ခရီးသည်များထိခိုက်ဒဏ်ရာမရရှိဘဲ ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သော နိုင်ငံ့ ဂုဏ်ဆောင် လေယာဉ်မှူးကြီးနှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

ေနျပည္ေတာ္၊ ေမ- ၁၄

Myanmar National Airlines ေလေၾကာင္းလိုင္းမွ ေလယာဥ္အမွတ္၊ XY-AGQ ၊ Embraer 190ခရီးသည္တင္ေလယာဥ္၊ ခရီးစဥ္အမွတ္(ယူဘီ-၁၀၃)သည္ ေလယာဥ္အမႈထမ္း ၇ ဦးႏွင့္ခရီးသည္ ၈၂ ဦး တင္ေဆာင္ၿပီး ေမ ၁၂ ရက္နံနက္ပိုင္းတြင္ ရန္ကုန္မွမႏၲေလးသို႔ ပ်ံသန္းလာရာ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔အဆင္း၌ Nose Landing Gear ခ်မရဘဲ အေရးေပၚဆင္းသက္ခဲ့ရသည္။

ထုိသုိ႔ဆင္းသက္ရာတြင္ အဆုိပါေလယာဥ္၏ ေလယာဥ္မွဴးႀကီး ဦးျမတ္မိုးေအာင္ သည္ ေလဆိပ္သို႔ ဆင္းသက္ခ်ိန္၌ Nose Landing Gear မက်သျဖင့္ Emergency Procedure အသံုးျပဳ၍ ဘီးခ်ခဲ့ေသာ္ လည္းမက်သျဖင့္ Main Landing Gear ၂ ခုကုိသာအသုံးျပဳၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္ ဆံုးျဖတ္ခ်က္မွန္ကန္စြာ ဆင္းသက္ႏုိင္ခဲ့ျခင္း၊ ေဘးအႏၲရာယ္ မေတာ္တဆမႈအား ရင္ဆိုင္ႀကံဳေတြ႕ခ်ိန္တြင္ ေလယာဥ္မွဴးႀကီးႏွင့္ ေလယာဥ္အမႈထမ္းမ်ားက ခရီးသည္မ်ားအား ဦးေဆာင္မႈမွန္ကန္စြာျဖင့္ အေျခအေနကိုထိန္းသိမ္းေဆာင္ရြက္ ႏိုင္ခဲ့ျခင္းတို႔ေၾကာင့္ ခရီးသည္မ်ားႏွင့္ ေလယာဥ္အမႈထမ္းမ်ားအားလုံး တစ္စံုတစ္ရာ ထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ ေလယာဥ္ပ်က္စီးမႈအနည္းငယ္ျဖင့္ေျမျပင္သို႔ အႏၲရာယ္ကင္းစြာ ဆင္းသက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ခရီးသည္မ်ားေဘးအႏၲရာယ္ကင္းရွင္းၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့မႈမရွိျခင္းႏွင့္ ေလယာဥ္ပ်က္စီးဆံုး႐ႈံးမည့္ အေျခအေနမွ ကာကြယ္ႏိုင္ခဲ့ျခင္းတို႔ကို စြမ္းေဆာင္ႏိုင္ခဲ့သည့္ အတြက္ ေလယာဥ္မွဴးႀကီး ဦးျမတ္မိုးေအာင္ႏွင့္ ေလယာဥ္အမႈထမ္းမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေပးပို႔သည့္ ဂုဏ္ျပဳမွတ္တမ္းလႊာအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္စား ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပုံက ယေန႔မြန္း လြဲပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ျမန္မာ့အမ်ဳိးသားေလေၾကာင္းလိုင္း႐ံုးခ်ဳပ္၌ သြားေရာက္ ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

ထို႔ေနာက္ ေလယာဥ္မွဴးႀကီး ဦးျမတ္မိုးေအာင္က ယခုကဲ့သို႔ ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ခ်ီးျမႇင့္သည့္အတြက္ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားခဲ့သည္။

(Unicode Version)

ခရီးသည်များထိခိုက်ဒဏ်ရာမရရှိဘဲ ဘေးအန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့သော နိုင်ငံ့ ဂုဏ်ဆောင် လေယာဉ်မှူးကြီးနှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

နေပြည်တော်၊ မေ- ၁၄

Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်အမှတ်၊ XY-AGQ ၊ Embraer 190ခရီးသည်တင်လေယာဉ်၊ ခရီးစဉ်အမှတ်(ယူဘီ-၁၀၃)သည် လေယာဉ်အမှုထမ်း ၇ ဦးနှင့်ခရီးသည် ၈၂ ဦး တင်ဆောင်ပြီး မေ ၁၂ ရက်နံနက်ပိုင်းတွင် ရန်ကုန်မှမန္တလေးသို့ ပျံသန်းလာရာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့အဆင်း၌ Nose Landing Gear ချမရဘဲ အရေးပေါ်ဆင်းသက်ခဲ့ရသည်။

ထိုသို့ဆင်းသက်ရာတွင် အဆိုပါလေယာဉ်၏ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် သည် လေဆိပ်သို့ ဆင်းသက်ချိန်၌ Nose Landing Gear မကျသဖြင့် Emergency Procedure အသုံးပြု၍ ဘီးချခဲ့သော် လည်းမကျသဖြင့် Main Landing Gear ၂ ခုကိုသာအသုံးပြုပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ဆုံးဖြတ်ချက်မှန်ကန်စွာ ဆင်းသက်နိုင်ခဲ့ခြင်း၊ ဘေးအန္တရာယ် မတော်တဆမှုအား ရင်ဆိုင်ကြုံတွေ့ချိန်တွင် လေယာဉ်မှူးကြီးနှင့် လေယာဉ်အမှုထမ်းများက ခရီးသည်များအား ဦးဆောင်မှုမှန်ကန်စွာဖြင့် အခြေအနေကိုထိန်းသိမ်းဆောင်ရွက် နိုင်ခဲ့ခြင်းတို့ကြောင့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအားလုံး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေယာဉ်ပျက်စီးမှုအနည်းငယ်ဖြင့်မြေပြင်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခရီးသည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိခြင်းနှင့် လေယာဉ်ပျက်စီးဆုံးရှုံးမည့် အခြေအနေမှ ကာကွယ်နိုင်ခဲ့ခြင်းတို့ကို စွမ်းဆောင်နိုင်ခဲ့သည့် အတွက် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက ယနေ့မွန်း လွဲပိုင်းတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့အမျိုးသားလေကြောင်းလိုင်းရုံးချုပ်၌ သွားရောက် ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ယခုကဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။