တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ဆိုင်ရာဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများသည် ရုတ်ချည်းပေါ်ပေါက် လာခြင်းမဟုတ်ဘဲ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်သည်ကို သဲသဲကွဲကွဲတွေ့မြင်ရပါကြောင်း၊ ၎င်းဒေသရှိ ဘင်္ဂါလီများနှင့်ပတ်သက်ပြီး တရားဥပဒေ နှင့်အညီဖြေရှင်းဆောင်ရွက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ၎င်းတို့အနေဖြင့် လက်မခံခဲ့ကြောင်း၊ တရားမဝင်နေထိုင်သောဘင်္ဂါလီများကို စစ်ဆေးနိုင်ရေးဆောင်ရွက်ရာမှ ၎င်းတို့အနေဖြင့် လက်မခံနိုင်၍ ယခုလိုပဋိပက္ခဖြစ်လာခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အကောင်းဆုံးဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ဆိုင်ရာဒုတိယဝန်ကြီး Mr. Iwao HOR II အား ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူး Mr. Yukio SAITA နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဧည့်သည်တော်ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီးက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏တိုင်းပြည် တည်ဆောက်ရေးတွင် ကဏ္ဍပေါင်းစုံမှ ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိကာလတွင် အမျိုးမျိုးသောစိန်ခေါ်မှုများကြားမှ ရခိုင်ပြည်နယ်အရေးပြဿနာဖြေရှင်းရန်အတွက် ဆောင်ရွက်နေမှုများကို အပြည့်အ၀ နားလည်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့များကို အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အား ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါကြောင်း၊ ရခိုင် ပြည်နယ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် ကူညီထောက်ပံ့သွားလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထား အတွက် ဂျပန်နိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-ဂျပန် နှစ်နိုင်ငံသည် ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးခဲ့သည့်မိတ်ဆွေဟောင်း၊ မိတ်ဆွေ ကောင်းနိုင်ငံများဖြစ်၍ ဂျပန်နိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါကြောင်း ပြန်လည်ပြောကြားပြီး လူသားချင်း စာနာထောက်ထားမှုအကူအညီများနှင့် ပတ်သက်၍ မျှတစွာလုပ်ဆောင်မည်ဆိုပါက လက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ဖော်ပြောကြားပြီးဖြစ်၍ တပ်မတော်အနေဖြင့်လည်း လိုအပ်သည်များကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခုသွားရောက်ခဲ့သည့် ခရီးစဉ်တွင် အကူအညီ လိုအပ်မှုများရှိသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ တစ်ချို့မှာမူ အကူအညီရယူလို၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ နေရပ်စွန့်ခွာလာသူများကို လုံခြုံမှုအကာအကွယ်ပေး၍ မိမိနေရပ်ဒေသများသို့ အမြန်ပြန်လည်သွားရောက်ရန်လိုအပ်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး ဧည့်သည်တော်ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တရားဥပဒေစိုးမိုးရေးကိုအခြေခံပြီး လူ့အခွင့်အရေးကိစ္စရပ်များ လုပ်ဆောင်ခြင်း၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးလုပ်ဆောင်နေခြင်းတို့ကို ကြားသိရ၍ လေးစားပါကြောင်း၊ ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၆ခုနှစ်၊အောက်တိုဘာအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ဦးစီးသော စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပြီး တွေ့ရှိချက် ၃ ချက်အားချက်ချင်းအရေးယူဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်သည် Code of Conduct အတိုင်းလုပ်ဆောင်နေပြီး လက်နက်ကိုင် ပဋိပက္ခနှင့်ပတ်သက်၍ စစ်သည်တစ်ဦးချင်းလိုက်နာရန်အတွက် အိပ်ဆောင်ကတ်များ ထုတ်ပေးထားရှိ လိုက်နာစေလျက်ရှိကြောင်း၊ မစ္စတာကိုဖီအာနန်၏ အကြံပြုချက်များနှင့် ပတ်သက်၍ အပြုသဘောဆောင်သောလုပ်ဆောင်မှုများကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း၊ တပ်မတော်သည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် တည်တည်ငြိမ်ငြိမ်လျှောက်လှမ်းနိုင်ရေးတို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်နေ ကြောင်းပြောကြားပြီး မြန်မာ-ဂျပန် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ပါလီမန္ဆိုင္ရာဒုတိယဝန္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၁

ရခိုင္ျပည္နယ္နယ္အတြင္းျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားသည္ ႐ုတ္ခ်ည္းေပၚေပါက္ လာျခင္းမဟုတ္ဘဲ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ျခင္းျဖစ္သည္ကို သဲသဲကြဲကြဲေတြ႕ျမင္ရပါေၾကာင္း၊ ၎ေဒသရွိ ဘဂၤါလီမ်ားႏွင့္ပတ္သက္ၿပီး တရားဥပေဒ ႏွင့္အညီေျဖရွင္းေဆာင္႐ြက္ရန္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေသာ္လည္း ၎တို႔အေနျဖင့္ လက္မခံခဲ့ေၾကာင္း၊ တရားမဝင္ေနထိုင္ေသာဘဂၤါလီမ်ားကို စစ္ေဆးႏိုင္ေရးေဆာင္႐ြက္ရာမွ ၎တို႔အေနျဖင့္ လက္မခံႏိုင္၍ ယခုလိုပဋိပကၡျဖစ္လာခဲ့ေၾကာင္း၊ မိမိတို႔အေနျဖင့္ အေကာင္းဆုံးေျဖရွင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔ညေနပိုင္းတြင္ ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ပါလီမန္ဆိုင္ရာဒုတိယဝန္ႀကီး Mr. Iwao HOR II အား ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ပါလီမန္ဆိုင္ရာ ဒုတိယဝန္ႀကီးႏွင့္အတူ ၫႊန္ၾကားေရးမႉး Mr. Yukio SAITA ႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ဧည့္သည္ေတာ္ပါလီမန္ဆိုင္ရာ ဒုတိယဝန္ႀကီးက ဂ်ပန္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏တိုင္းျပည္ တည္ေဆာက္ေရးတြင္ က႑ေပါင္းစုံမွ ကူညီေထာက္ပံ့သြားမည္ ျဖစ္ေၾကာင္း၊ ယခုလက္ရွိကာလတြင္ အမ်ိဳးမ်ိဳးေသာစိန္ေခၚမႈမ်ားၾကားမွ ရခိုင္ျပည္နယ္အေရးျပႆနာေျဖရွင္းရန္အတြက္ ေဆာင္႐ြက္ေနမႈမ်ားကို အျပည့္အ၀ နားလည္ပါေၾကာင္း၊ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့ေသာ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္စဥ္အား ျပင္းထန္စြာကန႔္ကြက္ရႈံ႕ခ်ပါေၾကာင္း၊ ရခိုင္ ျပည္နယ္ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အတြက္ ကူညီေထာက္ပံ့သြားလိုပါေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏိုင္ငံအေပၚထားရွိသည့္ သေဘာထား အတြက္ ဂ်ပန္ႏိုင္ငံအား ေက်းဇူးတင္ရွိပါေၾကာင္း၊ ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံသည္ ကာလၾကာရွည္စြာ ခ်စ္ၾကည္ရင္းႏွီးခဲ့သည့္မိတ္ေဆြေဟာင္း၊ မိတ္ေဆြ ေကာင္းႏိုင္ငံမ်ားျဖစ္၍ ဂ်ပန္ႏိုင္ငံ၏ပူးေပါင္းေဆာင္႐ြက္မႈကို ႀကိဳဆိုပါေၾကာင္း ျပန္လည္ေျပာၾကားၿပီး လူသားခ်င္း စာနာေထာက္ထားမႈအကူအညီမ်ားႏွင့္ ပတ္သက္၍ မွ်တစြာလုပ္ေဆာင္မည္ဆိုပါက လက္ခံမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အစိုးရက ထုတ္ေဖာ္ေျပာၾကားၿပီးျဖစ္၍ တပ္မေတာ္အေနျဖင့္လည္း လိုအပ္သည္မ်ားကူညီ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ ယခုသြားေရာက္ခဲ့သည့္ ခရီးစဥ္တြင္ အကူအညီ လိုအပ္မႈမ်ားရွိသည္ကို ေတြ႕ျမင္ခဲ့ရေၾကာင္း၊ တစ္ခ်ိဳ႕မွာမူ အကူအညီရယူလို၍ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ ေနရပ္စြန႔္ခြာလာသူမ်ားကို လုံၿခဳံမႈအကာအကြယ္ေပး၍ မိမိေနရပ္ေဒသမ်ားသို႔ အျမန္ျပန္လည္သြားေရာက္ရန္လိုအပ္ၿပီး ေဒသတည္ၿငိမ္ေအးခ်မ္းေရးေဆာင္႐ြက္သြားရမွာျဖစ္ေၾကာင္း ေဆြးေႏြးေျပာၾကားသည္။

ဆက္လက္ၿပီး ဧည့္သည္ေတာ္ဒုတိယဝန္ႀကီးက ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္အေနျဖင့္ တရားဥပေဒစိုးမိုးေရးကိုအေျခခံၿပီး လူ႔အခြင့္အေရးကိစၥရပ္မ်ား လုပ္ေဆာင္ျခင္း၊ ရခိုင္ျပည္နယ္တည္ၿငိမ္ ေအးခ်မ္းေရးလုပ္ေဆာင္ေနျခင္းတို႔ကို ၾကားသိရ၍ ေလးစားပါေၾကာင္း၊ ကိုဖီအာနန္ေကာ္မရွင္၏ အစီရင္ခံစာ အေပၚ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈမ်ားႏွင့္ပတ္သက္၍လည္း ကူညီေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း ေဆြးေႏြးမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၂၀၁၆ခုႏွစ္၊ေအာက္တိုဘာအတြင္း ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးတစ္ဦး ဦးစီးေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕တစ္ဖြဲ႕ ေစလႊတ္ခဲ့ၿပီး ေတြ႕ရွိခ်က္ ၃ ခ်က္အားခ်က္ခ်င္းအေရးယူေဆာင္႐ြက္ခဲ့ေၾကာင္း၊ တပ္မေတာ္သည္ Code of Conduct အတိုင္းလုပ္ေဆာင္ေနၿပီး လက္နက္ကိုင္ ပဋိပကၡႏွင့္ပတ္သက္၍ စစ္သည္တစ္ဦးခ်င္းလိုက္နာရန္အတြက္ အိပ္ေဆာင္ကတ္မ်ား ထုတ္ေပးထားရွိ လိုက္နာေစလ်က္ရွိေၾကာင္း၊ မစၥတာကိုဖီအာနန္၏ အႀကံျပဳခ်က္မ်ားႏွင့္ ပတ္သက္၍ အျပဳသေဘာေဆာင္ေသာလုပ္ေဆာင္မႈမ်ားကို ကူညီေဆာင္႐ြက္ ေပးသြားမည္ျဖစ္ ေၾကာင္း၊ တပ္မေတာ္သည္ အမ်ိဳးသားျပန္လည္စည္းလုံးညီၫြတ္ေရး၊ တိုင္းျပည္တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းတြင္ တည္တည္ၿငိမ္ၿငိမ္ေလွ်ာက္လွမ္းႏိုင္ေရးတို႔ကို ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေန ေၾကာင္းေျပာၾကားၿပီး ျမန္မာ-ဂ်ပန္ တပ္မေတာ္ႏွစ္ရပ္ၾကား ခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရး ကိစၥရပ္မ်ားအား အျပန္အလွန္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ပါလီမန္ဆိုင္ရာ ဒုတိယဝန္ႀကီးတို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး အဖြဲ႕ဝင္မ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ ႐ိုက္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။