တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ် ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်၍ သစ်ပင်စိုက်ပျိုးပေး

ေနျပည္ေတာ္၊ ဇူလုိင္  ၁၃

ရာသီဥတုအားအေထာက္အကူျဖစ္ေစရန္၊ အရိပ္အာ၀ါသရရွိေစရန္ႏွင့္ သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရးအတြက္ အေထာက္အကူျပဳေစရန္ ရည္႐ြယ္၍ ျပင္ဦးလြင္ တပ္နယ္၏ ၂၀၁၉ ခုႏွစ္၊ ဒုတိယအႀကိမ္ မိုးရာသီသစ္ပင္စုိက္ပ်ိဳးပြဲ အခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသုိလ္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္စုိက္ပ်ိဳးၿပီး ၾကည့္႐ႈ အားေပးသည္။

အခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ စစ္တကၠသုိလ္၊ အမွတ္စဥ္ (၁၉) ဗုိလ္ေလာင္းသင္တန္းေက်ာင္းဆင္းအရာရွိမ်ားႏွင့္ မိသားစုမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ဇနီး၊ ျပင္ဦးလြင္တပ္နယ္မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ခ်ယ္ရီပင္အား ဦးေဆာင္ စုိက္ပ်ိဳးေပးၾကသည္။ ဆက္လက္ၿပီး အခမ္းအနား တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားႏွင့္မိသားစုမ်ားက သတ္မွတ္ေနရာအသီးသီးတြင္သစ္ပင္မ်ား စုိက္ပ်ိဳးၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၏ မုိးရာသီစုေပါင္းသစ္ပင္ စုိက္ပ်ိဳးေနမႈအား လွည့္လည္ၾကည့္႐ႈ အားေပးၾကသည္။

DCIM100MEDIADJI_0004.JPG

ယေန႔က်င္းပျပဳလုပ္သည့္ ျပင္ဦးလြင္တပ္နယ္၏ ၂၀၁၉ ခုႏွစ္၊ ဒုတိယအႀကိမ္ မိုးရာသီ သစ္ပင္စုိက္ပ်ိဳးပြဲတြင္ ျပင္ဦးလြင္ၿမိဳ႕၏ ရာသီဥတုႏွင့္ ကုိက္ညီၿပီး ေဒသသာယာ လွပေရးႏွင့္ သဘာ၀ ပတ္၀န္းက်င္ထိန္းသိမ္းေရးတုိ႕အတြက္ အေထာက္အကူ ျဖစ္ေစႏုိင္သည့္ ခ်ယ္ရီပင္ ၁၂၈ ပင္ႏွင့္ ခါေတာ္မီပင္ ၁၀၈၄ ပင္၊ စုစုေပါင္း ၁၂၁၂ ပင္ တုိ႕အား စုေပါင္းစုိက္ပ်ိဳးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ် ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်၍ သစ်ပင်စိုက်ပျိုးပေး

နေပြည်တော်၊ ဇူလိုင်  ၁၃

ရာသီဥတုအားအထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ပြင်ဦးလွင် တပ်နယ်၏ ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စိုက်ပျိုးပြီး ကြည့်ရှု အားပေးသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ စစ်တက္ကသိုလ်၊ အမှတ်စဉ် (၁၉) ဗိုလ်လောင်းသင်တန်းကျောင်းဆင်းအရာရှိများနှင့် မိသားစုများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့်ဇနီး၊ ပြင်ဦးလွင်တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ချယ်ရီပင်အား ဦးဆောင် စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များနှင့်မိသားစုများက သတ်မှတ်နေရာအသီးသီးတွင်သစ်ပင်များ စိုက်ပျိုးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြင်ဦးလွင်တပ်နယ်၏ ၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပြင်ဦးလွင်မြို့၏ ရာသီဥတုနှင့် ကိုက်ညီပြီး ဒေသသာယာ လှပရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အထောက်အကူ ဖြစ်စေနိုင်သည့် ချယ်ရီပင် ၁၂၈ ပင်နှင့် ခါတော်မီပင် ၁၀၈၄ ပင်၊ စုစုပေါင်း ၁၂၁၂ ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။