စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ သက်သာချောင်ချိစွာ နေထိုင်နိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း စစ်မှုထမ်းဟောင်းအိမ်ရာများ အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိ

ေနျပည္ေတာ္၊ ေမ ၂၇

တပ္မေတာ္သားမ်ားအေနျဖင့္ အၿငိမ္းစား ယူၿပီးခ်ိန္တြင္ စိတ္ေအးခ်မ္းသာစြာ ေနထုိင္ႏုိင္ေရး၊ တပ္မေတာ္သား မိသားစုဝင္မ်ားႏွင့္ စစ္မႈထမ္းေဟာင္း မိသားစုဝင္မ်ား အလုပ္အကုိင္ အခြင့္အလမ္း ရရွိေစေရး၊ ပညာေရး၊ က်န္းမာေရး၊ လူမႈစီးပြားဘဝ အဆင္ေျပ ေခ်ာေမြ႕ေစေရးႏွင့္ သက္သာေခ်ာင္ခ်ိေရး တုိ႔အတြက္ ေဆာင္ရြက္ေပးလ်က္ရွိရာ ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ျမန္မာ့သားေကာင္းစစ္မႈထမ္း ေဟာင္းအိမ္ရာ (ေလးေထာင့္ကန္)သည္လည္း တစ္ခုအပါအဝင္ျဖစ္ၿပီး အဆုိပါ စစ္မႈထမ္းေဟာင္းအိမ္ရာ တည္ေဆာက္ေနမႈ အေျခအေနမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံတုိ႔ လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာရွင္းလင္းေဆာင္၌ တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္မွဴးခ်ဳပ္ မ်ိဳးသန္႔တုိ႔က ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) တည္ေဆာက္ေနမႈ အေျခအေနမ်ား၊ အရိပ္ရ ေလကာပင္မ်ား စုိက္ပ်ိဳးထားရွိမႈႏွင့္ ဆက္လက္စုိက္ပ်ိဳးမည့္ အေျခအေနမ်ား၊ အဆင့္ျမင့္ဥစားၾကက္ၿခံေဆာက္ လုပ္ၿပီးစီးမႈႏွင့္ ထြက္ရွိလာသည့္ ၾကက္ဥမ်ားအား စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစုမ်ားထံ သက္သာေခ်ာင္ခ်ိေသာ ေစ်းႏႈန္းျဖင့္ေရာင္းခ်ေပးေနမႈ အေျခအေနမ်ား၊ လွ်ပ္စစ္မီးႏွင့္ ေရရရွိေရး ေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ စစ္မႈထမ္းေဟာင္းမိသားစုဝင္မ်ား အလုပ္အကုိင္ အခြင့္အလမ္း ရရွိေရးအတြက္ အထည္ခ်ဳပ္စက္႐ုံတည္ေဆာက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေဆာက္အဦမ်ားအား သတ္မွတ္အရည္ အေသြး ျပည့္မီေအာင္ တည္ေဆာက္ရန္၊ အိမ္ရာအတြင္း ေရႏုတ္ေျမာင္း မ်ားႏွင့္ တံတားမ်ားအား စနစ္တက် ထည့္သြင္းတည္ေဆာက္ရန္၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစုမ်ား အသိအျမင္ တုိးပြားေစရန္အတြက္ ေခတ္မီစာၾကည့္တုိက္ တစ္လုံး ထည့္သြင္း တည္ေဆာက္ရန္၊ ကေလးငယ္မ်ားအတြက္ ကစားကြင္းႏွင့္ အပန္းေျဖေနရာမ်ား ထည့္သြင္း တည္ေဆာက္ရန္ႏွင့္ အရိပ္ရေလကာပင္မ်ားအား စနစ္တက်စုိက္ပ်ိဳးရန္တုိ႔အား မွာၾကားၿပီး စစ္မႈထမ္းေဟာင္းအိမ္ရာ ေဆာက္လုပ္ေနမႈ အေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆးရာ တာဝန္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္မႈထမ္းေဟာင္းအိမ္ရာအတြင္းရွိ အဆင့္ျမင့္ဥစားၾကက္ၿခံ (၂ဝဝဝဝ)တြင္ ၾကက္မ်ားေမြးျမဴထားရွိ မႈႏွင့္ အထည္ခ်ဳပ္စက္႐ုံ တည္ေဆာက္ေနမႈ အေျခအေနမ်ားအား လုိက္လံၾကည့္႐ႈ စစ္ေဆးရာ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။

