အလှူရှင်များ၏ ဆန္ဒနှင့်အညီ လှူဒါန်းငွေများအား အမှန်တကယ်လိုအပ်သည့် နေရာများတွင်အသုံးပြုမည်

နေပြည်တော်၊ စက်တင်ဘာ – ၂၁

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် လက်ရှိကြုံတွေ့နေရသည့် အနိဋ္ဌာရုံများပပျောက်ပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးရမှာဖြစ်ကြောင်း၊ ယခုလှူဒါန်း ငွေများကိုလည်း အလှူရှင်များ၏ ဆန္ဒနှင့်အညီ အမှန်တကယ်လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ တိုက်တွန်းချက်အရမဟုတ်ဘဲ မိမိတို့၏စိတ်စေတနာအရ လှူဒါန်းလုပ်ဆောင်မှုက ပိုမိုတန်ဖိုးရှိ သောကြောင့် စေတနာရှင်အလှူရှင်များအား အထူးကျေးဇူးတင်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများနှင့် နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် တတိယအကြိမ်အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲတွင် အမှာ စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ထိုသို့ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစား ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ ဖြစ်စဉ်မတိုင်မီက အကြမ်းဖက်မှုနှင့်ပတ်သက်သည့် သတင်းရရှိမှုများကြောင့် နယ်မြေရှင်းလင်းရန်ရောက်ရှိနေသည့် တပ်အင်အားများကြောင့်လည်း ဒေသခံတိုင်းရင်းသားများ၏ ထိခိုက် ဆုံးရှုံးမှုနည်းပါးစေခဲ့ကြောင်း၊ လက်ရှိတွင်လည်း မိမိတို့အနေဖြင့် လုပ်ဆောင်လိုသည်များ ကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ ထိန်းသိမ်းလုပ်ဆောင်နေရကြောင်း၊ ယခုဖြစ်စဉ်၏ အခြေခံအကြောင်းအရင်းမှာ ဥပဒေနှင့်အညီလိုက်နာနေထိုင်မှု၊ လုပ်ကိုင်ဆောင်ရွက်မှုများအားနည်းခဲ့ခြင်းကြောင့်ဖြစ်၍ ဤဒေသတွင် နေထိုင်ကြသူအားလုံး ဥပဒေနှင့်အညီ လိုက်နာလုပ်ကိုင်ဆောင်ရွက်စေရေး တာဝန်ရှိသူများက တိကျစွာ ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်းဦးစွာပြောကြားသည်။

ဆက်လက်ပြီး ယနေ့လှူဒါန်းကြသည့် စေတနာရှင်အလှူရှင်များသည် နိုင်ငံအတွက် တိုင်းပြည်တည် ဆောက် ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လုပ်ဆောင်ပေး နေသူများဖြစ်ကြောင်း၊ ထိုသို့ရခိုင်ပြည်နယ် အရေးအတွက် စေတနာရှင်၊ အလှူရှင်များက ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြသကဲ့သို့ ပြည်တွင်း၊ ပြည်ပနေရာ အနှံ့တွင် ရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသားများကလည်း မိမိနေရပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိဒေသတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ကြရ မှာဖြစ်ကြောင်း၊ အလားတူ ဘူးသီးတောင်၊ မောင်တောဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်လာကြသူများ အနေဖြင့်လည်း မိမိနေရပ်ဒေသများသို့ အမြန်ပြန်လည်နေထိုင်ကြရန်လိုကြောင်း၊ ထိုသို့ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်အောင်လည်း လုံခြုံရေးအပါအဝင် လိုအပ်ချက်များကို မိမိတို့ကဝိုင်းဝန်းဖြည့်ဆည်း လုပ်ဆောင်ပေးရမှာဖြစ်ကြောင်း၊ မိမိတို့နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံ တိုင်းရင်းသားပြည်သူ များအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ် ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် ဧရာဝတီဖောင်ဒေးရှင်းက နယ်စပ်ခြံစည်းရိုး ၂ မိုင် ကာရံခြင်းအတွက် ငွေကျပ်၁၂၆၇၆ သိန်းအား လည်းကောင်း၊ အမျိုးဘာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) မှလှူဒါန်းငွေကျပ် သိန်း ၂၀၀၀ အားလည်းကောင်း၊ ကွန်းခိုရာဖေါင်ဒေးရှင်းမှ လှူဒါန်းငွေကျပ်သိန်း ၃၀၀၀ အားလည်းကောင်း၊ ရွှေသံလွင် Sky Net ကုမ္ပဏီမှ လှူဒါန်းငွေကျပ်သိန်း ၁၀၀၀ အားလည်းကောင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီးဒေါ်ခင်သက်ဌေးမိသားစုမှ လှူဒါန်းငွေကျပ် ၂၅ သိန်းအား လည်းကောင်း အသီးသီးပေးအပ် လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။

