအုိျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲ၏ ျမန္မာႏုိင္ငံသို႕ ခ်စ္ၾကည္ေရးခရီးစဥ္ ေအာင္ျမင္မႈအေျခအေနမ်ား၊ ျမန္မာ-လာအို ႏွစ္ႏုိင္ငံ ႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္းေဆာင္ရြက္ႏိုင္မႈမ်ား၊ ျမန္မာႏိုင္ငံ၏ ပိုင္နက္နယ္ေျမကို အေျချပဳ၍ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ အက်ဳိးစီးပြားႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈကို ထိခိုက္ေအာင္ လုပ္ေဆာင္မည့္အဖြဲ႕အစည္း၊ လုပ္ရပ္မွန္သမွ်ကို လံုး၀ခြင့္ျပဳမည္မဟုတ္ဘဲ ျမန္မာႏိုင္ငံအေနျဖင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံေရးေကာင္းမြန္ေအာင္ေနထိုင္လ်က္ရွိၿပီး ကမၻာ့ႏိုင္ငံမ်ားႏွင့္လည္း ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံလ်က္ရွိကာ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူႀကီး ၅ ရပ္ႏွင့္အညီ ရပ္တည္ေဆာင္ရြက္လ်က္ရွိ သည့္ အေျခအေနမ်ား၊ တပ္မေတာ္အႀကီးအကဲမ်ား ခ်စ္ၾကည္ေရးခရီးအျပန္အလွန္ သြားေရာက္ႏိုင္မႈမ်ား၊ မဲေခါင္ျမစ္ လံုၿခံဳေရးအပါအ၀င္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသလံုၿခံဳေရးႏွင့္ မူးယစ္ေဆး၀ါးကာကြယ္တားဆီးႏွိမ္ႏွင္းေရး အတြက္ ပူးေပါင္းေဆာင္ရြက္မႈမ်ား၊ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးအတြက္ ႏွစ္ဖက္သတင္းဖလွယ္ေရး ကိစၥရပ္မ်ား၊ ေထရ၀ါဒဗုဒၶဘာသာ တည္တံ့ျပန္႔ပြားေရးအတြက္ သံဃာေတာ္မ်ား အျပန္အလွန္ သာသနာေတာ္ထြန္းကားျပန္႕ပြားေရး ခရီးစဥ္မ်ားေဆာင္ရြက္ႏုိင္ေရး ျမန္မာႏိုင္ငံမွ စာခ် သံဃာေတာ္မ်ား လာအုိႏုိင္ငံသို႕ ပင့္ဖိတ္ႏိုင္ေရး၊ သာသနာေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္ႏိုင္မည့္အေျခအေနမ်ား၊ တပ္မေတာ္ယဥ္ေက်းမႈအဖဲြ႕၊ ေဆးအဖြဲ႕၊ အားကစားအဖြဲ႕မ်ားႏွင့္ ေအာက္ေျခအဆင့္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕မ်ား အျပန္အလွန္ ေစလႊတ္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ေရတပ္၊ ေလတပ္ဆိုင္ရာ နည္းပညာရပ္မ်ား အျပန္အလွန္ ဖလွယ္ပူးေပါင္းေဆာင္ရြက္ေရးတို႔အား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကသည္။ 

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအိုျပည္သူ႔တပ္မေတာ္၊ စစ္ဦးစီးဌာန ဒုတိယအႀကီးအကဲတုိ႔သည္ အထိမ္းအမွတ္တံဆိပ္မ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပံု ႐ိုက္ခဲ့ၾကသည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ – ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Pasith THIENGTHAM အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်း တို့တက်ရောက်ကြပြီး လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့်အတူ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး Col. Bounmyvieng VIENGNHOUTTASAT နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်မှုအခြေအနေများ၊ မြန်မာ-လာအို နှစ်နိုင်ငံ နှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အခြေပြု၍ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်အောင် လုပ်ဆောင်မည့်အဖွဲ့အစည်း၊ လုပ်ရပ်မှန်သမျှကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကောင်းမွန်အောင်နေထိုင်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ တပ်မတော်အကြီးအကဲများ ချစ်ကြည်ရေးခရီးအပြန်အလှန် သွားရောက်နိုင်မှုများ၊ မဲခေါင်မြစ် လုံခြုံရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နှင်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နှစ်ဖက်သတင်းဖလှယ်ရေး ကိစ္စရပ်များ၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ပြန့်ပွားရေးအတွက် သံဃာတော်များ အပြန်အလှန် သာသနာတော်ထွန်းကားပြန့်ပွားရေး ခရီးစဉ်များဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံမှ စာချ သံဃာတော်များ လာအိုနိုင်ငံသို့ ပင့်ဖိတ်နိုင်ရေး၊ သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်အခြေအနေများ၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့၊ ဆေးအဖွဲ့၊ အားကစားအဖွဲ့များနှင့် အောက်ခြေအဆင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရေတပ်၊ လေတပ်ဆိုင်ရာ နည်းပညာရပ်များ အပြန်အလှန် ဖလှယ်ပူးပေါင်းဆောင်ရွက်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲတို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။