နိုင်ငံတော်၏ ကုန်းမြေ၊ ရေပြင်၊ ဝေဟင်ပိုင်နက်နယ်နိမိတ် များအား တပ်မတော်(ကြည်း၊ ရေ၊လေ) တပ်ဖွဲ့များက ခြံစည်းရိုးကဲ့သို့ကာရံပေးထားခြင်းဖြစ်၍ ခြံစည်းရိုးခိုင်ခံ့ ကောင်း မွန်ထက်မြက်နေရန် အမြဲပြုပြင်ထိန်းသိမ်းလေ့ကျင့်နေရမည်၊ နိုင်ငံအရေး၊ နိုင်ငံအကျိုး အတွက် အမြဲတမ်းကြိုးစား ဆောင်ရွက်နေခြင်းသည် သစ္စာစောင့်သိခြင်းပင်ဖြစ်

ေနျပည္ေတာ္၊ ဇြန္ ၂၄

ႏုိင္ငံေတာ္၏ ကုန္းေျမ၊ ေရျပင္၊ ေ၀ဟင္ပုိင္နက္နယ္နိမိတ္မ်ားအား တပ္မေတာ္ (ၾကည္း၊ ေရ၊ေလ) တပ္ဖြဲ႕မ်ားက ၿခံစည္း႐ုိးကဲ့သုိ႔ကာရံေပးထားျခင္းျဖစ္၍ ၿခံစည္း႐ုိးခုိင္ခံ့ ေကာင္း မြန္ထက္ျမက္ေနရန္ အၿမဲျပဳျပင္ထိန္းသိမ္းေလ့က်င့္ေနရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံအေရး၊ ႏုိင္ငံအက်ိဳးအတြက္ အၿမဲတမ္းႀကိဳးစား ေဆာင္ရြက္ေနျခင္းသည္ သစၥာေစာင့္သိျခင္းပင္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴး ႀကီး မင္းေအာင္လႈိင္က ဂ်ိဳးျဖဴတပ္နယ္ႏွင့္ ကြင္းေကာက္တပ္နယ္ရွိ တပ္မေတာ္တန္းျမင့္ ေလ့က်င့္ေရး ေက်ာင္းမ်ားရွိ နည္းျပအရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသား အရာရွိ၊ စစ္သည္မ်ားအား ယေန႔တြင္ သီးျခားစီေတြ႕ ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္း ေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာန ခ်ဳပ္တုိင္းမွဴး ၊ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ သင္တန္းေက်ာင္းမ်ားမွ နည္းျပအရာရွိ၊ စစ္သည္ မ်ားႏွင့္ သင္တန္းသား အရာရွိ၊ စစ္သည္မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ အရည္အခ်င္း ျပည့္၀သည့္တပ္မေတာ္ (Standard Army) ျဖစ္ေစရန္၊ ႏုိင္ငံတကာႏွင့္တန္း၀င္သည့္ တပ္မေတာ္ျဖစ္ေစရန္အတြက္ အခ်ိန္၊ ေငြႏွင့္လုပ္အားမ်ားရင္းႏွီး၍ အရာရွိ၊ စစ္သည္ တစ္ဦးခ်င္း၊ အဆင့္လုိက္ႏွင့္ တပ္ဖြဲ႕အလုိက္ စြမ္းရည္ရွိေအာင္ သင္တန္းမ်ားဖြင့္လွစ္ ေလ့က်င့္ေပးေနျခင္းျဖစ္ေၾကာင္း၊ သင္တန္းမ်ားအေပၚတြင္အေလးထား၍ သင္ၾကားေပး သည့္အတတ္ပညာမ်ားကုိ သိရွိနားလည္ေအာင္ ေလ့လာ၊ ေလ့က်င့္ကာ လက္ေတြ႕တြင္ လည္း လုိက္နာ ေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ အတန္းပညာမ်ားကုိ ေမ့ပစ္၍မရသလုိ စစ္အတတ္ပညာမ်ား၊ စစ္အေျခခံ သေဘာတရားမ်ားကုိ လက္ေတြ႕နယ္ပယ္တြင္ အသုံးခ် ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ကမၻာ့ႏုိင္ငံမ်ားတြင္ ေျပာင္းလဲတုိးတက္လ်က္ရွိသည့္ နည္းပညာမ်ား၊ အေတြးအေခၚအယူအဆမ်ား၊ စစ္သတင္းမ်ား၊ ဗဟုသုတ မ်ားကုိ ဖတ္႐ႈေလ့လာႏုိင္ရန္ အတြက္လည္း လုိအပ္ေသာစာအုပ္၊ စာေစာင္မ်ားအား ထုတ္ေ၀ေပးလ်က္ရွိသျဖင့္ စာဖတ္ၾကရန္လုိေၾကာင္း၊ စာေပဆုိသည္မွာ မိမိမဖတ္ရေသးသည့္ စာေပမွန္သမွ် အေဟာင္းမရွိ၊ အသစ္မ်ား သာျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္ အစဥ္အလာေကာင္းမ်ား ရွိထားၿပီးျဖစ္ေၾကာင္း၊ ဥပမာအားျဖင့္ “ငါ့ေနာက္လုိက္ခဲ့” ဆုိသည္မွာ မွန္ကန္ေသာ ေခါင္းေဆာင္မႈ၊ တာ၀န္ယူမႈကုိ ထင္ရွားေစေသာ အစဥ္အလာေကာင္းတစ္ရပ္ျဖစ္ေၾကာင္း၊ ယင္းအစဥ္အလာေကာင္းမ်ားကုိ အၿမဲတမ္းထိန္းသိမ္းေနၾကရ မည္ျဖစ္ေၾကာင္း။

