တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲဖြစ်သူ Mr. Xu Zhanbin အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇြန္ – ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ႏုိင္ငံ ကာကြယ္ေရး စက္မႈလက္မႈ၊ သိပၸံႏွင့္နည္းပညာဌာန၏ ဒုတိယအႀကီးအကဲျဖစ္သူ Mr. Xu Zhanbin အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္ ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ဆန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ ႏုိင္ငံကာကြယ္ေရး စက္မႈလက္မႈ၊ သိပၸံႏွင့္နည္းပညာဌာန ဒုတိယအႀကီးအကဲႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံ စစ္သံမွဴး Sr. Col. Xiong Shaowai ႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ရွည္လ်ားေကာင္းမြန္သည့္ ဆက္ဆံေရး သမုိင္း ေၾကာင္းရွိခဲ့မႈႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္နည္းပညာမ်ားႏွင့္ အျခားက႑မ်ားတြင္ပူးေပါင္း ေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ားမွတစ္ဆင့္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈ ကုိ ပုိမုိတုိးတက္ခုိင္မာေစသည့္အေျခအေနမ်ား၊ စစ္ဘက္ဆုိင္ရာနည္းပညာပူးေပါင္း ေဆာင္ရြက္မႈမွတစ္ဆင့္ ႏုိင္ငံႏွင့္ျပည္သူမ်ားအတြက္ အက်ိဳးျပဳႏုိင္သည့္ နည္းပညာမ်ား ကုိပါေဆာင္ရြက္ႏုိင္ မည့္ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲဖြစ်သူ Mr. Xu Zhanbin အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် – ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယအကြီးအကဲဖြစ်သူ Mr. Xu Zhanbin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ် နိုင်ငံကာကွယ်ရေး စက်မှုလက်မှု၊ သိပ္ပံနှင့်နည်းပညာဌာန ဒုတိယအကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Sr. Col. Xiong Shaowai နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ရှည်လျားကောင်းမွန်သည့် ဆက်ဆံရေး သမိုင်း ကြောင်းရှိခဲ့မှုနှင့် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာများနှင့် အခြားကဏ္ဍများတွင်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကို ပိုမိုတိုးတက်ခိုင်မာစေသည့်အခြေအနေများ၊ စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးပြုနိုင်သည့် နည်းပညာများ ကိုပါဆောင်ရွက်နိုင် မည့် အခြေအနေများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။