တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူး မြော်ကြည်ညိုခဲ့

ေနျပည္ေတာ္၊ ဇြန္ ၁၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕၀င္မ်ား လိုက္ပါၿပီး ဇြန္လ ၁၇ ရက္တြင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမရွိ ထီးလုိမင္းလုိဘုရားသုိ႔ သြားေရာက္ဖူး ေျမာ္ၾကည္ညိဳခဲ့ၾကသည္။

ထုိသုိ႔သြားေရာက္ဖူးေျမာ္ၾကည္ညိဳစဥ္ ပုဂံၿမိဳ႕ရွိ ေဒသႏၲရေဆးခန္းတြင္ တာ၀န္ထမ္း ေဆာင္လ်က္ရွိသည့္ ေဒါက္တာစုိးမုိးေဇာ္က က်န္စစ္သားမင္းႀကီး၏ ျပည္သူလူထုကုိ အကာကြယ္ေပးေစာင့္ေရွာက္မႈအား ေဖာ္က်ဴးထားသည့္ ပုဂံေဒသဒပန္းခ်ီကားခ်ပ္အား အမွတ္တရလက္ေဆာင္အျဖစ္ဂါရ၀ျပဳေပးအပ္ခဲ့သည္။ ေဒါက္တာစုိးမုိးေဇာ္ အေနျဖင့္ တရားဓမၼမ်ားကုိလည္း အားထုတ္ေနသူတစ္ဦးျဖစ္ၿပီးယခု ပန္းခ်ီကားခ်ပ္ႏွင့္ ပုံစံတူပန္းခ်ီ ကားမ်ားကုိဖားေအာက္ဆရာေတာ္၊ အလုိေတာ္ျပည့္ဆရာေတာ္ႏွင့္ သီတဂူဆရာေတာ္ ဘုရားႀကီးတုိ႔ထံ လွဴဒါန္းခဲ့ေၾကာင္းသိရွိရသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူး မြော်ကြည်ညိုခဲ့

နေပြည်တော်၊ ဇွန် ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ လိုက်ပါပြီး ဇွန်လ ၁၇ ရက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူး မြော်ကြည်ညိုခဲ့ကြသည်။

ထိုသို့သွားရောက်ဖူးမြော်ကြည်ညိုစဉ် ပုဂံမြို့ရှိ ဒေသန္တရဆေးခန်းတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဒေါက်တာစိုးမိုးဇော်က ကျန်စစ်သားမင်းကြီး၏ ပြည်သူလူထုကို အကာကွယ်ပေးစောင့်ရှောက်မှုအား ဖော်ကျူးထားသည့် ပုဂံဒေသဒပန်းချီကားချပ်အား အမှတ်တရလက်ဆောင်အဖြစ်ဂါရဝပြုပေးအပ်ခဲ့သည်။ ဒေါက်တာစိုးမိုးဇော် အနေဖြင့် တရားဓမ္မများကိုလည်း အားထုတ်နေသူတစ်ဦးဖြစ်ပြီးယခု ပန်းချီကားချပ်နှင့် ပုံစံတူပန်းချီ ကားများကိုဖားအောက်ဆရာတော်၊ အလိုတော်ပြည့်ဆရာတော်နှင့် သီတဂူဆရာတော် ဘုရားကြီးတို့ထံ လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။