တပ္မေတာ္သားမ်ားအားလုံးအတြက္ ေလ့က်င့္ေရးဆုိင္ရာရည္မွန္းခ်က္မွာ က်န္းမာႀကံ့ခုိင္ရမည္၊ ကြၽမ္းက်င္ ရမည္၊ ရဲစြမ္းသတၱိရွိရမည္ျဖစ္ေၾကာင္း၊ က်န္းမာႀကံ့ခုိင္ ရမည္ဆုိရာတြင္ ရာသီဥတုဒဏ္၊ အစားဆင္းရဲ၊ အေနဆင္းရဲ၊ ပင္ပန္းဆင္းရဲမႈဒဏ္မ်ားကုိ ႀကံ့ႀကံ့ခံႏုိင္ၿပီး တာ၀န္ထမ္းေဆာင္ႏုိင္၊ တုိက္ပြဲ၀င္ႏုိင္ရ မည္ျဖစ္ေၾကာင္း၊ ႀကံ့ခုိင္ေရးအတြက္ သတ္မွတ္ထားသည့္ ေလ့က်င့္ခန္းမ်ား၊ အသက္အရြယ္အလုိက္ သတ္မွတ္ထားသည့္ စံခ်ိန္ စံၫႊန္းမ်ား၊ ခံႏုိင္ရည္စံႏႈန္းမ်ားကုိ ရရွိေအာင္အၿမဲတမ္းေလ့က်င့္ လုပ္ေဆာင္ေနၾက ရမည္ျဖစ္ေၾကာင္း၊ က်န္းမာႀကံ့ခုိင္ေရးအတြက္ အေထာက္အကူျဖစ္ေစရန္ ႏုိင္ငံတကာ စံခ်ိန္စံၫႊန္း မ်ားထက္မေလ်ာ့ေသာ အာဟာရျပည့္ျပည့္၀၀ ပါ၀င္သည့္ ရိကၡာစုိ၊ ရိကၡာ ေျခာက္ႏွင့္ အျခားရိကၡာအမယ္မ်ားကုိ စီမံေပးထားေၾကာင္း၊ က်န္းမာေရးအတြက္ မိမိတုိ႔တစ္ဦးခ်င္း၏ စားေသာက္မႈ၊ ေနထုိင္မႈကုိလည္း နည္းစနစ္တက်ျဖင့္ ထိန္းသိမ္း ၾကရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးကုိထိခုိက္ေစမည့္ အေသာက္အစား၊ အစားအေသာက္ တုိ႔ကုိေရွာင္ၾကဥ္ရန္၊ အရက္၊ ကြမ္းယာ၊ ေဆးလိပ္တုိ႔ကုိ ေရွာင္ၾကဥ္ရန္လုိေၾကာင္း၊ တပ္မေတာ္သားမ်ားသာမက မည္သူမဆုိထာ၀ရက်န္းမာႀကံ့ခုိင္မႈရွိျခင္းျဖင့္ မိမိတုိ႔၏ ဘ၀အတြက္ အေထာက္ အကူျဖစ္ေစမည္ျဖစ္ေၾကာင္း။

