ခေါင်းဆောင်မှုတွင် ခေါင်းဆောင်ကောင်းလျှင် တိုးတက်မည်၊ ခေါင်းဆောင်ညံ့လျှင် ဆုံးရှုံးမည်၊ တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ခေါင်းဆောင်၏ဦးဆောင်မှု ညံ့ဖျင်းပါက အသက်များစွာ ဆုံးရှုံးစေနိုင်မည်၊ ထိုနည်းတူစွာ နိုင်ငံ့ ခေါင်းဆောင်မှုအပိုင်းတွင်လည်း ခေါင်းဆောင်ကောင်းပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံး နစ်နာနိုင်မည်ဖြစ်သဖြင့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် အမြဲကြိုးပမ်းနေရမည်ဖြစ်

ေနျပည္ေတာ္၊ ဇူလုိင္  ၁၃

ေခါင္းေဆာင္မႈတြင္ ေခါင္းေဆာင္ေကာင္းလွ်င္ တုိးတက္မည္၊ ေခါင္းေဆာင္ ညံ့လွ်င္ ဆုံး႐ႈံးမည္၊ တပ္ပုိင္းဆုိင္ရာကိစၥမ်ားတြင္ ေခါင္းေဆာင္၏ ဦးေဆာင္မႈ ညံ့ဖ်င္းပါက အသက္မ်ားစြာ ဆုံး႐ႈံးေစႏုိင္မည္၊ ထိုနည္းတူစြာ ႏုိင္ငံ့ ေခါင္းေဆာင္မႈ အပုိင္းတြင္လည္း ေခါင္းေဆာင္ေကာင္းပါက တုိင္းျပည္ဖြံ႕ၿဖိဳးတုိးတက္မည္ျဖစ္ၿပီး ေခါင္းေဆာင္မႈ ညံ့ဖ်င္းပါက တုိင္းျပည္အတြက္ ဆုံး႐ႈံး နစ္နာႏုိင္မည္ျဖစ္သျဖင့္ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေအာင္ အၿမဲႀကိဳးပမ္းေနရမည္ျဖစ္ ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႕ နံနက္ပုိင္းတြင္ စစ္တကၠသုိလ္ ၊ တပ္မေတာ္နည္းပညာတကၠသုိလ္၊ ဥပေဒဒီပလုိမာ (အရာရွိ) သင္တန္းႏွင့္ နယ္ေျမခံတပ္မေတာ္ေဆး႐ုံတုိ႕မွ နည္းျပပါေမာကၡ၊ ကထိကအရာရွိႀကီးမ်ား၊ နည္းျပအရာရွိႀကီးမ်ား၊ သင္တန္းသားအရာရွိႀကီးမ်ားႏွင့္ ပါရဂူေဆးမွဴးမ်ားအား စစ္တကၠသုိလ္၊ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ေတြ႕ဆုံ အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါ ေတြ႕ဆုံပြဲသုိ႕ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေက်ာ္စြာလင္း ႏွင့္ သင္တန္းေက်ာင္း မ်ားမွ တာ၀န္ရွိသူမ်ား၊ နည္းျပအရာရွိမ်ား၊ သင္တန္းသားအရာရွိႀကီးမ်ားႏွင့္ ပါရဂူေဆးမွဴးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ စစ္ဘက္ေခါင္းေဆာင္မ်ား၏ အခန္းက႑သည္ အေရးႀကီးသျဖင့္ စစ္ေက်ာင္းႀကီးမ်ား အသီးသီးက လက္႐ုံးရည္၊ ႏွလုံးရည္ႏွင့္ ျပည့္၀ေသာ၊ ပညာရပ္ဆုိင္ရာမ်ားတြင္ ကြၽမ္းက်င္မႈရွိေသာ ေခါင္းေဆာင္မ်ား ေမြးထုတ္ေပးရန္လုိ ေၾကာင္း၊ ေခါင္းေဆာင္မ်ား အေနျဖင့္ အၿမဲတမ္း ေလ့လာ၊ ေလ့က်င့္၊ လုိက္နာေနမွသာ မိမိေခါင္းေဆာင္သည့္ အဖြဲ႕အစည္းကုိ မွန္ကန္သည့္ ဦးေဆာင္မႈျဖင့္ မိမိအဖြဲ႕အစည္း၏ပုံရိပ္ကုိ ျမႇင့္တင္ႏုိင္မည္ ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈဆုိသည္မွာ အသက္အရြယ္ႏွင့္မဆုိင္ဘဲ စဥ္းစားဆုံးျဖတ္ ႏုိင္စြမ္းႏွင့္ ေတြးေခၚေျမာ္ျမင္မႈကုိ အေျခခံ ေၾကာင္း၊ စစ္ဘက္ေခါင္းေဆာင္အေနျဖင့္ လက္႐ုံးရည္၊ ႏွလုံးရည္ႏွင့္ျပည့္၀၍ မိမိဦးေဆာင္သည့္ အဖြဲ႕အစည္း၏ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး၊ လုံၿခဳံေရး စသည့္ သက္သာေခ်ာင္ခ်ိမႈ၊ အုပ္ခ်ဳပ္မႈကိစၥမွန္သမွ်ကုိ မွန္မွန္ကန္ကန္ႏွင့္ ဦးေဆာင္၍ စီမံခန္႕ခြဲႏုိင္ရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ထုိ႕ေနာက္ ေခါင္းေဆာင္မႈတြင္ ေခါင္းေဆာင္ေကာင္းလွ်င္ တုိးတက္မည္၊ ေခါင္းေဆာင္ညံ့လွ်င္ ဆုံး႐ႈံးမည္၊ တပ္ပုိင္းဆုိင္ရာကိစၥမ်ားတြင္ ေခါင္းေဆာင္၏ ဦးေဆာင္မႈ ညံ႕ဖ်င္းပါက အသက္မ်ားစြာ ဆုံး႐ႈံးေစႏုိင္မည္၊ ထိုနည္းတူစြာ ႏုိင္ငံ့ ေခါင္းေဆာင္မႈ အပုိင္းတြင္လည္း ေခါင္းေဆာင္ေကာင္းပါက တုိင္းျပည္ဖြံ႕ၿဖိဳးတုိးတက္မည္ျဖစ္ၿပီး ေခါင္းေဆာင္မႈ ညံ့ဖ်င္းပါက တုိင္းျပည္အတြက္ ဆုံး႐ႈံး နစ္နာႏုိင္မည္ျဖစ္သျဖင့္ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေအာင္ အၿမဲႀကိဳးပမ္းေနရမည္ ျဖစ္ေၾကာင္း၊ ထုိ႕ေၾကာင့္ ေခါင္းေဆာင္ဆုိ သည္မွာ ဆင္ျခင္တုံတရားႏွင့္ အသိ၊ သတိ အၿမဲထား၍ ေဆာင္ရြက္ ရမည္ျဖစ္ ေၾကာင္း၊ မိသားစုတစ္စုတြင္ အိမ္ေထာင္ဦးစီးသည္ မိသားစုကုိထိန္းသိမ္းႏုိင္စြမ္း ရွိရမည္ျဖစ္ေၾကာင္း၊ မိသားစုအတြက္ ဂုဏ္ယူရသည့္ အိမ္ေထာင္ဦးစီး ျဖစ္သကဲ့သုိ႕ မိမိ ဦးေဆာင္သည့္ အဖြဲ႕ အစည္းကုိ ေကာင္းမြန္စြာေခါင္းေဆာင္ႏိုင္သည့္ ေခါင္းေဆာင္ေကာင္း ျဖစ္ရန္လုိ ေၾကာင္း၊ မိမိ ဦးေဆာင္ရသည့္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္ မိသားစုမ်ား၏ သက္သာ ေခ်ာင္ခ်ိေရးႏွင့္ လူမႈေရး အခက္အခဲမ်ားကုိ ေစာင့္ၾကည့္ေျဖရွင္းေပးရမည္ျဖစ္ ေၾကာင္း၊ မိသားစုတုုိင္းတြင္ ေၾကာင့္ၾကမႈမ်ားရွိတတ္သည့္အတြက္ ဦးစီးေခါင္းေဆာင္က ေျဖရွင္းႏွစ္သိမ့္ ေပးႏုိင္ရန္လုိ ေၾကာင္း၊ တပ္မေတာ္တြင္ အခ်ိန္ကုိအက်ဳိးရွိစြာ အသုံးခ်ႏုိင္ေရး စီမံခန္႕ခြဲ ထားေပးၿပီးျဖစ္ေၾကာင္း၊ စစ္သည္တစ္ဦးခ်င္းစီတြင္ ဆင့္ကဲသတင္း ပုိ႕ႏုိင္သည့္ အခြင့္အေရး ရွိ ေၾကာင္း၊ မိမိအခက္အခဲမ်ားအား မွန္မွန္ကန္ကန္ ရဲရဲ၀ံ့၀ံ့ တင္ျပ ႏိုင္ျခင္း၊ ဆႏၵေဖာ္ထုတ္ပြဲမ်ားတြင္ တင္ျပႏုိင္ျခင္း၊ တာ၀န္ရွိသူအဆင့္ဆင့္က ေလ်ာ္ညီစြာမွန္မွန္ကန္ကန္ ေျဖရွင္းေဆာင္ရြက္ေပး ျခင္းျဖင့္ တပ္တြင္းဒီမုိကေရစီစနစ္ကုိ စည္းကမ္းစနစ္တက် က်င့္သုံး ေဆာင္ရြက္လ်က္ရွိ ေၾကာင္းျဖင့္ မွာၾကားသည္။

