၂၀၁၉ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ေနျပည္ေတာ္ ဇူလိုင္ ၁၀

၂၀၁၉ ခုႏွစ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား ၀ါဆုိသကၤန္း ဆက္ကပ္လွဴဒါန္းပဲြ အခမ္း အနားကုိ ယေန႔နံနက္ပုိင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အေနာ္ရထာခန္းမ၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတုိ႔က ၀ါဆုိသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

အဆုိပါအခမ္းအနားသုိ႔ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတုိက္ ပဓာနနာယက၊ အဘိဓဇမဟာရဌဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာ ဘိ၀ံသ ဗန္းေမာ္ဆရာေတာ္ႀကီးအမွဴးျပဳေသာ ႏိုင္ငံေတာ္သံဃမဟာနာယကဆရာေတာ္ႀကီးမ်ား၊ တိပိဋကဓရ တိပိဋကေကာ၀ိဒ ဆရာေတာ္မ်ား၊ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသ၀ါဒါစရိယဆရာေတာ္ႀကီးမ်ား အပါအ၀င္ ပင့္ဖိတ္ထားသည့္သံဃာေတာ္ ၆၃ ပါး ၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွ တို႔ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ ေရ၊ ေလ)႐ံုး/ဌာနမ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တုိ႔က သံဃာေတာ္မ်ားသီးသန္႔နားေနေဆာင္၌ ႏုိင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕ ဥကၠ႒၊ ဗန္းေမာ္ေက်ာင္းတုိက္ ဆရာေတာ္ႀကီးထံ ၀ါဆိုသကၤန္းႏွင့္ လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ထို႔ေနာက္ အစီအစဥ္အရ ၀ါဆိုသကၤန္းဆက္ကပ္လွဴဒါန္းပြဲအခမ္းအနားကို နေမာတႆ သံုးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ဗန္းေမာ္ဆရာေတာ္ႀကီးထံမွ ကိုးပါးသီလခံယူ ေဆာက္တည္ၾကသည္။

ဆက္လက္၍ ဆရာေတာ္ႀကီးမ်ားရြတ္ပြားခ်ီးျမႇင့္ေတာ္မူသည့္ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားကို နာယူၾက သည္။ ထုိ႕ေနာက္ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုး၀င္းႏွင့္ဇနီးေဒၚသန္းသန္းႏြယ္တို႔က ဗန္းေမာ္ဆရာေတာ္ႀကီးထံ ၀ါဆိုသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

၎ေနာက္ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ)ႏွင့္ဇနီး ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္အရာရွိႀကီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားထံ ၀ါဆိုသကၤန္းႏွင့္ လွဴဖြယ္ ပစၥည္းမ်ားကို အသီးသီး ဆက္ကပ္လွဴဒါန္းၾကသည္။

ထို႔ေနာက္ သန္လ်င္မင္းေက်ာင္းဆရာေတာ္ႀကီးက အႏုေမာဒနာတရားေဟာၾကား ခ်ီးျမႇင့္ေတာ္မူၿပီး လွဴဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကကာ ဗုဒၶသာသနံ စိရံ တိ႒တု သံုးႀကိမ္ရြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို႐ုပ္သိမ္းလိုက္သည္။

အခမ္းအနားအၿပီးတြင္ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ ဗန္းေမာ္ ေက်ာင္းတုိက္ဆရာေတာ္ ဘုရားႀကီးအမွဴးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

(Unicode Version)

၂၀၁၉ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၁၀

၂၀၁၉ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ ဗန်းမော်ဆရာတော်ကြီးအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့်သံဃာတော် ၆၃ ပါး ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က သံဃာတော်များသီးသန့်နားနေဆောင်၌ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဗန်းမော်ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြ သည်။ ထို့နောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်တို့က ဗန်းမော်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးက အနုမောဒနာတရားဟောကြား ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော် ကျောင်းတိုက်ဆရာတော် ဘုရားကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။