တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများရင်းရင်းနှီးနှီးဆွေးနွေး

ေနျပည္ေတာ္၊ ဇြန္ – ၁၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေက်ာ္စြာလင္း ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ မႏၲေလးတုိင္းေဒသႀကီး၊ ေညာင္ဦး ၿမိဳ႕နယ္၊ ငါ့သေရာက္ၿမိဳ႕သုိ႔ေရာက္ရွိၿပီး ငါ့သေရာက္ၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္ႏွင့္ အမွတ္(၃) ရပ္ကြက္တြင္ အလယ္ပုိင္း တုိင္းစစ္ဌာနခ်ဳပ္၊ ေမတၱာေရစင္ ေက်းလက္ေရရရွိေရး အသင္းႏွင့္ အလွဴရွင္မ်ားစုေပါင္းလွဴဒါန္းထား သည့္ စက္ေရတြင္းႏွင့္ ေရသန္႔စက္တုိ႔အား သြားေရာက္ၾကည့္႐ႈၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ငါ့သေရာက္ၿမိဳ႕ႏွင့္ ပတ္၀န္းက်င္ ေက်းရြာမ်ားမွ ေဒသခံ ျပည္သူမ်ားအားေတြ႕ဆုံၿပီး နယ္ေျမေဒသဖြံ႕ၿဖိဳးတုိးတက္ေရး ဆုိင္ရာမ်ားအား ေဆြးေႏြးေျပာၾကားရာ ဦးစြာ ငါ့သေရာက္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးက နယ္ေျမေဒသအေျခအေနမ်ား၊ ေရအသုံးခ်မႈအေျခအေနမ်ား၊ ပညာေရး အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ငါ့သေရာက္ၿမိဳ႕နယ္ သမုိင္း၀င္ နယ္ခ်ဲ႕ေတာ္လွန္ေရး ေခါင္းေဆာင္ ဗုိလ္ခ်ိဳ၏ ဇာတိေျမျဖစ္၍ဂုဏ္ယူပါေၾကာင္း ဦးစြာ ေျပာၾကားၿပီး ဤေဒသရွိအဓိကစီးပြားေရးမွာ ထန္းလုပ္ငန္း၊ ပုန္းရည္ႀကီးလုပ္ငန္း၊ ေျမပဲ၊ ႏွမ္းစုိက္ပ်ိဳးေရးႏွင့္ ေျမပဲဆီထုတ္လုပ္ေရး လုပ္ငန္းမ်ားကုိအဓိက ေဆာင္ရြက္လ်က္ရွိသည္ကုိ သိရွိရေၾကာင္း၊ ေဒသထုတ္ကုန္မ်ားအားထုတ္လုပ္ရာတြင္ အရည္အေသြးျပည့္မီ ေအာင္ ေဆာင္ရြက္ၿပီး ထုတ္ပုိးမႈပုံစံမ်ား ေခတ္မီစြာေဆာင္ရြက္ႏုိင္ပါကေဒသတြင္းသာမက ျပည္ပႏုိင္ငံမ်ားသုိ႔ပါ တင္ပုိ႔ေရာင္းခ်ႏုိင္မည္ျဖစ္သျဖင့္ ေဒသတြင္း၀င္ေငြတုိးတက္ ေကာင္းမြန္ၿပီးတစ္ဦးခ်င္းမွစ၍ ေဒသဖြံ႕ၿဖိဳးတုိး တက္ေရးကုိ အေထာက္အကူျပဳႏုိင္မည္ ျဖစ္ေၾကာင္း၊ ေဒသထြက္ကုန္မ်ားအား ကုန္းလမ္းမွသာမက ဧရာ၀တီျမစ္အားအသုံးျပဳ၍ ေရလမ္းေၾကာင္းမွပါပုိ႔ေဆာင္ျခင္းမ်ား ပါေဆာင္ရြက္၍ေစ်းကြက္ ရွာေဖြရန္လုိ ေၾကာင္း၊ စုိက္ပ်ိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္အတြက္ ေဒသ၏အဓိကအခက္အခဲမွာ ေရရွိေရးျဖစ္သျဖင့္ ႏုိင္ငံေတာ္သုိ႔ တင္ျပေပးမည္ ျဖစ္သကဲ့သုိ႔ တပ္မေတာ္အေနျဖင့္လည္း တတ္ႏုိင္သည့္ဘက္မွနည္းလမ္းရွာေဖြ ကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊ ေဒသ၀မ္းစာအတြက္လုိအပ္သည့္ စပါးစုိက္ပ်ိဳးျခင္းကုိ ေအာင္ျမင္စြာ ေဆာင္ရြက္ႏုိင္ပါက ျပင္ပသုိ႔ေဒသတြင္းမွ ထြက္ေငြမ်ားေလ်ာ့နည္းသြားမည္ျဖစ္ေၾကာင္း၊ ေဒသတြင္းစုိက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ လူသုံးကုန္လုပ္ငန္းမ်ားေဆာင္ရြက္ၿပီး စားကုန္၊ ေသာက္ကုန္မ်ား ႏွင့္ လူသုံးကုန္ပစၥည္းမ်ား ထုတ္လုပ္ႏုိင္ပါက စားေရးတြင္ေစ်းႏႈန္းသက္သာၿပီး အာဟာရျပည့္၀စြာစားသုံး ႏုိင္မည္ျဖစ္သကဲ့သုိ႔ လူသုံးကုန္ပစၥည္းမ်ားကုိလည္း ေစ်းႏႈန္း သက္သာစြာျဖင့္အသုံးျပဳ ႏုိင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္ပသြင္းကုန္ အစားထုိးရန္အတြက္ လူသုံးကုန္ပစၥည္းမ်ားအား ထုတ္လုပ္လ်က္ ရွိေၾကာင္း၊ ထုိသုိ႔ထုတ္လုပ္ႏုိင္ျခင္းျဖင့္ ျပည္ပထြက္ေငြမ်ားကုိ တတ္ႏုိင္သမွ်ေလ်ာ့နည္းေစသည္ကုိ ေတြ႕ရွိရ ေၾကာင္း။

ေဒသဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ေဒသတြင္းပညာတတ္မ်ား ေပါမ်ားေစရန္အတြက္ ပညာရည္ျမင့္မားေရးကုိ အားလုံး၀ုိင္း၀န္းေဆာင္ရြက္ရန္လုိေၾကာင္း၊ တကၠသုိလ္၀င္တန္း စာေမးပြဲတြင္ ေအာင္ခ်က္ရာခုိင္ႏႈန္းမ်ား က်ဆင္းသည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိသုိ႔က်ဆင္း ရျခင္း၏အေၾကာင္းအရင္းအား ရွာေဖြၿပီး ေက်ာင္းသား၊ ဆရာ၊ မိဘႏွင့္ အုပ္ခ်ဳပ္သူ ေလးပြင့္ဆုိင္၀ုိင္း၀န္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ အတန္းလုိက္ သင္ခန္းစာမ်ားအားအမွန္တကယ္ တတ္ေျမာက္ေစေရးအတြက္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ သားသမီးမ်ားပညာရည္ထူးခြၽန္ၿပီး ပညာတတ္မ်ားျဖစ္ပါက မိဘမ်ားသာမက မိသားစုေဆြမ်ိဳး ရပ္ရြာအတြက္ပါ ဂုဏ္တက္ေစေၾကာင္း၊ အတန္းပညာမ်ားတတ္ေျမာက္ပါက အသိပညာမ်ားပါတုိးတက္လာမည္ျဖစ္ေၾကာင္း၊ တကၠသုိလ္၀င္တန္းေအာင္ျမင္ၿပီးသည့္ မိမိတုိ႔၏ သားသမီးမ်ားအား မႏၲေလး၊ မေကြးႏွင့္ ပခုကၠဴၿမိဳ႕တုိ႔ရွိ တကၠသုိလ္၊ ေကာလိပ္မ်ားသုိ႔တက္ေရာက္ေစၿပီး ပညာရွင္မ်ား ျဖစ္ေအာင္တုိက္တြန္းေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေသာအတတ္ ပညာရွင္မ်ား ေမြးထုတ္ျခင္းျဖင့္ မိမိတုိ႔ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး လုိအပ္ခ်က္မ်ားကုိ တစ္ဖက္တစ္လမ္းမွ နည္းလမ္းရွာေဖြအေထာက္အကူေပးႏုိင္မည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ ေဒသတြင္းေနထုိင္သူမ်ားက ၀ုိင္း၀န္းေဆာင္ရြက္ရန္လုိေၾကာင္း။

ယခုေဒသအား ယခင္ကအပူပုိင္းေဒသ စိမ္းလန္းစုိေျပေရး အတြက္စီမံကိန္းမ်ား ခ်မွတ္ေဆာင္ရြက္ခဲ့ေၾကာင္း၊ ေဒသတြင္းေနထုိင္သူမ်ားအေနျဖင့္လည္း မိမိတုိ႔ ေနထုိင္ရာ ရပ္ကြက္၊ ေက်းရြာမ်ားအလုိက္ သစ္ပင္စုိက္ ပ်ိဳးေရးလုပ္ငန္းမ်ားကုိ ေအာင္ျမင္ ျဖစ္ထြန္းေအာင္ အေလးထားေဆာင္ရြက္ေစလုိေၾကာင္း၊ ေက်းရြာအလုိက္ အစုအဖြဲ႕စနစ္ျဖင့္ သစ္ပင္မ်ား စုိက္ပ်ိဳးျခင္းျဖင့္ ေဒသစိမ္းလန္းစိုေျပေရးကုိလည္း အေထာက္အကူ ျပဳမည္ျဖစ္ေၾကာင္း၊ ပူျပင္းသည့္ေဒသျဖစ္သျဖင့္ မိမိတုိ႔က်န္းမာေရးကုိဂ႐ုစုိက္ရန္လုိၿပီး က်န္းမာေရးထိခုိက္ ေစႏုိင္သည့္ အရက္၊ ေဆးလိပ္၊ ကြမ္းမ်ားသုံးစြဲျခင္းကုိတတ္ႏုိင္သမွ် ေရွာင္ၾကဥ္ရန္ႏွင့္ အစားအေသာက္၊ အေနအထုိင္မ်ား ဆင္ျခင္ရန္လုိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္သူလူထု၏ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးရန္အတြက္ တပ္မေတာ္နယ္လွည့္အထူးကု ေဆးအဖြဲ႕မ်ားဖြဲ႕စည္း၍ ေဒသခံျပည္သူ မ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း မ်ားအားေဆာင္ရြက္ေပးလ်က္ ရွိၿပီး ၂၀၁၄ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလအထိ တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ား အလုိက္ စုစုေပါင္း ၄၇ ႀကိမ္၊ တုိင္းရင္းသားျပည္သူစုစုေပါင္း ၄၇၆၈၇၉ ဦးအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္း၊ က်န္းမာေရး ေကာင္းမြန္မႈမရွိပါက မိမိႏွင့္မိသားစုအတြက္လုပ္အား၊ ေငြေၾကး၊ အခ်ိန္၊ စိတ္ပင္ပန္းမႈ ဆုံး႐ႈံးျခင္းမ်ား ျဖစ္ေစႏုိင္ေသာေၾကာင့္ မိမိတုိ႔က်န္းမာေရးကုိ တစ္ဦးခ်င္းဂ႐ုစုိက္ရန္လုိ ေၾကာင္း၊ က်န္းမာေရး ေကာင္းမြန္မွသာ ပညာသင္ၾကားႏုိင္မည္၊ အလုပ္လုပ္ႏုိင္မည္ျဖစ္ေၾကာင္း၊ အလုပ္လုပ္ႏုိင္မွသာ မိမိတို႔ဘ၀တုိးတက္ေရးကုိ ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း ရင္းရင္းႏွီးႏွီးေဆြးေႏြးရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာ မ်ားႏွင့္ DENTOMEC သြားတုိက္ေဆး၊ သြားတုိက္တံမ်ားေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူခဲ့ၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ငါ့သေရာက္ၿမိဳ႕ရွိ နယ္ခ်ဲ႕ေတာ္လွန္ေရးေခါင္း ေဆာင္ သူရဲေကာင္းအာဇာနည္ ငါ့သေရာက္ဇာတိဖြား ပုဂံဗုိလ္ခ်ဳိ၏ ေကာင္းမႈေတာ္ ျမနႏၵာေက်ာက္ထီး ဘုရားသုိ႔ေရာက္ရွိၾကၿပီး ဘုရားအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ဘုရားႀကီးဘက္စုံျပဳျပင္မြန္းမံရန္ အတြက္ အလွဴေငြမ်ားအား ေဂါပကထံေပးအပ္လွဴဒါန္းၿပီး ဘုရားႀကီးအားလွည့္လည္ ၾကည့္႐ႈခဲ့သည္။ ျမနႏၵာေက်ာက္ထီး ဘုရားအနီးရွိနယ္ခ်ဲ႕ေတာ္လွန္ေရးေခါင္းေဆာင္ သူရဲေကာင္းအာဇာနည္ ငါ့သေရာက္ဇာတိဖြားပုဂံဗုိလ္ခ်ဳိ၏ ႐ုပ္တုအားအမွတ္တရ ဂုဏ္ျပဳထားရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများရင်းရင်းနှီးနှီးဆွေးနွေး

နေပြည်တော်၊ ဇွန် – ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ ငါ့သရောက်မြို့သို့ရောက်ရှိပြီး ငါ့သရောက်မြို့၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ မေတ္တာရေစင် ကျေးလက်ရေရရှိရေး အသင်းနှင့် အလှူရှင်များစုပေါင်းလှူဒါန်းထား သည့် စက်ရေတွင်းနှင့် ရေသန့်စက်တို့အား သွားရောက်ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ငါ့သရောက်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအားတွေ့ဆုံပြီး နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးပြောကြားရာ ဦးစွာ ငါ့သရောက်မြို့အုပ်ချုပ်ရေးမှူးက နယ်မြေဒေသအခြေအနေများ၊ ရေအသုံးချမှုအခြေအနေများ၊ ပညာရေး အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငါ့သရောက်မြို့နယ် သမိုင်းဝင် နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချို၏ ဇာတိမြေဖြစ်၍ဂုဏ်ယူပါကြောင်း ဦးစွာ ပြောကြားပြီး ဤဒေသရှိအဓိကစီးပွားရေးမှာ ထန်းလုပ်ငန်း၊ ပုန်းရည်ကြီးလုပ်ငန်း၊ မြေပဲ၊ နှမ်းစိုက်ပျိုးရေးနှင့် မြေပဲဆီထုတ်လုပ်ရေး လုပ်ငန်းများကိုအဓိက ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ ဒေသထုတ်ကုန်များအားထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီ အောင် ဆောင်ရွက်ပြီး ထုတ်ပိုးမှုပုံစံများ ခေတ်မီစွာဆောင်ရွက်နိုင်ပါကဒေသတွင်းသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ဒေသတွင်းဝင်ငွေတိုးတက် ကောင်းမွန်ပြီးတစ်ဦးချင်းမှစ၍ ဒေသဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ဒေသထွက်ကုန်များအား ကုန်းလမ်းမှသာမက ဧရာဝတီမြစ်အားအသုံးပြု၍ ရေလမ်းကြောင်းမှပါပို့ဆောင်ခြင်းများ ပါဆောင်ရွက်၍ဈေးကွက် ရှာဖွေရန်လို ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဒေသ၏အဓိကအခက်အခဲမှာ ရေရှိရေးဖြစ်သဖြင့် နိုင်ငံတော်သို့ တင်ပြပေးမည် ဖြစ်သကဲ့သို့ တပ်မတော်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှနည်းလမ်းရှာဖွေ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသဝမ်းစာအတွက်လိုအပ်သည့် စပါးစိုက်ပျိုးခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ပြင်ပသို့ဒေသတွင်းမှ ထွက်ငွေများလျော့နည်းသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့် လူသုံးကုန်လုပ်ငန်းများဆောင်ရွက်ပြီး စားကုန်၊ သောက်ကုန်များ နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပါက စားရေးတွင်ဈေးနှုန်းသက်သာပြီး အာဟာရပြည့်ဝစွာစားသုံး နိုင်မည်ဖြစ်သကဲ့သို့ လူသုံးကုန်ပစ္စည်းများကိုလည်း ဈေးနှုန်း သက်သာစွာဖြင့်အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်ပသွင်းကုန် အစားထိုးရန်အတွက် လူသုံးကုန်ပစ္စည်းများအား ထုတ်လုပ်လျက် ရှိကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပထွက်ငွေများကို တတ်နိုင်သမျှလျော့နည်းစေသည်ကို တွေ့ရှိရ ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတွင်းပညာတတ်များ ပေါများစေရန်အတွက် ပညာရည်မြင့်မားရေးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းများ ကျဆင်းသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ကျဆင်း ရခြင်း၏အကြောင်းအရင်းအား ရှာဖွေပြီး ကျောင်းသား၊ ဆရာ၊ မိဘနှင့် အုပ်ချုပ်သူ လေးပွင့်ဆိုင်ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အတန်းလိုက် သင်ခန်းစာများအားအမှန်တကယ် တတ်မြောက်စေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သားသမီးများပညာရည်ထူးချွန်ပြီး ပညာတတ်များဖြစ်ပါက မိဘများသာမက မိသားစုဆွေမျိုး ရပ်ရွာအတွက်ပါ ဂုဏ်တက်စေကြောင်း၊ အတန်းပညာများတတ်မြောက်ပါက အသိပညာများပါတိုးတက်လာမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် မိမိတို့၏ သားသမီးများအား မန္တလေး၊ မကွေးနှင့် ပခုက္ကူမြို့တို့ရှိ တက္ကသိုလ်၊ ကောလိပ်များသို့တက်ရောက်စေပြီး ပညာရှင်များ ဖြစ်အောင်တိုက်တွန်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုသို့သောအတတ် ပညာရှင်များ မွေးထုတ်ခြင်းဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ နည်းလမ်းရှာဖွေအထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသတွင်းနေထိုင်သူများက ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း။