အဆုိပါ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ ျမန္မာ့သားေကာင္းစစ္မႈ ထမ္းေဟာင္းအိမ္ရာ၌ ၂ဝ၁၇ ခုႏွစ္တြင္ အျခား အဆင့္ေနအိမ္ (၂)ခန္းတြဲ(၆)ထပ္ ၇ လုံး ေဆာက္လုပ္ၿပီးစီးၿပီျဖစ္ၿပီး ၂ဝ၁၈ ခုႏွစ္တြင္ အျခားအဆင့္ ေနအိမ္(၂)ခန္းတြဲ (၆)ထပ္ ၃ လုံးအား ထပ္မံတည္ေဆာက္ လ်က္ရွိရာ ၃ဝ ရာခုိင္ႏႈန္းခန္႔ ၿပီးစီးၿပီးျဖစ္ကာ စစ္မႈထမ္းေဟာင္း မိသားစုမ်ား၏ စားေရးကုိ အေထာက္အကူ ျပဳေစရန္အတြက္ တည္ေဆာက္ထားသည့္ အလုိအေလ်ာက္ အစာေကြၽး စနစ္၊ သန္႔ရွင္းေရးစနစ္၊ ၾကက္ဥေကာက္စနစ္မ်ားႏွင့္ ေလေအးေပးစနစ္ တပ္ဆင္ထားသည့္ ေခတ္မီအဆင့္ျမင့္ ဥစားၾကက္ၿခံမွ ေန၍လည္း ၾကက္ဥထြက္ရွိမႈမွာ တစ္ရက္လ်င္ ၁၈ဝဝဝ ေက်ာ္ခန္႔ ထုတ္လုပ္ႏုိင္ၿပီး ၿမိဳ႕နယ္(၇)ခုသုိ႔ သက္သာေခ်ာင္ခ်ိေသာ ႏႈန္းထားမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ ရွိသည္။ ထုိ႔အတူ အလုပ္အကုိင္အခြင့္လမ္း ရရွိေရးအတြက္လည္း အထည္ခ်ဳပ္စက္႐ုံအား တည္ေဆာက္လ်က္ရွိသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္မႈထမ္းေဟာင္းအိမ္ရာ အနီးရွိ အေျခခံပညာအထက္တန္းေက်ာင္း၊ အမွတ္(၁) စုိက္ပ်ိဳး ေမြးျမဴေရးရပ္ကြက္သို႔ ေရာက္ရွိၿပီး တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက လွဴဒါန္းသည့္ Steel Structure သုံးထပ္ေက်ာင္းေဆာင္ ေဆာက္လုပ္ၿပီးစီးမႈ အေျခအေနမ်ားအား လုိက္လံၾကည့္႐ႈစစ္ေဆးရာ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။ အဆုိပါ အေျခခံပညာအထက္တန္းေက်ာင္းရွိ ယခင္ေက်ာင္းေဆာင္မွာ ႏွစ္ကာလၾကာျမင့္ၿပီး ယုိယြင္းပ်က္စီးကာ အႏၲရာယ္ရွိသည့္ အေဆာက္အဦတစ္ခု ျဖစ္သျဖင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား၏ လွဴဒါန္းမႈျဖင့္ ၂ဝ၁၈ ခုႏွစ္တြင္ အသစ္ျပန္လည္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ယခုအခါ ၉၄ ရာခုိင္ႏႈန္းခန္႔ ေဆာက္လုပ္ၿပီး စီးၿပီျဖစ္သည္။ ေက်ာင္းတြင္စာသင္ေဆာင္ ၆ ေဆာင္၊ စာသင္ခန္းမ ၂၅ ခန္းရွိၿပီး ၂ဝ၁၈-၂ဝ၁၉ ခုႏွစ္ပညာ သင္ႏွစ္တြင္ ပညာသင္ၾကားသူေက်ာင္းသားေက်ာင္းသူ ၁၃၉၅ ဦးရွိသျဖင့္ စာသင္ခန္းလုိအပ္ခ်က္မ်ား ျဖစ္ေပၚကာ နံနက္၊ည ႏွစ္ခ်ိန္ခြဲ၍ သင္ၾကားခဲ့ရ သည္။ ယခုေက်ာင္းေဆာင္သစ္ေဆာက္လုပ္ ၿပီးစီးပါက ၂ဝ၁၉-၂ဝ၂ဝ ပညာသင္ႏွစ္တြင္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၈၅ဝ ဦးအထိ လက္ခံသင္ၾကားေပးႏုိင္မည္ ျဖစ္ၿပီး ေက်ာင္းခ်ိန္မခြဲဘဲ တစ္ခ်ိန္တည္း သင္ၾကားႏုိင္ေတာ့မည္ျဖစ္သည္။ ေက်ာင္းဝင္းအတြင္း တြင္လည္း ၿခဳံႏြယ္ပိတ္ေပါင္းမ်ား ရွင္းလင္းထားၿပီး ေရႏုတ္ေျမာင္းမ်ား၊ ကြန္ကရစ္လူသြား လမ္းမ်ားျဖင့္ စနစ္တက် သန္႔ရွင္းသပ္ရပ္စြာ ေဆာင္ရြက္ေပးထားၿပီးျဖစ္၍ ဆရာ၊ ဆရာမ၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စိတ္ေပ်ာ္ ရႊင္ခ်မ္းေျမ့စြာျဖင့္ ပညာသင္ၾကားႏုိင္မည္ျဖစ္သည္။

