တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိလစ်ပိုင်လေတပ်ဦးစီးချုပ် Lt. Gen. ROZZANO D BRIGUEZ AFP အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် – ၁၃




(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိလစ်ပိုင်လေတပ်ဦးစီးချုပ် Lt. Gen. ROZZANO D BRIGUEZ AFP အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် – ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မော်ကျော်၏ ဖိတ်ကြားမှုအရ ဖိလစ်ပိုင်လေတပ် ဦးစီးချုပ် Lt. Gen. ROZZANO D BRIGUEZ AFP အား နံနက်ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိဗိမာန်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီး များ တက်ရောက်ကြပြီး ဖိလစ်ပိုင် လေတပ်ဦးစီးချုပ်နှင့်အတူ ဖိလစ်ပိုင်လေတပ်မှ တပ်မတော်အရာရှိကြီးများ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူး Col. VIVENTE MAP BLANCO တို့တက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ရေး၊ လေတပ်ဆိုင်ရာ အတွေ့အကြုံများနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံ များ အပြန်အလှန်ဖလှယ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် အဆင့်အလိုက်ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။