တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

ေနျပည္ေတာ္ ၊ ေမ ၁၈

ျမန္မာတုိ႔၏ ၁၂ လရာသီပြဲေတာ္တြင္ တစ္ခုအပါအ၀င္ျဖစ္သည့္ ျမန္မာသကၠရာဇ္ ၁၃၈၁ ခုႏွစ္၊ ကဆုန္လျပည့္ေန႔ ယေန႔တြင္က်ေရာက္ေသာ ေညာင္ေရသြန္းပြဲေတာ္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ဇနီး ေဒၚၾကဴၾကဴလွ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားသည္ ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေဇယ်ာသီရိကုန္တုိက္ေရွ႕ ေလာက ခ်မ္းသာဆုေတာင္းျပည့္ အသင္းဘုရားႀကီးရွိ မဟာေဗာဓိေညာင္ပင္မ်ားကုိ ေညာင္ေရသြန္းေလာင္း ပူေဇာ္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ေလာကခ်မ္းသာ ဆုေတာင္းျပည့္ဘုရားႀကီးအား ပန္း၊ ေရခ်မ္း၊ ဆီမီးတုိ႔အား ဆက္ကပ္ပူေဇာ္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးအမွဴးျပဳေသာ အရာရွိ၊ စစ္သည္၊ မိသားစု၀င္မ်ားသည္ ေလာကခ်မ္းသာဆုေတာင္းျပည့္အသင္းဘုရားႀကီး ပရိ၀ုဏ္ေတာ္အတြင္းရွိ မဟာေဗာဓိေညာင္ပင္မ်ားအား ေညာင္ေရသြန္းေလာင္းပူေဇာ္ရန္ ေနရာယူၾကရာ အခမ္းအနားမွဴးက မဟာေဗာဒိ ႐ုကၡသိဥၨနပူဇာ ဂါထာေတာ္အား ႐ြတ္ဖတ္ပူေဇာ္ၿပီး သတ္မွတ္ထားသည့္ေနရာမ်ားမွအဖြဲ႕အလုိက္ မဟာေဗာဓိေညာင္ပင္မ်ားကုိ ေညာင္ေရသြန္းေလာင္းပူေဇာ္၍ အေမႊးနံ႕သာရည္မ်ားပက္ဖ်န္းပူေဇာ္ၾကသည္။

အဆိုပါ ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီးစုိး၀င္းႏွင့္ဇနီး၊ ျပည္ထဲေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီးႏွင့္ဇနီး၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ ၫိႇႏိႈင္း ကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ဇနီး၊ ႐ံုး/ဌာနမ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစု၀င္မ်ားတက္ေရာက္ၾကကာ မဟာေဗာဓိေညာင္ပင္မ်ားကုိ ေညာင္ေရ သြန္းေလာင္း ပူေဇာ္ခဲ့ၾကသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္မ်ားတြင္လည္း ကဆုန္လျပည့္ေန႔ ေညာင္ေရသြန္းပြဲ မ်ားကိုျပဳလုပ္ၾကရာ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ပိုင္း တုိင္းစစ္ဌာနခ်ဳပ္၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕ေတာင္ တုိင္းစစ္ဌာနခ်ဳပ္၊ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ အေနာက္ေတာင္ တုိင္းစစ္ဌာနခ်ဳပ္၊ အေနာက္ပိုင္း တုိင္းစစ္ဌာနခ်ဳပ္၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တို႔တြင္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ျခင္းမ်ားျပဳလုပ္ ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

နေပြည်တော် ၊ မေ ၁၈

မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့တွင်ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောက ချမ်းသာဆုတောင်းပြည့် အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် လောကချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့အား ဆက်ကပ်ပူဇော်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးအမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဒိ ရုက္ခသိဉ္ဇနပူဇာ ဂါထာတော်အား ရွတ်ဖတ်ပူဇော်ပြီး သတ်မှတ်ထားသည့်နေရာများမှအဖွဲ့အလိုက် မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကြသည်။

အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များတက်ရောက်ကြကာ မဟာဗောဓိညောင်ပင်များကို ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ်များတွင်လည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ များကိုပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းများပြုလုပ် ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။