ယခုဒေသအား ယခင်ကအပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး အတွက်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသတွင်းနေထိုင်သူများအနေဖြင့်လည်း မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် သစ်ပင်စိုက် ပျိုးရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းအောင် အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကျေးရွာအလိုက် အစုအဖွဲ့စနစ်ဖြင့် သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသစိမ်းလန်းစိုပြေရေးကိုလည်း အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ပူပြင်းသည့်ဒေသဖြစ်သဖြင့် မိမိတို့ကျန်းမာရေးကိုဂရုစိုက်ရန်လိုပြီး ကျန်းမာရေးထိခိုက် စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းများသုံးစွဲခြင်းကိုတတ်နိုင်သမျှ ရှောင်ကြဉ်ရန်နှင့် အစားအသောက်၊ အနေအထိုင်များ ဆင်ခြင်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့များဖွဲ့စည်း၍ ဒေသခံပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအားဆောင်ရွက်ပေးလျက် ရှိပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းစစ်ဌာနချုပ်နယ်မြေများ အလိုက် စုစုပေါင်း ၄၇ ကြိမ်၊ တိုင်းရင်းသားပြည်သူစုစုပေါင်း ၄၇၆၈၇၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှုမရှိပါက မိမိနှင့်မိသားစုအတွက်လုပ်အား၊ ငွေကြေး၊ အချိန်၊ စိတ်ပင်ပန်းမှု ဆုံးရှုံးခြင်းများ ဖြစ်စေနိုင်သောကြောင့် မိမိတို့ကျန်းမာရေးကို တစ်ဦးချင်းဂရုစိုက်ရန်လို ကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှသာ ပညာသင်ကြားနိုင်မည်၊ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်မှသာ မိမိတို့ဘဝတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရင်းရင်းနှီးနှီးဆွေးနွေးရှင်းလင်းပြောကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာ များနှင့် DENTOMEC သွားတိုက်ဆေး၊ သွားတိုက်တံများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ငါ့သရောက်မြို့ရှိ နယ်ချဲ့တော်လှန်ရေးခေါင်း ဆောင် သူရဲကောင်းအာဇာနည် ငါ့သရောက်ဇာတိဖွား ပုဂံဗိုလ်ချို၏ ကောင်းမှုတော် မြနန္ဒာကျောက်ထီး ဘုရားသို့ရောက်ရှိကြပြီး ဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ဘုရားကြီးဘက်စုံပြုပြင်မွန်းမံရန် အတွက် အလှူငွေများအား ဂေါပကထံပေးအပ်လှူဒါန်းပြီး ဘုရားကြီးအားလှည့်လည် ကြည့်ရှုခဲ့သည်။ မြနန္ဒာကျောက်ထီး ဘုရားအနီးရှိနယ်ချဲ့တော်လှန်ရေးခေါင်းဆောင် သူရဲကောင်းအာဇာနည် ငါ့သရောက်ဇာတိဖွားပုဂံဗိုလ်ချို၏ ရုပ်တုအားအမှတ်တရ ဂုဏ်ပြုထားရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။