တပ်ဌာနချုပ်ကို ရဲရဲဝံ့ဝံ့ခုခံကာကွယ်ခဲ့မှု၊ တည်ငြိမ်အေးချမ်းရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်မှုများအတွက် ချီးကျူးဂုဏ်ပြု

နေပြည်တော်၊ စက်တင်ဘာ – ၂၀

မိမိတို့နိုင်ငံအတွက် အရေးကြီးသောနယ်မြေဒေသများဖြစ်၍ တပ်မတော်အစိုးရကာလကပင် ဌာနချုပ်များတည်၍နေရာချထားခဲ့ကြောင်း၊ ယင်းတပ်ဌာနချုပ်များသာ မရှိပါက ဤနယ်မြေ၏အခြေအနေမှာ ပိုမိုဆိုးဝါးသွားနိုင်ကြောင်း၊ ယခုအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် မိမိတို့၏တပ်ဌာနချုပ်ကို ရဲရဲဝံ့ဝံ့ခုခံကာကွယ်ခဲ့မှုနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်မှုများအပေါ် ချီးကျူးဂုဏ်ပြုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိပြီး နိုဘိုဂျင်ဘရောင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ DYL ဝက်များမွေးမြူထားရှိမှုနှင့် တစ်ဧကကွက်များဖြင့် မြေပြုပြင်၍ စပါးစိုက်ပျိုးထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သန့်ရှင်းရေးနှင့် တိရစ္ဆာန်များကျန်းမာရေးအတွက် ဂရုပြုလုပ်ဆောင်ရန်၊ DYL ဝက်မွေးမြူရေးအား ယခုထက်ပို၍ကောင်းမွန်သော နည်းစနစ်များဖြင့် တိုးချဲ့မွေးမြူရန်၊ နို့စားနွားနှင့်ဒေသနွားများ ဖြစ်ထွန်းအောင်မွေးမြူရန်၊ ဧကကွက်များဖြင့် စပါးစိုက်ပျိုးလုပ်ဆောင်ရာတွင်လည်း မြေစတင်ပြုပြင်သည့်ကာလတွင် အပေါ်ယံမြေဆီလွှာဆုံးရှုံးနိုင်သောကြောင့် သဘာဝမြေသြဇာများအစားထိုး အသုံးပြုရန်၊ Green House စိုက်ပျိုးခြင်းဖြင့် ရှားပါးသီးနှံ၊ ဟင်းသီးဟင်းရွက်များအား ရာသီမရွေးစားသုံးနိုင်ရေး စီမံလုပ်ဆောင်ရန်နှင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများအား စစ်သည်မိသားစုများအတွက် လုံလောက်သည်သာမက ဒေသခံများအတွက်ပါ သက်သာစွာရောင်းချဖြန့်ဖြူးနိုင်သည်အထိ တိုးချဲ့လုပ်ဆောင်ရေးတို့အား မှာကြားသည်။

ယင်းနောက် နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရွှေမင်းဂံလှေဆိပ်မှ အမြန်သွားရေယာဉ်များဖြင့် ထွက်ခွာကြရာ ညနေပိုင်းတွင် ဘူးသီးတောင်မြို့ရှိ သင်္ဘောဆိပ်သို့ရောက်ရှိကြပြီး အမှတ်(၁) နယ်ခြားစောင့်ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရဆန်းလွင်၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာသို့ရောက်ရှိကြပြီး တပ်ရင်းခန်းမ၌ နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဤနယ်မြေဒေသသည် လွန်ခဲ့သည့်နှစ် ၁၀၀ ကျော်ခန့်က ဗြိတိသျှကိုလိုနီနယ်မြေများဖြစ်ခဲ့သောကြောင့် ယင်းတို့၏လုပ်ချင်ရာကိုလုပ်ကိုင်ခဲ့သည့် အကျိုးဆက်များကို ယနေ့တိုင်မိမိတို့ခံစားနေရကြောင်း၊ ထိုအချိန်ကဘင်္ဂလားနယ်မှ ဘင်္ဂါလီများကို တံခါးမရှိ ဓါးမရှိ ခေါ်ယူခဲ့ပြီးနောက် ပိုင်းလူဦးရေများစွာတိုးပွားလာပြီး ဒေသခံတိုင်းရင်းသားများ၏ နယ်မြေများကို ရယူပိုင်ဆိုင်ရန်ကြိုးပမ်းခဲ့မှုများရှိခဲ့ကြောင်း၊ ၁၉၄၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် အလယ်သံကျော် အရေးအခင်းမှာ သမိုင်းတွင်အဆိုးဆုံးအခြေအနေတစ်ရပ်ဖြစ်ခဲ့ကြောင်း၊ လွတ်လပ်ရေး မရမီကာလတွင်လည်း မူဂျာဟစ်သောင်းကျန်းသူများကို တပ်မတော်မှ နှိမ်နင်းခဲ့ရကြောင်း၊ ယခုနောက်ပိုင်းကာလတွင်လည်း ၂၀၁၂ ခုနှစ် ရခိုင်ဒေသပဋိပက္ခဖြစ်စဉ်နှင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်တွင်လည်း တပ်ဌာနချုပ်တစ်ခု အပါအဝင် ရဲကင်းစခန်း ၃၀ အား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်များက အင်အားသုံး၍ တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖော်ထုတ်ရရှိသော သတင်းများအရ အကြမ်းဖက်ဘင်္ဂါလီအင်အား ၄၀၀၀ ကျော်ဖြင့်ကြိုတင်စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်မတိုင်မီတွင်ပင် မေယုတောင်တန်းပေါ်တွင် အကြမ်းဖက်သင်တန်းပေးမှုများ၊ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် တပ်များဖြင့် ဝင်ရောက်ရှင်းလင်းစေခဲ့ကြောင်း၊ တောင်ဘဇာရှိ နယ်မြေခံတပ်အနေဖြင့် မိမိတို့၏တပ်ဌာနချုပ်ကို အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်လာသော အကြမ်းဖက်သမားများကိုရဲဝံ့စွာ ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့သည့်အတွက် တပ်ဌာနချုပ်ရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ၊ ရဲမေများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အထူးသဖြင့် ရဲမေအမျိုးသမီးများအနေဖြင့် သားသမီးအပေါ် မိသားစုအပေါ် အကာကွယ်ပေးလိုသည့် မိခင်စိတ်နှင့် မိသားစုအပေါ် ဦးစားပေးတတ်သည့် စိတ်ဆန္ဒအရင်းခံဖြင့် လုပ်ဆောင်ခဲ့မှုကိုလည်း ထပ်လောင်းချီးကျူးဂုဏ်ပြုကြောင်း၊ ယခုကဲ့သို့ဖြစ်စဉ်မျိုး ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေများနှင့် လောက်ကိုင်ဒေသ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင်လည်း ရှိခဲ့ကြောင်း၊ တပ်ဌာနချုပ်များရှိ ရဲမေများ၊ မိသားစုဝင်များအား အခြေခံစစ်ပညာများသင်ကြားပေးခြင်း၏ အကျိုးရလဒ်အဖြစ် တပ်ရင်းဌာနချုပ်ရှိ နောက်ချန်အရာရှိ၊ စစ်သည်များနှင့် ရဲမေများအနေဖြင့် သက်ဆိုင်ရာ တပ်ဌာနချုပ်များကို ရန်သူများ၏ အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများကို အရံအင်အားများအဖြစ် အောင်မြင်စွာခုခံ တွန်းလှန်ကာကွယ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူနည်းစုဖြစ်သည့် မြို၊ ခမီ၊ သက်၊ ဒိုင်းနက် စသည့်ဒေသခံတိုင်းရင်းသားများ၏လုံခြုံရေးအတွက် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကိုလည်း သာမန်မျှသဘောမထားဘဲ လူဝင်မှုကြီးကြပ်ရေးရှုထောင့်မှ အမြင်ဖြင့်ပေါင်းစပ်၍ အလေးထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်တွင်းသို့ ခိုးဝင်ရန်ကြိုးပမ်းလာသည့် ဘင်္ဂါလီများကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်များကို စစ်ဆေးရာတွင် တာဝန်ရှိသူတစ်ချို့ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ မြေမြို၍ လူမျိုးမပျောက်ဘဲ လူမြိုပါကလူမျိုးပျောက်နိုင်သောကြောင့် ယင်းကိစ္စများမဖြစ်ပွားစေရန် အားလုံးကနိုင်ငံအပေါ်သစ္စာရှိစွာ လုပ်ဆောင်ကြရန်လိုကြောင်း၊ ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေသည် ရခိုင်ပြည်နယ်အရေးကိစ္စအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေးဆွဲထားခြင်းဖြစ်၍ သစ္စာရှိစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဤတပ်ဌာနချုပ်အနေဖြင့်လည်း လက်ရှိရရှိထားသည့် ဂုဏ်ဒြပ်နှင့် မှတ်ကျောက်ကောင်းများအား ပိုမိုတောက်ပြောင်လာအောင် ဝိုင်းဝန်း၍ လုပ်ဆောင်သွားကြရန်တိုက်တွန်းကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာများအားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦိးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှက စားသောက်ဖွယ်ရာများနှင့် တပ်ရင်းမိခင်နှင့်ကလေးအသင်းအတွက်ရံပုံငွေအားလည်းကောင်း အသီးသီးပေးအပ်သည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

(Zawgyi Version)

တပ္ဌာနခ်ဳပ္ကို ရဲရဲဝံ့ဝံ့ခုခံကာကြယ္ခဲ့မႈ၊ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ စြမ္းစြမ္းတမံေဆာင္႐ြက္မႈမ်ားအတြက္ ခ်ီးက်ဴးဂုဏ္ျပဳ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၀