ယင်းနောက် Htoo Group မှလှူဒါန်းငွေကျပ်သိန်း ၅၀၀၊ Amazing Group မှလှူဒါန်းငွေကျပ်သိန်း ၃၀၀၊ ကြယ်နီလာကုမ္ပဏီမှ ငွေကျပ်သိန်း ၅၀၀၊ အောင်မြင်သူ ကုမ္ပဏီမှလှူဒါန်းငွေကျပ်သိန်း ၃၀၀ တို့အား အသီးသီးပေးအပ်လှူဒါန်းရာ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်က လက်ခံရယူသည်။

၎င်းနောက် Sky One, Lucky man ကုမ္ပဏီမှ လှူဒါန်းငွေကျပ်သိန်း ၃၀၀၊ Authentic Construction Co.Ltd ကလှူဒါန်းငွေကျပ်သိန်း ၃၀၀၊ KT Group မှ လှူဒါန်းငွေကျပ်သိန်း ၃၀၀၊ ရခိုင်ပြည်နယ်ဘေးဒုက္ခကယ်ဆယ် ရေးကော်မတီမှ လှူဒါန်းငွေကျပ်သိန်း ၁၅၀ တို့အား အသီးသီးပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက လက်ခံရယူသည်။

ဆက်လက်ပြီး ဦးစိုင်းတစ်အောင်မှ လှူဒါန်းငွေကျပ်သိန်း ၁၀၀၊ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၄၆) ကျောင်းဆင်းအရာရှိများမှ လှူဒါန်းငွေကျပ် ၅၈ သိန်း၊ တိုယိုထိုင်းပါဝါမြန်မာကုမ္ပဏီမှ လှူဒါန်းငွေကျပ် ၂၂ သိန်းနှင့် ဦးဝင်းထွန်း International Language & Business Center(ILBC) မှလှူဒါန်းငွေကျပ်သိန်း ၅၀၀ တို့အားအသီးသီးပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ် ချုပ်ကြီး စိုးထွဋ်က လက်ခံရယူသည်။

ယင်းနောက် အလှူရှင် ၄ ဦးမှလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၂၁၀ အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးကလည်းကောင်း၊ အလှူရှင် ၃ ဦးမှလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၃၀၀၊ ပဲစင်းငုံအိတ် ၇၅၀ နှင့် ဆန်အိတ် ၁၀၀ တို့အား စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောကလည်းကောင်း၊ အလှူရှင် ၃ ဦးမှလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၅၀ နှင့် ထောက်ပံ့ပစ္စည်းများအား စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင် ကလည်းကောင်းအသီးသီးလက်ခံရယူကြသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ ကလှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများအား စစ်ရေးချုပ်က ပေးအပ်လှူဒါန်းရာ ရခိုင်ပြည် နယ်အစိုးရအဖွဲ့ အလှူငွေနှင့် ပစ္စည်းလက်ခံဖြန့်ဖြူးရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းကလက်ခံရယူသည်။

