တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အားလက်ခံ တွေ့ဆုံ

ေနျပည္ေတာ္၊ ေမ – ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံ သံအမတ္ႀကီး H.E. Mrs. Suphatra Srimaitreephithak အား ယေန႔ ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံ သည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအာင္စုိး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံသံအမတ္ႀကီး ႏွင့္အတူ စစ္သံမွဴး Colonel Apichart Choopavang ၊ ေရတပ္စစ္သံမွဴး၊ ေလတပ္ စစ္သံမွဴးႏွင့္ သံ႐ုံးမွတာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား အေကာင္းဆုံးအေျခအေနတြင္ေရာက္ရွိေနမႈ၊ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတုိးတက္ေရး ႏွင့္မူးယစ္ေဆး၀ါးအႏၲရာယ္တားဆီး ကာကြယ္ႏွိမ္နင္းေရးတုိ႔အတြက္ TBC ၊ RBC ႏွင့္ HLC ကဲ့သုိ႔ေသာ ႏွစ္ႏုိင္ငံအဆင့္ အလိုက္ အစည္းအေ၀းမ်ားႏွစ္စဥ္ က်င္းပျပဳလုပ္ၿပီးေဆာင္ရြက္လ်က္ရွိသည့္ အေျခအေန မ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကားပူးေပါင္းေဆာင္ရြက္မႈမ်ား တုိးျမႇင့္ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားပုိမုိတုိးျမႇင့္ေဆာင္ရြက္ႏုိင္မည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္ လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အားလက်ခံ တွေ့ဆုံ

နေပြည်တော်၊ မေ – ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နှင့်အတူ စစ်သံမှူး Colonel Apichart Choopavang ၊ ရေတပ်စစ်သံမှူး၊ လေတပ် စစ်သံမှူးနှင့် သံရုံးမှတာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အကောင်းဆုံးအခြေအနေတွင်ရောက်ရှိနေမှု၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်နှိမ်နင်းရေးတို့အတွက် TBC ၊ RBC နှင့် HLC ကဲ့သို့သော နှစ်နိုင်ငံအဆင့် အလိုက် အစည်းအဝေးများနှစ်စဉ် ကျင်းပပြုလုပ်ပြီးဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ တပ်မတော်နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့် လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။