ကြၽမ္းက်င္မႈရွိရန္ဆုိသည္မွာ တစ္ဦးခ်င္းအလုိက္၊ တပ္ဖြဲ႕အလုိက္မိမိတို႔ကုိင္တြယ္ အသုံးျပဳရသည့္ လက္နက္၊ ပစၥည္း ကိရိယာမ်ားကုိ ကြၽမ္းက်င္မႈရွိရမည္ျဖစ္သကဲ့သုိ႔ စစ္အတတ္ပညာမ်ား၊ ေခါင္းေဆာင္မႈအတတ္မ်ား၊ က႑အလုိက္လုပ္ငန္းတာ၀န္ ထမ္းေဆာင္မႈမ်ားကုိလည္း ကြၽမ္းက်င္မႈရွိရန္၊ Skilled ျဖစ္ေစရန္ ေလ့က်င့္ ေနၾကရမည္ ျဖစ္ေၾကာင္း၊ စြမ္းရည္သတၱိဆုိသည္မွာ ပင္ကုိယ္မူလအားျဖင့္ မိမိတုိ႔တပ္မေတာ္သားမ်ား သည္ ေသမည္ကုိမေၾကာက္ဘဲ တုိင္းျပည္ကုိကာကြယ္ရန္ တပ္မေတာ္ထဲ၀င္ေရာက္လာ ၾကသူမ်ားျဖစ္ေၾကာင္း၊ တုိက္ပြဲ၀င္ရာတြင္ ရဲရဲတက္၊ ရဲရဲတုိက္၊ ရဲရဲေခ်မႈန္း ဆုိေသာ တုိက္ပြဲ၀င္ စိတ္ဓာတ္ရွိရမည္ျဖစ္ေၾကာင္း၊ တုိင္းျပည္ကုိကာကြယ္ရန္ဟူေသာ အမာခံ စိတ္ဓာတ္မ်ားရွိၿပီးျဖစ္ရာ တုိက္ပြဲ၀င္ တုိက္နည္းစနစ္မ်ား၊ ကုိယ္ခံပညာရပ္မ်ား၊ လက္ေ၀ွ႕ နည္းစနစ္မ်ား၊ အားကစားနည္းစနစ္မ်ား သင္ၾကားေလ့က်င့္ေပးျခင္းျဖင့္ မွန္ကန္ေသာ တုိက္ပြဲ၀င္စိတ္ဓာတ္ႏွင့္ ရဲစြမ္းသတၱိမ်ိဳးကုိ တုိးျမႇင့္တည္ေဆာက္ေပး လ်က္ရွိေၾကာင္း။ စိတ္ဓာတ္ႏွင့္စည္းကမ္းေကာင္းမြန္မႈကုိအေျခခံ၍ က်န္းမာႀကံ့ခုိင္မႈ၊ ကြၽမ္းက်င္မႈ၊ ရဲစြမ္းသတၱိရွိမႈတုိ႔ျဖင့္ တပ္မေတာ္သားေကာင္းျဖစ္လာေအာင္ ေလ့က်င့္ေနၾကရန္ တုိက္တြန္းလိုေၾကာင္း။