(Unicode Version)

စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ သက်သာချောင်ချိစွာ နေထိုင်နိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်း စစ်မှုထမ်းဟောင်းအိမ်ရာများ အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိ

နေပြည်တော်၊ မေ ၂၇

တပ်မတော်သားများအနေဖြင့် အငြိမ်းစား ယူပြီးချိန်တွင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေး၊ တပ်မတော်သား မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ အဆင်ပြေ ချောမွေ့စေရေးနှင့် သက်သာချောင်ချိရေး တို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြန်မာ့သားကောင်းစစ်မှုထမ်း ဟောင်းအိမ်ရာ (လေးထောင့်ကန်)သည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံတို့ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာရှင်းလင်းဆောင်၌ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မျိုးသန့်တို့က မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများ၊ အရိပ်ရ လေကာပင်များ စိုက်ပျိုးထားရှိမှုနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများ၊ အဆင့်မြင့်ဥစားကြက်ခြံဆောက် လုပ်ပြီးစီးမှုနှင့် ထွက်ရှိလာသည့် ကြက်ဥများအား စစ်မှုထမ်းဟောင်းများနှင့် မိသားစုများထံ သက်သာချောင်ချိသော ဈေးနှုန်းဖြင့်ရောင်းချပေးနေမှု အခြေအနေများ၊ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် အထည်ချုပ် စက်ရုံတည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆောက်အဦများအား သတ်မှတ်အရည် အသွေး ပြည့်မီအောင် တည်ဆောက်ရန်၊ အိမ်ရာအတွင်း ရေနုတ်မြောင်း များနှင့် တံတားများအား စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုများ အသိအမြင် တိုးပွားစေရန်အတွက် ခေတ်မီစာကြည့်တိုက် တစ်လုံး ထည့်သွင်း တည်ဆောက်ရန်၊ ကလေးငယ်များအတွက် ကစားကွင်းနှင့် အပန်းဖြေနေရာများ ထည့်သွင်း တည်ဆောက်ရန်နှင့် အရိပ်ရလေကာပင်များအား စနစ်တကျစိုက်ပျိုးရန်တို့အား မှာကြားပြီး စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာ အတွင်းရှိ အဆင့်မြင့်ဥစားကြက်ခြံ (၂ဝဝဝဝ)တွင် ကြက်များမွေးမြူထားရှိ မှုနှင့် အထည်ချုပ်စက်ရုံ တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှု ထမ်းဟောင်းအိမ်ရာ၌ ၂ဝ၁၇ ခုနှစ်တွင် အခြား အဆင့်နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံး ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး ၂ဝ၁၈ ခုနှစ်တွင် အခြားအဆင့် နေအိမ်(၂)ခန်းတွဲ (၆)ထပ် ၃ လုံးအား ထပ်မံတည်ဆောက် လျက်ရှိရာ ၃ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကာ စစ်မှုထမ်းဟောင်း မိသားစုများ၏ စားရေးကို အထောက်အကူ ပြုစေရန်အတွက် တည်ဆောက်ထားသည့် အလိုအလျောက် အစာကျွေး စနစ်၊ သန့်ရှင်းရေးစနစ်၊ ကြက်ဥကောက်စနစ်များနှင့် လေအေးပေးစနစ် တပ်ဆင်ထားသည့် ခေတ်မီအဆင့်မြင့် ဥစားကြက်ခြံမှ နေ၍လည်း ကြက်ဥထွက်ရှိမှုမှာ တစ်ရက်လျင် ၁၈ဝဝဝ ကျော်ခန့် ထုတ်လုပ်နိုင်ပြီး မြို့နယ်(၇)ခုသို့ သက်သာချောင်ချိသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိသည်။ ထို့အတူ အလုပ်အကိုင်အခွင့်လမ်း ရရှိရေးအတွက်လည်း အထည်ချုပ်စက်ရုံအား တည်ဆောက်လျက်ရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာ အနီးရှိ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) စိုက်ပျိုး မွေးမြူရေးရပ်ကွက်သို့ ရောက်ရှိပြီး တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် Steel Structure သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ အဆိုပါ အခြေခံပညာအထက်တန်းကျောင်းရှိ ယခင်ကျောင်းဆောင်မှာ နှစ်ကာလကြာမြင့်ပြီး ယိုယွင်းပျက်စီးကာ အန္တရာယ်ရှိသည့် အဆောက်အဦတစ်ခု ဖြစ်သဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ လှူဒါန်းမှုဖြင့် ၂ဝ၁၈ ခုနှစ်တွင် အသစ်ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၉၄ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီး စီးပြီဖြစ်သည်။ ကျောင်းတွင်စာသင်ဆောင် ၆ ဆောင်၊ စာသင်ခန်းမ ၂၅ ခန်းရှိပြီး ၂ဝ၁၈-၂ဝ၁၉ ခုနှစ်ပညာ သင်နှစ်တွင် ပညာသင်ကြားသူကျောင်းသားကျောင်းသူ ၁၃၉၅ ဦးရှိသဖြင့် စာသင်ခန်းလိုအပ်ချက်များ ဖြစ်ပေါ်ကာ နံနက်၊ည နှစ်ချိန်ခွဲ၍ သင်ကြားခဲ့ရ သည်။ ယခုကျောင်းဆောင်သစ်ဆောက်လုပ် ပြီးစီးပါက ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၈၅ဝ ဦးအထိ လက်ခံသင်ကြားပေးနိုင်မည် ဖြစ်ပြီး ကျောင်းချိန်မခွဲဘဲ တစ်ချိန်တည်း သင်ကြားနိုင်တော့မည်ဖြစ်သည်။ ကျောင်းဝင်းအတွင်း တွင်လည်း ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းထားပြီး ရေနုတ်မြောင်းများ၊ ကွန်ကရစ်လူသွား လမ်းများဖြင့် စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ပေးထားပြီးဖြစ်၍ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော် ရွှင်ချမ်းမြေ့စွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။