အဆိုပါအလှူငွေပေးအပ်ပွဲသို့ အမျိုးဘာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို)မှ ဇွဲကပင်ဆရာတော် ဘဒ္ဒန္တ ဝိသာရအမှူးပြုသော ဆရာတော်ကြီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဘုန်းတင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများတက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက် လာကြသည့် ဆရာတော်များ၊ အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။ ယနေ့ကျင်းပပြုလုပ်သည့် တတိယအကြိမ်အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် လှူဒါန်း ငွေစုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၂၂၇၇၈ သိန်း၊ ပဲစင်းငုံ ၇၅၀ အိတ်၊ ဆန်အိတ် ၁၀၀၊ စားသုံးဆီပိဿာ ၁၀၀ နှင့် ၂၅ သိန်းတန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများဖြစ်ကြောင်းသိရှိရသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ နှင့်အလှူရှင်များ စုပေါင်းဆောက်လုပ်လှူဒါန်းနေသည့် စစ်တွေသာသနာ့ဗိမာန်တော်သို့ရောက်ရှိကြပြီး နိုင်ငံတော်သြဝါဒါစရိယ ပုသိမ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ၊ ပြည်နယ် သြဝါဒါ စရိယ၊ ဒက္ခိဏရာမ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒ၊ စစ်တွေမြို့ မဏိရတနာ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမ၊ ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မသုခကျောင်း တိုက်မှ ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသောမနှင့် ပြည်နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ နန္ဒာရာမကျောင်း တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသီရိတို့ကို သာသနာ့ဗိမာန်အဆောက်အဦ အား အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကြမ်းခင်း၊ ပြူတင်း တံခါးများ၊ လေကာမှန်စသည့် ဆောက်လုပ်ရေးလုပ်ငန်းစဉ် အရပ်ရပ်အား စနစ်တကျရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလျှောက်ထား တင်ပြ၍ အဆောက်အဦဆောက်လုပ် ပြီးစီးမှုအခြေအနေများ ကိုလိုက်လံရှင်း လင်းပြသခဲ့သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လောကနန္ဒာ ဘုရားပုရဝဏ်အတွင်း၌ မှန်ကျောင်းဆောင်တော်ဖြင့်ထားရှိသည့် စင်္ကြာမုနိ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကြသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ဦးဆောင်၍ ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး စုပေါင်းအလှူငွေများပေးအပ်ရာ ဂေါပက အဖွဲ့မှ လက်ခံရယူကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့ လေဆိပ်သို့ရောက်ရှိကြပြီး လေဆိပ်ဧည့်ခန်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအားတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ပြည်နယ်ဝန်ကြီးချုပ်တို့သည် နယ်မြေဒေသအတွင်း လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ နေရပ်စွန့်ခွာသွားကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ မိမိနေရပ် ဒေသတွင်ပြန်လည်နေထိုင်ရေး၊ မီးလောင်ပျက်စီးသွားသည့်ကျေးရွာများအား ပြန်လည်နေရာချထားရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် နယ်စပ်ဒေသ ခြံစည်းရိုးကာရံရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။

(Zawgyi Version)

အလႉရွင္မ်ား၏ ဆႏၵႏွင့္အညီ လႉဒါန္းေငြမ်ားအား အမွန္တကယ္လိုအပ္သည့္ ေနရာမ်ားတြင္အသုံးျပဳမည္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၁

ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ လက္ရွိႀကဳံေတြ႕ေနရသည့္ အနိ႒ာ႐ုံမ်ားပေပ်ာက္ၿပီး မူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိေစရန္ ဝိုင္းဝန္းႀကိဳးပမ္း လုပ္ေဆာင္ေပးရမွာျဖစ္ေၾကာင္း၊ ယခုလႉဒါန္း ေငြမ်ားကိုလည္း အလႉရွင္မ်ား၏ ဆႏၵႏွင့္အညီ အမွန္တကယ္လိုအပ္သည့္ေနရာမ်ားတြင္ အသုံးျပဳသြားမည္ ျဖစ္ေၾကာင္း၊ တိုက္တြန္းခ်က္အရမဟုတ္ဘဲ မိမိတို႔၏စိတ္ေစတနာအရ လႉဒါန္းလုပ္ေဆာင္မႈက ပိုမိုတန္ဖိုးရွိ ေသာေၾကာင့္ ေစတနာရွင္အလႉရွင္မ်ားအား အထူးေက်းဇူးတင္ရွိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲပိုင္းတြင္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရွိ ဦးဥတၱမခန္းမ၌ ရခိုင္ျပည္နယ္အတြင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတာဝန္မ်ားကို သက္စြန႔္ႀကိဳးပမ္းထမ္းေဆာင္ ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေနရပ္စြန႔္ခြာတိမ္းေရွာင္ေနရသည့္ ေဒသခံျပည္သူမ်ားႏွင့္ နယ္စပ္ၿခံစည္း႐ိုးကာရံရန္အတြက္ တတိယအႀကိမ္အလႉေငြႏွင့္ ေထာက္ပံ့ပစၥည္းမ်ားေပးအပ္ပြဲတြင္ အမွာ စကား ေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

ထိုသို႔ေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၾသဂုတ္လ ၂၅ ရက္ေန႔က စတင္ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိမိတို႔အေနျဖင့္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစား ေျဖရွင္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ ျဖစ္စဥ္မတိုင္မီက အၾကမ္းဖက္မႈႏွင့္ပတ္သက္သည့္ သတင္းရရွိမႈမ်ားေၾကာင့္ နယ္ေျမရွင္းလင္းရန္ေရာက္ရွိေနသည့္ တပ္အင္အားမ်ားေၾကာင့္လည္း ေဒသခံတိုင္းရင္းသားမ်ား၏ ထိခိုက္ ဆုံးရႈံးမႈနည္းပါးေစခဲ့ေၾကာင္း၊ လက္ရွိတြင္လည္း မိမိတို႔အေနျဖင့္ လုပ္ေဆာင္လိုသည္မ်ား ကို ဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္အညီသာ ထိန္းသိမ္းလုပ္ေဆာင္ေနရေၾကာင္း၊ ယခုျဖစ္စဥ္၏ အေျခခံအေၾကာင္းအရင္းမွာ ဥပေဒႏွင့္အညီလိုက္နာေနထိုင္မႈ၊ လုပ္ကိုင္ေဆာင္႐ြက္မႈမ်ားအားနည္းခဲ့ျခင္းေၾကာင့္ျဖစ္၍ ဤေဒသတြင္ ေနထိုင္ၾကသူအားလုံး ဥပေဒႏွင့္အညီ လိုက္နာလုပ္ကိုင္ေဆာင္႐ြက္ေစေရး တာဝန္ရွိသူမ်ားက တိက်စြာ ထိန္းသိမ္း ၾကပ္မတ္ေဆာင္႐ြက္ၾကရမွာျဖစ္ေၾကာင္းဦးစြာေျပာၾကားသည္။