တပ္မေတာ္သားမ်ားအတြက္သာမက တပ္မေတာ္သားမိသားစုမ်ားအတြက္ စာေရး၊ ၀တ္ေရး၊ ေနေရး၊ သြားလာမႈမ်ား၊ ပညာေရး၊ က်န္းမာေရးအဆင္ေျပေခ်ာေမြ႕ ေအာင္ႀကိဳးစားေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္အပါအ၀င္ အဖြဲ႕အစည္းမ်ား တြင္ တူညီ၀တ္စုံမ်ား သတ္မွတ္၀တ္ဆင္ၾကျခင္းသည္ မိမိတုိ႔၏ တာ၀န္ထမ္းေဆာင္မႈ အေပၚ ဂုဏ္ယူစိတ္အားျမႇင့္တင္ႏုိင္ရန္ျဖစ္၍ ဦးေခါင္းမွေျခေထာက္အထိအဆုံး တပ္မ ေတာ္၀တ္စုံမ်ားကုိ သတ္မွတ္ခ်က္မ်ားအတုိင္း ၀တ္စားဆင္ယင္ႏုိင္ေအာင္ ျပည့္ျပည့္စုံစုံေဆာင္ရြက္ေပး ထားေၾကာင္း၊ ယေန႔ေခတ္သည္ ပညာေခတ္ျဖစ္၍ အတတ္ ပညာမ်ားတတ္ေျမာက္မွသာ အသိပညာမ်ား၊ အေတြးအေခၚအယူအဆမ်ားတုိးတက္ မည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္သားမ်ား၏ ပညာရည္ျမႇင့္ တင္ေရးကုိ စနစ္တက်ေဆာင္ရြက္ေပးခဲ့ေၾကာင္း၊ အင္အားေတာင့္တင္းၿပီး စြမ္းရည္ရွိေသာေခတ္မီမ်ိဳးခ်စ္ တပ္မေတာ္တည္ေဆာက္ရာတြင္ လက္ေတြ႕ႏွင့္တည္ေဆာက္မွသာရရွိမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ အသိပညာ၊ အတတ္ပညာမ်ား၊ ဗဟုသုတမ်ားအတြက္ မိမိတုိ႔ကုိယ္ပုိင္အခ်ိန္ ကုိ အက်ိဳးရွိေအာင္ အသုံးခ်၍ စာေပဖတ္႐ႈေလ့လာမႈမ်ားျပဳလုပ္ၾကရမည္ျဖစ္ေၾကာင္း။

သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ားမွ အသား၊ ငါး၊ ၾကက္ဥႏွင့္ ဟင္းသီး ဟင္းရြက္မ်ားကုိ ေစ်းႏႈန္းသက္သာစြာျဖင့္ ေရာင္းခ် ေပးထားေၾကာင္း၊ တစ္ဦးခ်င္းအေနျဖင့္လည္း မိမိတုိ႔၏လစာစရိတ္၊ ၀င္ေငြ၊ ထြက္ေငြ မ်ားကုိမွ်တေစရန္ အသုံးႏွင့္အျဖဳန္းခြဲျခားနားလည္၍ ဆင္ျခင္သုံး စြဲၾကရန္လုိေၾကာင္း၊ စည္းကမ္းစနစ္တက်ျဖင့္ ေဆာင္ရြက္လွ်င္ရေၾကာင္း၊ တပ္မေတာ္သားအိမ္ေထာင္သည္ မ်ားသည္ အိမ္ေထာင္ဦးစီးမ်ားျဖစ္၍ မိမိတုိ႔မိသားစုမ်ားကုိလည္း စည္းကမ္းစနစ္တက်ျဖင့္ ဦးေဆာင္မႈ ေပးႏုိင္သူမ်ားျဖစ္ေအာင္ ကုိယ္က်င့္တရား၊ အသိတရားျဖင့္ ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ မိမိကုိယ္တုိင္လည္း စည္းကမ္းစနစ္တက်ရွိရန္ ေလ့က်င့္ ေနရမည္ျဖစ္သလုိ လက္ေအာက္ကုိလည္း ေခြၽတာစုေဆာင္းတတ္ေသာ အေလ့အက်င့္ ေကာင္းမ်ားရွိလာေစရန္ ထိန္းသိမ္း ၾကပ္မတ္ၾကရမည္ျဖစ္ေၾကာင္းမွၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းေက်ာင္းမ်ားမွ နည္းျပမ်ားႏွင့္ သင္တန္းသားမ်ား အတြက္ သုတ၊ ရသစာအုပ္စာေစာင္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ရာ ေက်ာင္းအုပ္ႀကီးမ်ားက လက္ခံရ ယူၾကသည္။ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားက အားကစား ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူခဲ့ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေန႔လယ္ပိုင္း တြင္ ကြင္းေကာက္တပ္နယ္ရွိ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္း သင္တန္းသား စားရိပ္သာတြင္ သင္တန္းသားမ်ားႏွင့္ ေန႔လယ္စာ အားအတူတကြသုံးေဆာင္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ သင္တန္းေက်ာင္း မ်ားတြင္ ဥစားၾကက္မ်ား ေမြးျမဴထားရွိမႈ၊ DYL ၀က္မ်ားေမြးျမဴထားရွိမႈႏွင့္ ႏုိ႔စားႏြားမ်ားေမြးျမဴ ထားရွိမႈတုိ႔အား လိုက္လံၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့သည္။

