တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H. E. Mrs. Dorothee Janetzke-Wenzel အား လက်ခံတွေ့ဆုံ 

ေနျပည္ေတာ္၊ ဇြန္  ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တာဝန္ၿပီးဆုံး၍ ျပန္လည္ ထြက္ခြာမည့္ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ာမနီႏုိင္ငံသံအမတ္ႀကီး H. E. Mrs. Dorothee Janetzke-Wenzel အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံ သည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ာမနီႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ ဒုတိယ သံအမတ္ႀကီးႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ ဆုိင္ရာကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ ေရးႏွင့္ပတ္သက္၍ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- (၂၁)ရာစုပင္လုံ က်င္းပေဆာင္ရြက္မႈႏွင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရးေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ႏုိင္ငံေရး ေဆာင္ရြက္ရာတြင္ ႏုိင္ငံသားတစ္ဦးခ်င္းစီ၏အခြင့္အေရးကုိ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ ျပဌာန္းထားၿပီး ျဖစ္ကာ ႏုိင္ငံအတြက္အမွန္တကယ္အက်ိဳးရွိေအာင္ ေဆာင္ရြက္ႏုိင္မည့္အဖြဲ႕အစည္း၊ လူပုဂၢိဳလ္မ်ားကုိ ျပည္သူလူထုက မွန္မွန္ကန္ကန္ေရြးခ်ယ္ေပးႏုိင္ရန္ လုိအပ္သည့္ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္ အေရးကိစၥမ်ားႏွင့္ လက္ေတြ႕ အေျခအေနမွန္မ်ားကုိ ႏုိင္ငံတကာအဖြဲ႕အစည္းမ်ားက သိရွိနားလည္ရန္ လုိအပ္သည့္ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီး အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

( Unicode Version )

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H. E. Mrs. Dorothee Janetzke-Wenzel အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H. E. Mrs. Dorothee Janetzke-Wenzel အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီးနှင့်အတူ ဒုတိယ သံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကျင်းပဆောင်ရွက်မှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေး ဆောင်ရွက်ရာတွင် နိုင်ငံသားတစ်ဦးချင်းစီ၏အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်ကာ နိုင်ငံအတွက်အမှန်တကယ်အကျိုးရှိအောင် ဆောင်ရွက်နိုင်မည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို ပြည်သူလူထုက မှန်မှန်ကန်ကန်ရွေးချယ်ပေးနိုင်ရန် လိုအပ်သည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် လက်တွေ့ အခြေအနေမှန်များကို နိုင်ငံတကာအဖွဲ့အစည်းများက သိရှိနားလည်ရန် လိုအပ်သည့် အခြေအနေများအား ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။