ဆက္လက္ၿပီး ယေန႔လႉဒါန္းၾကသည့္ ေစတနာရွင္အလႉရွင္မ်ားသည္ ႏိုင္ငံအတြက္ တိုင္းျပည္တည္ ေဆာက္ ေရးအတြက္ တစ္ေထာင့္တစ္ေနရာမွ ပါဝင္လုပ္ေဆာင္ေပး ေနသူမ်ားျဖစ္ေၾကာင္း၊ ထိုသို႔ရခိုင္ျပည္နယ္ အေရးအတြက္ ေစတနာရွင္၊ အလႉရွင္မ်ားက ဝိုင္းဝန္းကူညီလုပ္ေဆာင္ေပးၾကသကဲ့သို႔ ျပည္တြင္း၊ ျပည္ပေနရာ အႏွံ႔တြင္ ေရာက္ရွိေနၾကသည့္ ရခိုင္တိုင္းရင္းသားမ်ားကလည္း မိမိေနရပ္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ မိမိေဒသတြင္ ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား၊ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ဝိုင္းဝန္းလုပ္ေဆာင္ၾကရ မွာျဖစ္ေၾကာင္း၊ အလားတူ ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွ ေနရပ္စြန႔္ခြာတိမ္းေရွာင္လာၾကသူမ်ား အေနျဖင့္လည္း မိမိေနရပ္ေဒသမ်ားသို႔ အျမန္ျပန္လည္ေနထိုင္ၾကရန္လိုေၾကာင္း၊ ထိုသို႔ ျပန္လည္ေနထိုင္ လုပ္ကိုင္စားေသာက္ႏိုင္ေအာင္လည္း လုံၿခဳံေရးအပါအဝင္ လိုအပ္ခ်က္မ်ားကို မိမိတို႔ကဝိုင္းဝန္းျဖည့္ဆည္း လုပ္ေဆာင္ေပးရမွာျဖစ္ေၾကာင္း၊ မိမိတို႔နယ္ေျမ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဒသခံ တိုင္းရင္းသားျပည္သူ မ်ားအေနျဖင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားရမွာျဖစ္ ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ထို႔ေနာက္ ဧရာဝတီေဖာင္ေဒးရွင္းက နယ္စပ္ၿခံစည္း႐ိုး ၂ မိုင္ ကာရံျခင္းအတြက္ ေငြက်ပ္၁၂၆၇၆ သိန္းအား လည္းေကာင္း၊ အမ်ိဳးဘာသာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼပရဟိတ ေဖာင္ေဒးရွင္း(ဗဟို) မွလႉဒါန္းေငြက်ပ္ သိန္း ၂၀၀၀ အားလည္းေကာင္း၊ ကြန္းခိုရာေဖါင္ေဒးရွင္းမွ လႉဒါန္းေငြက်ပ္သိန္း ၃၀၀၀ အားလည္းေကာင္း၊ ေ႐ႊသံလြင္ Sky Net ကုမၸဏီမွ လႉဒါန္းေငြက်ပ္သိန္း ၁၀၀၀ အားလည္းေကာင္း၊ ဒုတိယသမၼတ ဦးျမင့္ေဆြႏွင့္ဇနီးေဒၚခင္သက္ေဌးမိသားစုမွ လႉဒါန္းေငြက်ပ္ ၂၅ သိန္းအား လည္းေကာင္း အသီးသီးေပးအပ္ လႉဒါန္းရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူသည္။

ယင္းေနာက္ Htoo Group မွလႉဒါန္းေငြက်ပ္သိန္း ၅၀၀၊ Amazing Group မွလႉဒါန္းေငြက်ပ္သိန္း ၃၀၀၊ ၾကယ္နီလာကုမၸဏီမွ ေငြက်ပ္သိန္း ၅၀၀၊ ေအာင္ျမင္သူ ကုမၸဏီမွလႉဒါန္းေငြက်ပ္သိန္း ၃၀၀ တို႔အား အသီးသီးေပးအပ္လႉဒါန္းရာ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္က လက္ခံရယူသည္။

၎ေနာက္ Sky One, Lucky man ကုမၸဏီမွ လႉဒါန္းေငြက်ပ္သိန္း ၃၀၀၊ Authentic Construction Co.Ltd ကလႉဒါန္းေငြက်ပ္သိန္း ၃၀၀၊ KT Group မွ လႉဒါန္းေငြက်ပ္သိန္း ၃၀၀၊ ရခိုင္ျပည္နယ္ေဘးဒုကၡကယ္ဆယ္ ေရးေကာ္မတီမွ လႉဒါန္းေငြက်ပ္သိန္း ၁၅၀ တို႔အား အသီးသီးေပးအပ္လႉဒါန္းရာ ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္ေက်ာ္ေဇာက လက္ခံရယူသည္။

