တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌဖြစ်သူ General Prem Tinsulanonda ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုး 

ေနျပည္ေတာ္၊ ေမ ၃၁ 

ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီဥကၠ႒ျဖစ္သူ General Prem Tinsulanonda ကြယ္လြန္ျခင္းအတြက္ ၀မ္းနည္းျခင္းမွတ္တမ္းတြင္လက္မွတ္ေရးထုိးရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ ပုိင္းတြင္ေနျပည္ေတာ္ေလဆိပ္မွ ထုိင္းႏုိင္ငံသုိ႔ထြက္ခြာရာ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံသံအမတ္ႀကီး H.E. Mrs. Suphatra Srimaitreephithak ႏွင့္တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။ 

 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ထုိင္းဘုရင့္ေလတပ္၊ ဒြန္ေမာင္းေလဆိပ္ (Win – 6) သုိ႔ေရာက္ရွိရာ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ General Peerapong Maungboonchoo ၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ ဆက္ၾကသည္။ 

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းဘုရင့္ အတုိင္ပင္ခံေကာင္စီ ႐ုံးသုိ႔ ေရာက္ရွိရာ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipat Benyasri ၊ ထုိင္းဘုရင့္ အတုိင္ပင္ခံ႐ုံး၏ ေခတၱအေထြေထြအတြင္းေရးမွဴးခ်ဳပ္ Mr. Krit Garnjana Goonchern ႏွင့္ထုိင္းဘုရင့္တပ္မ ေတာ္အရာရွိႀကီးမ်ားက ႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။ ၎ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ားသည္ ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီဥကၠ႒ General Prem Tinsulanonda ၏ဓာတ္ပုံအားဂါရ၀ျပဳၾကၿပီး ၀မ္းနည္းျခင္းမွတ္တမ္းစာအုပ္တြင္အသီးသီး မွတ္တမ္းတင္ လက္မွတ္ေရး ထုိးၾကသည္။ 

 

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဘန္ေကာက္ပုိစ့္သတင္းဌာနမွ သတင္းေထာက္က ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီဥကၠ႒ကြယ္လြန္ျခင္းႏွင့္ ပတ္သက္၍ အမွတ္ရဖြယ္ရွိခဲ့သည့္ အေၾကာင္းအရာ မ်ားအားေမးျမန္းမႈအေပၚျပန္လည္ေျဖၾကား သည္။ 

 

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ Wat Benchamabophit ဘုန္းေတာ္ႀကီးေက်ာင္းသုိ႔ ေရာက္ရွိရာ ထုိင္းဘုရင့္တပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ General Apirak Kongsompong ကႀကိဳဆုိ ႏႈတ္ဆက္သည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ႏွစ္ႏုိင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္အတူ ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီဥကၠ႒၏ ႐ုပ္ကလာပ္ အားဂါရ၀ျပဳၾကသည္။ 

ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီဥကၠ႒ General Prem Tinsulanonda သည္ အသက္ ၂၁ ႏွစ္အရြယ္တြင္ ထုိင္းေတာ္၀င္စစ္တကၠသုိလ္၌တက္ေရာက္ခဲ့ၿပီး အသက္ ၃၉ ႏွစ္ အရြယ္၌ စစ္မႈထမ္းလ်က္ျဖင့္ပင္ ထုိင္းႏုိင္ငံ၏ အေျခခံဥပေဒေရးဆြဲေရးေကာ္မတီတြင္ တာ၀န္ေပးအပ္ျခင္းခံခဲ့ရသည္။ စစ္ဘက္တြင္ထူးခြၽန္သည့္အရာရွိ တစ္ဦးျဖစ္သကဲ့သုိ႔ ႏုိင္ငံေရးဘက္တြင္လည္း လႊတ္ေတာ္အမတ္၊ ၀န္ႀကီးခ်ဳပ္အႀကံေပးအဖြဲ႕၀င္၊ ဒုတိယ၀န္ႀကီး၊ ၀န္ႀကီးတာ၀န္မ်ားသာမက ၀န္ႀကီးခ်ဳပ္အျဖစ္ ၁၉၈၀ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္အထိ သက္တမ္း ႏွစ္ခုတုိင္ေအာင္ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး တတိယသက္တမ္းအတြက္ ဆက္လက္ တာ၀န္ထမ္းေဆာင္ရန္ ကမ္းလွမ္းမႈအားျငင္းပယ္ခဲ့ကာ ထုိင္းဘုရင့္အတုိင္ပင္ခံေကာင္စီ ဥကၠ႒ အျဖစ္ႏွစ္ေပါင္းမ်ားစြာ တာ၀န္ေပးခန္႔ အပ္ျခင္းခံခဲ့ရသူျဖစ္သည္။ တာ၀န္ထမ္းေဆာင္ ခ်ိန္ကာလအတြင္း ထုိင္းႏုိင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စြမ္းစြမ္းတမံေဆာင္ရြက္ခဲ့ၿပီး ျမန္မာ့တပ္မေတာ္ေခါင္းေဆာင္မ်ားႏွင့္လည္း ရင္းႏွီးကြၽမ္း၀င္သူတစ္ဦးျဖစ္ကာ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပုိမုိတုိးတက္ခုိင္မာေအာင္ေဆာင္ရြက္ ခဲ့သူတစ္ဦး ျဖစ္သည္။