ထုိ႕အျပင္ မည္သည့္အဖြဲ႕အစည္းတြင္မဆုိ ေခါင္းေဆာင္သည္ အေရးႀကီးသည့္ အတြက္ မိမိကုိယ္ကုိ ေကာင္းမြန္ေအာင္ အၿမဲတမ္းတည္ေဆာက္ၿပီးေနရမည္ ျဖစ္ေၾကာင္း၊ မိမိအဖြဲ႕အစည္းက အားကုိး ရသည့္ေခါင္းေဆာင္မ်ားျဖစ္ရန္ မိမိတုိ႕ အရည္အေသြး တုိးတက္ေအာင္ႀကိဳးစား ေဆာင္ရြက္ၾကရန္ လုိေၾကာင္း၊ မိမိျဖတ္သန္းလာသည့္ အေတြ႕အႀကဳံမ်ားအေပၚ အေျခခံ၍ ရင့္က်က္စြာျဖင့္ တည္ေဆာက္ရမည္ ျဖစ္ေၾကာင္း၊ မိမိကုိယ္ကုိႏွင့္ လက္ေအာက္ကုိ အလုိမလုိက္ရန္၊ သြားသင့္ သည့္ေနရာ ကုိသာသြားရန္၊ ေပါင္းသင့္သည့္သူကုိသာေပါင္းရန္၊ လုပ္သင့္သည့္ အလုပ္ကုိသာလုပ္ရန္ ႏွင့္ေျပာသင့္သည္ကုိသာေျပာရန္ဟူေသာ သင့္ ၄ သင့္ကုိလုိက္နာရန္လုိေၾကာင္း၊ အဖြဲ႕အစည္းတစ္ခု ေကာင္းျခင္း၊ မေကာင္းျခင္းသည္ ကြပ္ကဲသည့္ေခါင္းေဆာင္အေပၚ မ်ားစြာ မူတည္ ေၾကာင္း၊ ထုိ႕ေၾကာင့္ ေခါင္းေဆာင္မ်ားအေနျဖင့္ အတတ္ပညာ၊ အသိပညာမ်ားကုိ အၿမဲမျပတ္ေလ့လာ ဆည္းပူး၍ မိမိကုိယ္တုိင္ႏွင့္ မိမိကြပ္ကဲဦးေဆာင္ရသည့္ အဖြဲ႕အစည္းကုိ စည္းလုံးညီၫြတ္ၿပီး တုိးတက္ေအာင္ ထိန္းသိမ္းေဆာင္ရြက္ ေနရမည္ ျဖစ္ေၾကာင္း၊ ထုိသုိ႕ေဆာင္ရြက္ရာတြင္ ျဖစ္သင့္တာ ျဖစ္ေအာင္၊ မျဖစ္သင့္တာ မျဖစ္ေအာင္ ေစတနာထား၍ စနစ္တက်ၾကပ္မတ္ကြပ္ကဲ ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႕တစ္ဦးခ်င္း ေကာင္းမြန္ေအာင္ တည္ေဆာက္ျခင္းျဖင့္ မိမိတပ္ဖြဲ႕၊ မိမိတပ္မေတာ္၊ ႏုိင္ငံေတာ္အတြက္ ေကာင္းမြန္ေအာင္ တည္ေဆာက္ႏုိင္ၾကမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

(Unicode Version)

ခေါင်းဆောင်မှုတွင် ခေါင်းဆောင်ကောင်းလျှင် တိုးတက်မည်၊ ခေါင်းဆောင်ညံ့လျှင် ဆုံးရှုံးမည်၊ တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ခေါင်းဆောင်၏ဦးဆောင်မှု ညံ့ဖျင်းပါက အသက်များစွာ ဆုံးရှုံးစေနိုင်မည်၊ ထိုနည်းတူစွာ နိုင်ငံ့ ခေါင်းဆောင်မှုအပိုင်းတွင်လည်း ခေါင်းဆောင်ကောင်းပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံး နစ်နာနိုင်မည်ဖြစ်သဖြင့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် အမြဲကြိုးပမ်းနေရမည်ဖြစ်

နေပြည်တော်၊ ဇူလိုင်  ၁၃

ခေါင်းဆောင်မှုတွင် ခေါင်းဆောင်ကောင်းလျှင် တိုးတက်မည်၊ ခေါင်းဆောင် ညံ့လျှင် ဆုံးရှုံးမည်၊ တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ခေါင်းဆောင်၏ ဦးဆောင်မှု ညံ့ဖျင်းပါက အသက်များစွာ ဆုံးရှုံးစေနိုင်မည်၊ ထိုနည်းတူစွာ နိုင်ငံ့ ခေါင်းဆောင်မှု အပိုင်းတွင်လည်း ခေါင်းဆောင်ကောင်းပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံး နစ်နာနိုင်မည်ဖြစ်သဖြင့် ခေါင်းဆောင်ကောင်းများဖြစ်အောင် အမြဲကြိုးပမ်းနေရမည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် စစ်တက္ကသိုလ် ၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဥပဒေဒီပလိုမာ (အရာရှိ) သင်တန်းနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့မှ နည်းပြပါမောက္ခ၊ ကထိကအရာရှိကြီးများ၊ နည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိကြီးများနှင့် ပါရဂူဆေးမှူးများအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း နှင့် သင်တန်းကျောင်း များမှ တာဝန်ရှိသူများ၊ နည်းပြအရာရှိများ၊ သင်တန်းသားအရာရှိကြီးများနှင့် ပါရဂူဆေးမှူးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်ဘက်ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် စစ်ကျောင်းကြီးများ အသီးသီးက လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်ဝသော၊ ပညာရပ်ဆိုင်ရာများတွင် ကျွမ်းကျင်မှုရှိသော ခေါင်းဆောင်များ မွေးထုတ်ပေးရန်လို ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် အမြဲတမ်း လေ့လာ၊ လေ့ကျင့်၊ လိုက်နာနေမှသာ မိမိခေါင်းဆောင်သည့် အဖွဲ့အစည်းကို မှန်ကန်သည့် ဦးဆောင်မှုဖြင့် မိမိအဖွဲ့အစည်း၏ပုံရိပ်ကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ အသက်အရွယ်နှင့်မဆိုင်ဘဲ စဉ်းစားဆုံးဖြတ် နိုင်စွမ်းနှင့် တွေးခေါ်မြော်မြင်မှုကို အခြေခံ ကြောင်း၊ စစ်ဘက်ခေါင်းဆောင်အနေဖြင့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်ဝ၍ မိမိဦးဆောင်သည့် အဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့် သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စမှန်သမျှကို မှန်မှန်ကန်ကန်နှင့် ဦးဆောင်၍ စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ခေါင်းဆောင်မှုတွင် ခေါင်းဆောင်ကောင်းလျှင် တိုးတက်မည်၊ ခေါင်းဆောင်ညံ့လျှင် ဆုံးရှုံးမည်၊ တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ခေါင်းဆောင်၏ ဦးဆောင်မှု ညံ့ဖျင်းပါက အသက်များစွာ ဆုံးရှုံးစေနိုင်မည်၊ ထိုနည်းတူစွာ နိုင်ငံ့ ခေါင်းဆောင်မှု အပိုင်းတွင်လည်း ခေါင်းဆောင်ကောင်းပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းပါက တိုင်းပြည်အတွက် ဆုံးရှုံး နစ်နာနိုင်မည်ဖြစ်သဖြင့် ခေါင်းဆောင်ကောင်းများဖြစ်အောင် အမြဲကြိုးပမ်းနေရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ဆို သည်မှာ ဆင်ခြင်တုံတရားနှင့် အသိ၊ သတိ အမြဲထား၍ ဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီးသည် မိသားစုကိုထိန်းသိမ်းနိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း၊ မိသားစုအတွက် ဂုဏ်ယူရသည့် အိမ်ထောင်ဦးစီး ဖြစ်သကဲ့သို့ မိမိ ဦးဆောင်သည့် အဖွဲ့ အစည်းကို ကောင်းမွန်စွာခေါင်းဆောင်နိုင်သည့် ခေါင်းဆောင်ကောင်း ဖြစ်ရန်လို ကြောင်း၊ မိမိ ဦးဆောင်ရသည့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည် မိသားစုများ၏ သက်သာ ချောင်ချိရေးနှင့် လူမှုရေး အခက်အခဲများကို စောင့်ကြည့်ဖြေရှင်းပေးရမည်ဖြစ် ကြောင်း၊ မိသားစုတိုင်းတွင် ကြောင့်ကြမှုများရှိတတ်သည့်အတွက် ဦးစီးခေါင်းဆောင်က ဖြေရှင်းနှစ်သိမ့် ပေးနိုင်ရန်လို ကြောင်း၊ တပ်မတော်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး စီမံခန့်ခွဲ ထားပေးပြီးဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းစီတွင် ဆင့်ကဲသတင်း ပို့နိုင်သည့် အခွင့်အရေး ရှိ ကြောင်း၊ မိမိအခက်အခဲများအား မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ တင်ပြ နိုင်ခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် တင်ပြနိုင်ခြင်း၊ တာဝန်ရှိသူအဆင့်ဆင့်က လျော်ညီစွာမှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေး ခြင်းဖြင့် တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်းစနစ်တကျ ကျင့်သုံး ဆောင်ရွက်လျက်ရှိ ကြောင်းဖြင့် မှာကြားသည်။

ထို့အပြင် မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်သည် အရေးကြီးသည့် အတွက် မိမိကိုယ်ကို ကောင်းမွန်အောင် အမြဲတမ်းတည်ဆောက်ပြီးနေရမည် ဖြစ်ကြောင်း၊ မိမိအဖွဲ့အစည်းက အားကိုး ရသည့်ခေါင်းဆောင်များဖြစ်ရန် မိမိတို့ အရည်အသွေး တိုးတက်အောင်ကြိုးစား ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိဖြတ်သန်းလာသည့် အတွေ့အကြုံများအပေါ် အခြေခံ၍ ရင့်ကျက်စွာဖြင့် တည်ဆောက်ရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကိုနှင့် လက်အောက်ကို အလိုမလိုက်ရန်၊ သွားသင့် သည့်နေရာ ကိုသာသွားရန်၊ ပေါင်းသင့်သည့်သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန် နှင့်ပြောသင့်သည်ကိုသာပြောရန်ဟူသော သင့် ၄ သင့်ကိုလိုက်နာရန်လိုကြောင်း၊ အဖွဲ့အစည်းတစ်ခု ကောင်းခြင်း၊ မကောင်းခြင်းသည် ကွပ်ကဲသည့်ခေါင်းဆောင်အပေါ် များစွာ မူတည် ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်များအနေဖြင့် အတတ်ပညာ၊ အသိပညာများကို အမြဲမပြတ်လေ့လာ ဆည်းပူး၍ မိမိကိုယ်တိုင်နှင့် မိမိကွပ်ကဲဦးဆောင်ရသည့် အဖွဲ့အစည်းကို စည်းလုံးညီညွတ်ပြီး တိုးတက်အောင် ထိန်းသိမ်းဆောင်ရွက် နေရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖြစ်သင့်တာ ဖြစ်အောင်၊ မဖြစ်သင့်တာ မဖြစ်အောင် စေတနာထား၍ စနစ်တကျကြပ်မတ်ကွပ်ကဲ ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း ကောင်းမွန်အောင် တည်ဆောက်ခြင်းဖြင့် မိမိတပ်ဖွဲ့၊ မိမိတပ်မတော်၊ နိုင်ငံတော်အတွက် ကောင်းမွန်အောင် တည်ဆောက်နိုင်ကြမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။