ဆက္လက္ၿပီး ဦးစိုင္းတစ္ေအာင္မွ လႉဒါန္းေငြက်ပ္သိန္း ၁၀၀၊ စစ္တကၠသိုလ္ ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၄၆) ေက်ာင္းဆင္းအရာရွိမ်ားမွ လႉဒါန္းေငြက်ပ္ ၅၈ သိန္း၊ တိုယိုထိုင္းပါဝါျမန္မာကုမၸဏီမွ လႉဒါန္းေငြက်ပ္ ၂၂ သိန္းႏွင့္ ဦးဝင္းထြန္း International Language & Business Center(ILBC) မွလႉဒါန္းေငြက်ပ္သိန္း ၅၀၀ တို႔အားအသီးသီးေပးအပ္လႉဒါန္းရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗိုလ္ ခ်ဳပ္ႀကီး စိုးထြဋ္က လက္ခံရယူသည္။

ယင္းေနာက္ အလႉရွင္ ၄ ဦးမွလႉဒါန္းသည့္ အလႉေငြက်ပ္သိန္း ၂၁၀ အား စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦးကလည္းေကာင္း၊ အလႉရွင္ ၃ ဦးမွလႉဒါန္းသည့္ အလႉေငြက်ပ္သိန္း ၃၀၀၊ ပဲစင္းငုံအိတ္ ၇၅၀ ႏွင့္ ဆန္အိတ္ ၁၀၀ တို႔အား စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာကလည္းေကာင္း၊ အလႉရွင္ ၃ ဦးမွလႉဒါန္းသည့္ အလႉေငြက်ပ္သိန္း ၁၅၀ ႏွင့္ ေထာက္ပံ့ပစၥည္းမ်ားအား စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္မိုးေအာင္ ကလည္းေကာင္းအသီးသီးလက္ခံရယူၾကသည္။

ထို႔ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား ကလႉဒါန္းသည့္ ေထာက္ပံ့ပစၥည္းမ်ားအား စစ္ေရးခ်ဳပ္က ေပးအပ္လႉဒါန္းရာ ရခိုင္ျပည္ နယ္အစိုးရအဖြဲ႕ အလႉေငြႏွင့္ ပစၥည္းလက္ခံျဖန႔္ျဖဴးေရးေကာ္မတီဥကၠ႒ ျပည္နယ္ဥပေဒခ်ဳပ္ ဦးေက်ာ္လွထြန္းကလက္ခံရယူသည္။

အဆိုပါအလႉေငြေပးအပ္ပြဲသို႔ အမ်ိဳးဘာသာသနာေစာင့္ေရွာက္ေရး ဗုဒၶဓမၼပရဟိတ ေဖာင္ေဒးရွင္း(ဗဟို)မွ ဇြဲကပင္ဆရာေတာ္ ဘဒၵႏၲ ဝိသာရအမႉးျပဳေသာ ဆရာေတာ္ႀကီးမ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ နယ္စပ္ေရး ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အေနာက္ပိုင္းတိုင္းစစ္ဌာန ခ်ဳပ္တိုင္းမႉး၊ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕မွ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ဘုန္းတင့္၊ လူမႈေရးဝန္ႀကီး ေဒါက္တာ ခ်မ္းသာ၊ ျပည္နယ္ဥပေဒခ်ဳပ္ ဦးေက်ာ္လွထြန္း၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရခိုင္ တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ အလႉရွင္မ်ားႏွင့္ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားတက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အခမ္းအနားတက္ေရာက္ လာၾကသည့္ ဆရာေတာ္မ်ား၊ အလႉရွင္မ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္ခဲ့သည္။ ယေန႔က်င္းပျပဳလုပ္သည့္ တတိယအႀကိမ္အလႉေငြမ်ားႏွင့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္လႉဒါန္းပြဲတြင္ လႉဒါန္း ေငြစုစုေပါင္းမွာ ေငြက်ပ္သိန္းေပါင္း ၂၂၇၇၈ သိန္း၊ ပဲစင္းငုံ ၇၅၀ အိတ္၊ ဆန္အိတ္ ၁၀၀၊ စားသုံးဆီပိႆာ ၁၀၀ ႏွင့္ ၂၅ သိန္းတန္ဖိုးရွိ ေထာက္ပံ့ပစၥည္းမ်ားျဖစ္ေၾကာင္းသိရွိရသည္။