 

မြန္းလြဲပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဘန္ေကာက္ၿမိဳ႕ရွိ ထုိင္းဘုရင့္ေလတပ္ ဒြန္ေမာင္းေလဆိပ္ (Win – 6)မွျပန္လည္ထြက္ခြာ ၾကၿပီး ညေနပုိင္းတြင္ ေနျပည္ေတာ္ေလဆိပ္သုိ႔ေရာက္ရွိရာ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားကေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ 

 

(Unicode Version)

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌဖြစ်သူ General Prem Tinsulanonda ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုး

နေပြည်တော်၊ မေ ၃၁

ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်သူ General Prem Tinsulanonda ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းမှတ်တမ်းတွင်လက်မှတ်ရေးထိုးရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ပိုင်းတွင်နေပြည်တော်လေဆိပ်မှ ထိုင်းနိုင်ငံသို့ထွက်ခွာရာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak နှင့်တာဝန်ရှိသူများကလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ်၊ ဒွန်မောင်းလေဆိပ် (Win – 6) သို့ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ General Peerapong Maungboonchoo ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများက လေဆိပ်တွင်ကြိုဆိုနှုတ် ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီ ရုံးသို့ ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri ၊ ထိုင်းဘုရင့် အတိုင်ပင်ခံရုံး၏ ခေတ္တအထွေထွေအတွင်းရေးမှူးချုပ် Mr. Krit Garnjana Goonchern နှင့်ထိုင်းဘုရင့်တပ်မ တော်အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ကြသည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများသည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda ၏ဓာတ်ပုံအားဂါရဝပြုကြပြီး ဝမ်းနည်းခြင်းမှတ်တမ်းစာအုပ်တွင်အသီးသီး မှတ်တမ်းတင် လက်မှတ်ရေး ထိုးကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဘန်ကောက်ပိုစ့်သတင်းဌာနမှ သတင်းထောက်က ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌကွယ်လွန်ခြင်းနှင့် ပတ်သက်၍ အမှတ်ရဖွယ်ရှိခဲ့သည့် အကြောင်းအရာ များအားမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြား သည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် Wat Benchamabophit ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirak Kongsompong ကကြိုဆို နှုတ်ဆက်သည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများနှင့်အတူ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ၏ ရုပ်ကလာပ် အားဂါရဝပြုကြသည်။

ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda သည် အသက် ၂၁ နှစ်အရွယ်တွင် ထိုင်းတော်ဝင်စစ်တက္ကသိုလ်၌တက်ရောက်ခဲ့ပြီး အသက် ၃၉ နှစ် အရွယ်၌ စစ်မှုထမ်းလျက်ဖြင့်ပင် ထိုင်းနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲရေးကော်မတီတွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ စစ်ဘက်တွင်ထူးချွန်သည့်အရာရှိ တစ်ဦးဖြစ်သကဲ့သို့ နိုင်ငံရေးဘက်တွင်လည်း လွှတ်တော်အမတ်၊ ဝန်ကြီးချုပ်အကြံပေးအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး၊ ဝန်ကြီးတာဝန်များသာမက ဝန်ကြီးချုပ်အဖြစ် ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ သက်တမ်း နှစ်ခုတိုင်အောင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တတိယသက်တမ်းအတွက် ဆက်လက် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းမှုအားငြင်းပယ်ခဲ့ကာ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ အဖြစ်နှစ်ပေါင်းများစွာ တာဝန်ပေးခန့် အပ်ခြင်းခံခဲ့ရသူဖြစ်သည်။ တာဝန်ထမ်းဆောင် ချိန်ကာလအတွင်း ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့်လည်း ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်ကာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက် ခဲ့သူတစ်ဦး ဖြစ်သည်။

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ် ဒွန်မောင်းလေဆိပ် (Win – 6)မှပြန်လည်ထွက်ခွာ ကြပြီး ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။