(Unicode Version)

နိုင်ငံတော်၏ ကုန်းမြေ၊ ရေပြင်၊ ဝေဟင်ပိုင်နက်နယ်နိမိတ် များအား တပ်မတော်(ကြည်း၊ ရေ၊လေ) တပ်ဖွဲ့များက ခြံစည်းရိုးကဲ့သို့ကာရံပေးထားခြင်းဖြစ်၍ ခြံစည်းရိုးခိုင်ခံ့ ကောင်း မွန်ထက်မြက်နေရန် အမြဲပြုပြင်ထိန်းသိမ်းလေ့ကျင့်နေရမည်၊ နိုင်ငံအရေး၊ နိုင်ငံအကျိုး အတွက် အမြဲတမ်းကြိုးစား ဆောင်ရွက်နေခြင်းသည် သစ္စာစောင့်သိခြင်းပင်ဖြစ်

နေပြည်တော်၊ ဇွန် ၂၄

နိုင်ငံတော်၏ ကုန်းမြေ၊ ရေပြင်၊ ဝေဟင်ပိုင်နက်နယ်နိမိတ်များအား တပ်မတော် (ကြည်း၊ ရေ၊လေ) တပ်ဖွဲ့များက ခြံစည်းရိုးကဲ့သို့ကာရံပေးထားခြင်းဖြစ်၍ ခြံစည်းရိုးခိုင်ခံ့ ကောင်း မွန်ထက်မြက်နေရန် အမြဲပြုပြင်ထိန်းသိမ်းလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံအရေး၊ နိုင်ငံအကျိုးအတွက် အမြဲတမ်းကြိုးစား ဆောင်ရွက်နေခြင်းသည် သစ္စာစောင့်သိခြင်းပင်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဂျိုးဖြူတပ်နယ်နှင့် ကွင်းကောက်တပ်နယ်ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်းများရှိ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသား အရာရှိ၊ စစ်သည်များအား ယနေ့တွင် သီးခြားစီတွေ့ ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် သင်တန်းကျောင်းများမှ နည်းပြအရာရှိ၊ စစ်သည် များနှင့် သင်တန်းသား အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် အရည်အချင်း ပြည့်ဝသည့်တပ်မတော် (Standard Army) ဖြစ်စေရန်၊ နိုင်ငံတကာနှင့်တန်းဝင်သည့် တပ်မတော်ဖြစ်စေရန်အတွက် အချိန်၊ ငွေနှင့်လုပ်အားများရင်းနှီး၍ အရာရှိ၊ စစ်သည် တစ်ဦးချင်း၊ အဆင့်လိုက်နှင့် တပ်ဖွဲ့အလိုက် စွမ်းရည်ရှိအောင် သင်တန်းများဖွင့်လှစ် လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းများအပေါ်တွင်အလေးထား၍ သင်ကြားပေး သည့်အတတ်ပညာများကို သိရှိနားလည်အောင် လေ့လာ၊ လေ့ကျင့်ကာ လက်တွေ့တွင် လည်း လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊ အတန်းပညာများကို မေ့ပစ်၍မရသလို စစ်အတတ်ပညာများ၊ စစ်အခြေခံ သဘောတရားများကို လက်တွေ့နယ်ပယ်တွင် အသုံးချ နိုင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ပြောင်းလဲတိုးတက်လျက်ရှိသည့် နည်းပညာများ၊ အတွေးအခေါ်အယူအဆများ၊ စစ်သတင်းများ၊ ဗဟုသုတ များကို ဖတ်ရှုလေ့လာနိုင်ရန် အတွက်လည်း လိုအပ်သောစာအုပ်၊ စာစောင်များအား ထုတ်ဝေပေးလျက်ရှိသဖြင့် စာဖတ်ကြရန်လိုကြောင်း၊ စာပေဆိုသည်မှာ မိမိမဖတ်ရသေးသည့် စာပေမှန်သမျှ အဟောင်းမရှိ၊ အသစ်များ သာဖြစ်ကြောင်း၊ တပ်မတော်တွင် အစဉ်အလာကောင်းများ ရှိထားပြီးဖြစ်ကြောင်း၊ ဥပမာအားဖြင့် “ငါ့နောက်လိုက်ခဲ့” ဆိုသည်မှာ မှန်ကန်သော ခေါင်းဆောင်မှု၊ တာဝန်ယူမှုကို ထင်ရှားစေသော အစဉ်အလာကောင်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းအစဉ်အလာကောင်းများကို အမြဲတမ်းထိန်းသိမ်းနေကြရ မည်ဖြစ်ကြောင်း။