ထို႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ား ႏွင့္အလႉရွင္မ်ား စုေပါင္းေဆာက္လုပ္လႉဒါန္းေနသည့္ စစ္ေတြသာသနာ့ဗိမာန္ေတာ္သို႔ေရာက္ရွိၾကၿပီး ႏိုင္ငံေတာ္ၾသဝါဒါစရိယ ပုသိမ္ေက်ာင္းတိုက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲပ႑ိတ၊ ျပည္နယ္ ၾသဝါဒါ စရိယ၊ ဒကၡိဏရာမ ေက်ာင္းတိုက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲစႏၵ၊ စစ္ေတြၿမိဳ႕ မဏိရတနာ ေက်ာင္းတိုက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲေသာမ၊ ျပည္နယ္ သံဃနာယကအဖြဲ႕ဥကၠ႒ ဓမၼသုခေက်ာင္း တိုက္မွ ဆရာေတာ္ အဂၢမဟာဂႏၴဝါစက ပ႑ိတ ဘဒၵႏၲေသာမႏွင့္ ျပည္နယ္သံဃနာယကအဖြဲ႕ ဒုတိယဥကၠ႒ နႏၵာရာမေက်ာင္း တိုက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲနႏၵသီရိတို႔ကို သာသနာ့ဗိမာန္အေဆာက္အဦ အား အလင္းေရာင္ႏွင့္ ေလဝင္ေလထြက္ေကာင္းမြန္ေရး၊ ေရရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ ၾကမ္းခင္း၊ ျပဴတင္း တံခါးမ်ား၊ ေလကာမွန္စသည့္ ေဆာက္လုပ္ေရးလုပ္ငန္းစဥ္ အရပ္ရပ္အား စနစ္တက်ရွိေရး ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားကိုေလွ်ာက္ထား တင္ျပ၍ အေဆာက္အဦေဆာက္လုပ္ ၿပီးစီးမႈအေျခအေနမ်ား ကိုလိုက္လံရွင္း လင္းျပသခဲ့သည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေလာကနႏၵာ ဘုရားပုရဝဏ္အတြင္း၌ မွန္ေက်ာင္းေဆာင္ေတာ္ျဖင့္ထားရွိသည့္ စၾကၤာမုနိ ႐ုပ္ပြားေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳၾကသည္။ ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတို႔က ဦးေဆာင္၍ ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လႉပူေဇာ္ၾကၿပီး စုေပါင္းအလႉေငြမ်ားေပးအပ္ရာ ေဂါပက အဖြဲ႕မွ လက္ခံရယူၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ စစ္ေတြၿမိဳ႕ ေလဆိပ္သို႔ေရာက္ရွိၾကၿပီး ေလဆိပ္ဧည့္ခန္းတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားအားေတြ႕ဆုံသည္။ ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ျပည္နယ္ဝန္ႀကီးခ်ဳပ္တို႔သည္ နယ္ေျမေဒသအတြင္း လုံၿခဳံေရး ဆိုင္ရာကိစၥရပ္မ်ား၊ ေနရပ္စြန႔္ခြာသြားၾကသည့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ား မိမိေနရပ္ ေဒသတြင္ျပန္လည္ေနထိုင္ေရး၊ မီးေလာင္ပ်က္စီးသြားသည့္ေက်း႐ြာမ်ားအား ျပန္လည္ေနရာခ်ထားေရး၊ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေရးႏွင့္ နယ္စပ္ေဒသ ၿခံစည္း႐ိုးကာရံေရးကိစၥရပ္မ်ားအား ညႇိႏႈိင္းေဆြးေႏြး ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။