မိမိတုိ႔ႏုိင္ငံအတြက္ အေရးႀကီးေသာနယ္ေျမေဒသမ်ားျဖစ္၍ တပ္မေတာ္အစုိးရကာလကပင္ ဌာနခ်ဳပ္မ်ားတည္၍ေနရာခ်ထားခဲ့ေၾကာင္း၊ ယင္းတပ္ဌာနခ်ဳပ္မ်ားသာ မရွိပါက ဤနယ္ေျမ၏အေျခအေနမွာ ပုိမုိဆုိး၀ါးသြားႏုိင္ေၾကာင္း၊ ယခုအၾကမ္းဖက္တုိက္ခိုက္မႈျဖစ္စဥ္တြင္ မိမိတုိ႔၏တပ္ဌာနခ်ဳပ္ကုိ ရဲရဲ၀့ံ၀ံ့ခုခံကာကြယ္ခဲ့မႈႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ စြမ္းစြမ္းတမံေဆာင္ရြက္မႈမ်ားအေပၚ ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔ညေနပုိင္းတြင္ ေတာင္ဘဇာေက်းရြာရွိ နယ္ေျမခံတပ္ရင္းမွ အရာရွိ၊ စစ္သည္မိသားစုမ်ားအား ေတြ႔ဆုံအမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားလုိက္ပါ၍ ယေန႔နံနက္ပုိင္းတြင္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (စစ္ေတြ) ဘက္စုံစုိက္ပ်ိဳးေမြးျမဴေရးစခန္းသုိ႔ေရာက္ရွိၿပီး ႏုိဘုိဂ်င္ဘေရာင္း ဥစားၾကက္မ်ား ေမြးၿမဴထားရွိမႈ၊ DYL ၀က္မ်ားေမြးျမဴထားရွိမႈႏွင့္ တစ္ဧကကြက္မ်ားျဖင့္ ေျမျပဳျပင္၍ စပါးစုိက္ပ်ိဳးထားရွိမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈစစ္ေဆးရာ ေဒသကြပ္ကဲေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ သန္႔ရွင္းေရးႏွင့္ တိရစၦာန္မ်ားက်န္းမာေရးအတြက္ ဂ႐ုျပဳလုပ္ေဆာင္ရန္၊ DYL ၀က္ေမြးျမဴေရးအား ယခုထက္ပုိ၍ေကာင္းမြန္ေသာ နည္းစနစ္မ်ားျဖင့္ တုိးခ်ဲ႕ေမြးျမဴရန္၊ ႏုိ႔စားႏြားႏွင့္ေဒသႏြားမ်ား ျဖစ္ထြန္းေအာင္ေမြးျမဴရန္၊ ဧကကြက္မ်ားျဖင့္ စပါးစုိက္ပ်ိဳးလုပ္ေဆာင္ရာတြင္လည္း ေျမစတင္ျပဳျပင္သည့္ကာလတြင္ အေပၚယံေျမဆီလႊာဆုံး႐ႈံးႏုိင္ေသာေၾကာင့္ သဘာ၀ေျမၾသဇာမ်ားအစားထုိး အသုံးျပဳရန္၊ Green House စုိက္ပ်ိဳးျခင္းျဖင့္ ရွားပါးသီးႏွံ၊ ဟင္းသီိးဟင္းရြက္မ်ားအား ရာသီမေရြးစားသုံးႏုိင္ေရး စီမံလုပ္ေဆာင္ရန္ႏွင့္ စုိက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းမ်ားအား စစ္သည္မိသားစုမ်ားအတြက္ လုံေလာက္သည္သာမက ေဒသခံမ်ားအတြက္ပါ သက္သာစြာေရာင္းခ်ျဖန္႔ျဖဴးႏုိင္သည္အထိ တုိးခ်ဲ႕လုပ္ေဆာင္ေရးတုိ႔အား မွာၾကားသည္။

ယင္းေနာက္ ေန႔လယ္ပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စစ္ေတြၿမိဳ႕မွ ဘူးသီးေတာင္ၿမိဳ႕သုိ႔ ေရႊမင္းဂံေလွဆိပ္မွ အျမန္သြားေရယာဥ္မ်ားျဖင့္ ထြက္ခြာၾကရာ ညေနပုိင္းတြင္ ဘူးသီးေတာင္ၿမိဳ႕ရွိ သေဘၤာဆိပ္သုိ႔ေရာက္ရွိၾကၿပီး အမွတ္(၁) နယ္ျခားေစာင့္ကြပ္ကဲေရးမွဴး ရဲမွဴးခ်ဳပ္ သူရဆန္းလြင္၊ ေမာင္ေတာခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးရဲထြဋ္ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ဘဇာေက်းရြာသုိ႔ေရာက္ရွိၾကၿပီး တပ္ရင္းခန္းမ၌ နယ္ေျမခံတပ္မွ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဤနယ္ေျမေဒသသည္ လြန္ခဲ့သည့္ႏွစ္ ၁၀၀ ေက်ာ္ခန္႔က ၿဗိတိသွ်ကုိလုိနီနယ္ေျမမ်ားျဖစ္ခဲ့ေသာေၾကာင့္ ယင္းတုိ႔၏လုပ္ခ်င္ရာကုိလုပ္ကုိင္ခဲ့သည့္ အက်ိဳးဆက္မ်ားကုိ ယေန႔တုိင္မိမိတုိ႔ခံစားေနရေၾကာင္း၊ ထုိအခ်ိန္ကဘဂၤလားနယ္မွ ဘဂၤါလီမ်ားကုိ တံခါးမရွိ ဓါးမရွိ ေခၚယူခဲ့ၿပီးေနာက္ ပုိင္းလူဦးေရမ်ားစြာတုိးပြားလာၿပီး ေဒသခံတုိင္းရင္းသားမ်ား၏ နယ္ေျမမ်ားကုိ ရယူပုိင္ဆုိင္ရန္ႀကိဳးပမ္းခဲ့မႈမ်ားရွိခဲ့ေၾကာင္း၊ ၁၉၄၂ ခုႏွစ္ကျဖစ္ပြားခဲ့သည့္ အလယ္သံေက်ာ္ အေရးအခင္းမွာ သမုိင္းတြင္အဆုိးဆုံးအေျခအေနတစ္ရပ္ျဖစ္ခဲ့ေၾကာင္း၊ လြတ္လပ္ေရး မရမီကာလတြင္လည္း မူဂ်ာဟစ္ေသာင္းက်န္းသူမ်ားကုိ တပ္မေတာ္မွ ႏွိမ္နင္းခဲ့ရေၾကာင္း၊ ယခုေနာက္ပုိင္းကာလတြင္လည္း ၂၀၁၂ ခုႏွစ္ ရခုိင္ေဒသပဋိပကၡျဖစ္စဥ္ႏွင့္ ၂၀၁၆ ခုႏွစ္ ေအာက္တုိဘာလအၾကမ္းဖက္တုိက္ခုိက္မႈျဖစ္စဥ္မ်ားျဖစ္ပြားခဲ့ေၾကာင္းျဖင့္ ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး ၾသဂုတ္လ ၂၅ ရက္ေန႔ျဖစ္စဥ္တြင္လည္း တပ္ဌာနခ်ဳပ္တစ္ခု အပါအ၀င္ ရဲကင္းစခန္း ၃၀ အား အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္မ်ားက အင္အားသုံး၍ တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္း တုိက္ခိုက္ခဲ့ေၾကာင္း၊ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဖာ္ထုတ္ရရွိေသာ သတင္းမ်ားအရ အၾကမ္းဖက္ဘဂၤါလီအင္အား ၄၀၀၀ ေက်ာ္ျဖင့္ႀကိဳတင္စီစဥ္တုိက္ခုိက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းျဖစ္စဥ္မတုိင္မီတြင္ပင္ ေမယုေတာင္တန္းေပၚတြင္ အၾကမ္းဖက္သင္တန္းေပးမႈမ်ား၊ အၾကမ္းဖက္တုိက္ခုိက္သတ္ျဖတ္မႈမ်ားေၾကာင့္ တပ္မ်ားျဖင့္ ၀င္ေရာက္ရွင္းလင္းေစခဲ့ေၾကာင္း၊ ေတာင္ဘဇာရွိ နယ္ေျမခံတပ္အေနျဖင့္ မိမိတုိ႔၏တပ္ဌာနခ်ဳပ္ကုိ အင္အားသုံး၍ ၀င္ေရာက္တုိက္ခုိက္လာေသာ အၾကမ္းဖက္သမားမ်ားကုိရဲ၀ံ့စြာ ခုခံကာကြယ္တုိက္ခုိက္ႏုိင္ခဲ့သည့္အတြက္ တပ္ဌာနခ်ဳပ္ရွိ အရာရွိ၊ အရာခံ၊ အၾကပ္စစ္သည္မ်ား၊ ရဲေမမ်ားအား မွတ္တမ္းတင္ဂုဏ္ျပဳပါေၾကာင္း၊ အထူးသျဖင့္ ရဲေမအမ်ိဳးသမီးမ်ားအေနျဖင့္ သားသမီးအေပၚ မိသားစုအေပၚ အကာကြယ္ေပးလုိသည့္ မိခင္စိတ္ႏွင့္ မိသားစုအေပၚ ဦးစားေပးတတ္သည့္ စိတ္ဆႏၵအရင္းခံျဖင့္ လုပ္ေဆာင္ခဲ့မႈကုိလည္း ထပ္ေလာင္းခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း၊ ယခုကဲ့သုိ႔ျဖစ္စဥ္မ်ိဳး ရွမ္းျပည္နယ္ေျမာက္ပုိင္းနယ္ေျမမ်ားႏွင့္ ေလာက္ကုိင္ေဒသ၊ ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမတုိ႔တြင္လည္း ရွိခဲ့ေၾကာင္း၊ တပ္ဌာနခ်ဳပ္မ်ားရွိ ရဲေမမ်ား၊ မိသားစု၀င္မ်ားအား အေျခခံစစ္ပညာမ်ားသင္ၾကားေပးျခင္း၏ အက်ိဳးရလဒ္အျဖစ္ တပ္ရင္းဌာနခ်ဳပ္ရွိ ေနာက္ခ်န္အရာရွိ၊ စစ္သည္မ်ားႏွင့္ ရဲေမမ်ားအေနျဖင့္ သက္ဆုိင္ရာ တပ္ဌာနခ်ဳပ္မ်ားကုိ ရန္သူမ်ား၏ အလစ္အငုိက္ ၀င္ေရာက္စီးနင္းတုိက္ခုိက္မႈမ်ားကုိ အရံအင္အားမ်ားအျဖစ္ ေအာင္ျမင္စြာခုခံ တြန္းလွန္ကာကြယ္ႏုိင္ခဲ့ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသအတြင္း လူနည္းစုျဖစ္သည့္ ၿမိဳ၊ ခမီ၊ သက္၊ ဒိုင္းနက္ စသည့္ေဒသခံတုိင္းရင္းသားမ်ား၏လုံၿခဳံေရးအတြက္ ၀ုိင္း၀န္းကာကြယ္ ေစာင့္ေရွာက္ၾကရမည္ျဖစ္ေၾကာင္း၊ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ နယ္ေျမစုိးမုိးေရးတာ၀န္မ်ားကုိလည္း သာမန္မွ်သေဘာမထားဘဲ လူ၀င္မႈႀကီးၾကပ္ေရး႐ႈေထာင့္မွ အျမင္ျဖင့္ေပါင္းစပ္၍ အေလးထားလုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပည္တြင္းသုိ႔ ခုိး၀င္ရန္ႀကိဳးပမ္းလာသည့္ ဘဂၤါလီမ်ားကုိ ဖမ္းဆီးရမိသည့္ျဖစ္စဥ္မ်ားကုိ စစ္ေဆးရာတြင္ တာ၀န္ရွိသူတစ္ခ်ိဳ႕ပါ၀င္ေနသည္ကုိ ေတြ႕ရွိရေၾကာင္း၊ ေျမၿမိဳ၍ လူမ်ိဳးမေပ်ာက္ဘဲ လူၿမိဳပါကလူမ်ိဳးေပ်ာက္ႏုိင္ေသာေၾကာင့္ ယင္းကိစၥမ်ားမျဖစ္ပြားေစရန္ အားလုံးကႏုိင္ငံအေပၚသစၥာရွိစြာ လုပ္ေဆာင္ၾကရန္လုိေၾကာင္း၊ ၁၉၈၂ ခုႏွစ္ႏုိင္ငံသားျဖစ္မႈဥပေဒသည္ ရခုိင္ျပည္နယ္အေရးကိစၥအတြက္သာမဟုတ္ဘဲ တစ္ႏုိင္ငံလုံးအတုိင္းအတာျဖင့္ ေရးဆြဲထားျခင္းျဖစ္၍ သစၥာရွိစြာျဖင့္ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ ဤတပ္ဌာနခ်ဳပ္အေနျဖင့္လည္း လက္ရွိရရွိထားသည့္ ဂုဏ္ျဒပ္ႏွင့္ မွတ္ေက်ာက္ေကာင္းမ်ားအား ပုိမုိေတာက္ေျပာင္လာေအာင္ ၀ုိင္း၀န္း၍ လုပ္ေဆာင္သြားၾကရန္တုိက္တြန္းေၾကာင္း ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာမ်ားအားလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦိးစီးခ်ဳပ္၏ ဇနီးေဒၚၾကဴၾကဴလွက စားေသာက္ဖြယ္ရာမ်ားႏွင့္ တပ္ရင္းမိခင္ႏွင့္ကေလးအသင္းအတြက္ရံပုံေငြအားလည္းေကာင္း အသီးသီးေပးအပ္သည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။