တပ်မတော်သားများအားလုံးအတွက် လေ့ကျင့်ရေးဆိုင်ရာရည်မှန်းချက်မှာ ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင် ရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင် ရမည်ဆိုရာတွင် ရာသီဥတုဒဏ်၊ အစားဆင်းရဲ၊ အနေဆင်းရဲ၊ ပင်ပန်းဆင်းရဲမှုဒဏ်များကို ကြံ့ကြံ့ခံနိုင်ပြီး တာဝန်ထမ်းဆောင်နိုင်၊ တိုက်ပွဲဝင်နိုင်ရ မည်ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးအတွက် သတ်မှတ်ထားသည့် လေ့ကျင့်ခန်းများ၊ အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် စံချိန် စံညွှန်းများ၊ ခံနိုင်ရည်စံနှုန်းများကို ရရှိအောင်အမြဲတမ်းလေ့ကျင့် လုပ်ဆောင်နေကြ ရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် နိုင်ငံတကာ စံချိန်စံညွှန်း များထက်မလျော့သော အာဟာရပြည့်ပြည့်၀၀ ပါဝင်သည့် ရိက္ခာစို၊ ရိက္ခာ ခြောက်နှင့် အခြားရိက္ခာအမယ်များကို စီမံပေးထားကြောင်း၊ ကျန်းမာရေးအတွက် မိမိတို့တစ်ဦးချင်း၏ စားသောက်မှု၊ နေထိုင်မှုကိုလည်း နည်းစနစ်တကျဖြင့် ထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေမည့် အသောက်အစား၊ အစားအသောက် တို့ကိုရှောင်ကြဉ်ရန်၊ အရက်၊ ကွမ်းယာ၊ ဆေးလိပ်တို့ကို ရှောင်ကြဉ်ရန်လိုကြောင်း၊ တပ်မတော်သားများသာမက မည်သူမဆိုထာဝရကျန်းမာကြံ့ခိုင်မှုရှိခြင်းဖြင့် မိမိတို့၏ ဘဝအတွက် အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း။

ကျွမ်းကျင်မှုရှိရန်ဆိုသည်မှာ တစ်ဦးချင်းအလိုက်၊ တပ်ဖွဲ့အလိုက်မိမိတို့ကိုင်တွယ် အသုံးပြုရသည့် လက်နက်၊ ပစ္စည်း ကိရိယာများကို ကျွမ်းကျင်မှုရှိရမည်ဖြစ်သကဲ့သို့ စစ်အတတ်ပညာများ၊ ခေါင်းဆောင်မှုအတတ်များ၊ ကဏ္ဍအလိုက်လုပ်ငန်းတာဝန် ထမ်းဆောင်မှုများကိုလည်း ကျွမ်းကျင်မှုရှိရန်၊ Skilled ဖြစ်စေရန် လေ့ကျင့် နေကြရမည် ဖြစ်ကြောင်း၊ စွမ်းရည်သတ္တိဆိုသည်မှာ ပင်ကိုယ်မူလအားဖြင့် မိမိတို့တပ်မတော်သားများ သည် သေမည်ကိုမကြောက်ဘဲ တိုင်းပြည်ကိုကာကွယ်ရန် တပ်မတော်ထဲဝင်ရောက်လာ ကြသူများဖြစ်ကြောင်း၊ တိုက်ပွဲဝင်ရာတွင် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသော တိုက်ပွဲဝင် စိတ်ဓာတ်ရှိရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကိုကာကွယ်ရန်ဟူသော အမာခံ စိတ်ဓာတ်များရှိပြီးဖြစ်ရာ တိုက်ပွဲဝင် တိုက်နည်းစနစ်များ၊ ကိုယ်ခံပညာရပ်များ၊ လက်ဝှေ့ နည်းစနစ်များ၊ အားကစားနည်းစနစ်များ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် မှန်ကန်သော တိုက်ပွဲဝင်စိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိမျိုးကို တိုးမြှင့်တည်ဆောက်ပေး လျက်ရှိကြောင်း။ စိတ်ဓာတ်နှင့်စည်းကမ်းကောင်းမွန်မှုကိုအခြေခံ၍ ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ရဲစွမ်းသတ္တိရှိမှုတို့ဖြင့် တပ်မတော်သားကောင်းဖြစ်လာအောင် လေ့ကျင့်နေကြရန် တိုက်တွန်းလိုကြောင်း။

