တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး နယ်စပ်အမှတ်(၁) ဝင်/ထွက်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့၊ အောင်မြေဗောဓိ သာသနာ့ရိပ်သာတွင် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင် လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအားလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဟိန္ဒူလူမျိုးများအားလည်းကောင်း၊ အခြေခံပညာ မူလတန်းကျောင်း (မြို့မကညင်တန်း)ခန်းမ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဘင်္ဂါလီလူမျိုးများအား လည်းကောင်း၊ အမှတ်(၂)အခြေခံပညာကျောင်းခွဲ (၄)မိုင်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား လည်းကောင်း တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး နယ်စပ်အမှတ်(၁) ဝင်/ထွက်စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

 

(Zawgyi Version)




ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။