တပ်မတော်သားများအတွက်သာမက တပ်မတော်သားမိသားစုများအတွက် စာရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာမှုများ၊ ပညာရေး၊ ကျန်းမာရေးအဆင်ပြေချောမွေ့ အောင်ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်အပါအဝင် အဖွဲ့အစည်းများ တွင် တူညီဝတ်စုံများ သတ်မှတ်ဝတ်ဆင်ကြခြင်းသည် မိမိတို့၏ တာဝန်ထမ်းဆောင်မှု အပေါ် ဂုဏ်ယူစိတ်အားမြှင့်တင်နိုင်ရန်ဖြစ်၍ ဦးခေါင်းမှခြေထောက်အထိအဆုံး တပ်မ တော်ဝတ်စုံများကို သတ်မှတ်ချက်များအတိုင်း ဝတ်စားဆင်ယင်နိုင်အောင် ပြည့်ပြည့်စုံစုံဆောင်ရွက်ပေး ထားကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်၍ အတတ် ပညာများတတ်မြောက်မှသာ အသိပညာများ၊ အတွေးအခေါ်အယူအဆများတိုးတက် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၏ ပညာရည်မြှင့် တင်ရေးကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ရှိသောခေတ်မီမျိုးချစ် တပ်မတော်တည်ဆောက်ရာတွင် လက်တွေ့နှင့်တည်ဆောက်မှသာရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာများ၊ ဗဟုသုတများအတွက် မိမိတို့ကိုယ်ပိုင်အချိန် ကို အကျိုးရှိအောင် အသုံးချ၍ စာပေဖတ်ရှုလေ့လာမှုများပြုလုပ်ကြရမည်ဖြစ်ကြောင်း။

သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးထားကြောင်း၊ တစ်ဦးချင်းအနေဖြင့်လည်း မိမိတို့၏လစာစရိတ်၊ ဝင်ငွေ၊ ထွက်ငွေ များကိုမျှတစေရန် အသုံးနှင့်အဖြုန်းခွဲခြားနားလည်၍ ဆင်ခြင်သုံး စွဲကြရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် ဆောင်ရွက်လျှင်ရကြောင်း၊ တပ်မတော်သားအိမ်ထောင်သည် များသည် အိမ်ထောင်ဦးစီးများဖြစ်၍ မိမိတို့မိသားစုများကိုလည်း စည်းကမ်းစနစ်တကျဖြင့် ဦးဆောင်မှု ပေးနိုင်သူများဖြစ်အောင် ကိုယ်ကျင့်တရား၊ အသိတရားဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကိုယ်တိုင်လည်း စည်းကမ်းစနစ်တကျရှိရန် လေ့ကျင့် နေရမည်ဖြစ်သလို လက်အောက်ကိုလည်း ချွေတာစုဆောင်းတတ်သော အလေ့အကျင့် ကောင်းများရှိလာစေရန် ထိန်းသိမ်း ကြပ်မတ်ကြရမည်ဖြစ်ကြောင်းမှကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းများမှ နည်းပြများနှင့် သင်တန်းသားများ အတွက် သုတ၊ ရသစာအုပ်စာစောင်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ ကျောင်းအုပ်ကြီးများက လက်ခံရ ယူကြသည်။ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက အားကစား ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေ့လယ်ပိုင်း တွင် ကွင်းကောက်တပ်နယ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း သင်တန်းသား စားရိပ်သာတွင် သင်တန်းသားများနှင့် နေ့လယ်စာ အားအတူတကွသုံးဆောင်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းကျောင်း များတွင် ဥစားကြက်များ မွေးမြူထားရှိမှု၊ DYL ဝက်များမွေးမြူထားရှိမှုနှင့် နို့စားနွားများမွေးမြူ ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။