တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယအရှေ့ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်မှူးက ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ Bharat Dynamics Limited နှင့် Thotlakonda Buddhist Complex များသို့ သွားရောက်လေ့လာ

ေနျပည္ေတာ္၊ ဇူလုိင္ – ၂၆

အိႏၵိယတပ္မေတာ္(ၾကည္း၊ေရ၊ေလ)ဦးစီးခ်ဳပ္မ်ားေကာ္မတီဥကၠ႒ႏွင့္ ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal Birender Singh Dhanoa ၏ ဖိတ္ၾကားခ်က္အရ အိႏၵိယႏိုင္ငံ၊ ဗီဇာကာပတ္တနန္ၿမဳိ႕၌ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အား ဇူလိုင္ ၂၅ ရက္ ေဒသစံေတာ္ ခ်ိန္ ၁၀ နာရီ ၃၀ မိနစ္ခန္႔တြင္ အိႏၵိယအေရွ႕ပိုင္း ေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္၌ ဌာနခ်ဳပ္မွဴး Vice Admiral Atul Kumar Jain က ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကဳိဆိုသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဂုဏ္ျပဳႀကိဳဆိုပြဲ က်င္းပမည့္ေနရာသို႔ ေရာက္ရွိၾကရာ အိႏၵိယအေရွ႕ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴးက ခင္မင္ရင္းႏွီးစြာ ႏႈတ္ဆက္ သည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အား ၾကည့္႐ႈစစ္ေဆးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ အိႏၵိယ အေရွ႕ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴး Vice Admiral Atul Kumar Jain တို႔သည္ အေရွ႕ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္၊ အစည္းအေ၀းခန္းမ၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။ အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေလ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး အိႏၵိယအေရွ႕ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴး Vice Admiral Atul Kumar Jain ႏွင့္အတူ အိႏၵိယႏုိင္ငံစစ္သံမွဴးမ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗီဇာကာပတ္တနန္ၿမိဳ႕သည္ ႏိုင္ငံ့ခရီးသြား လုပ္ငန္းမ်ားအတြက္ အေရးပါသည့္ေနရာတစ္ခုျဖစ္ေၾကာင္း၊ ျမန္မာ့တပ္မေတာ္(ေရ)ႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈ ပထမဆံုးစတင္ခဲ့သည့္ၿမိဳ႕ျဖစ္ၿပီး ျမန္မာ့တပ္မေတာ္(ေရ)မွ စစ္သေဘၤာမ်ား အိႏၵိယ သမုဒၵရာကုိျဖတ္ေက်ာ္၍ ပထမဆုံးခ်စ္ၾကည္ေရး ခရီးသြားေရာက္ခဲ့သည့္ ၿမိဳ႕ျဖစ္ေၾကာင္း ေဆြးေႏြး ေျပာၾကားသည္။ အိႏၵိယအေရွ႕ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴးက ျပန္လည္ေျပာၾကားရာတြင္ ျမန္မာႏုိင္ငံသည္ အိႏၵိယႏုိင္ငံအတြက္ အေရးႀကီးသည့္ႏုိင္ငံတစ္ခုျဖစ္ေၾကာင္း၊ သင္တန္းပိုင္းဆိုင္ရာ မ်ားႏွင့္ နည္းပညာပိုင္းမ်ားတြင္ ဆက္လက္၍ ပိုမိုပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကား ခဲ့ၿပီး ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တုိးျမႇင့္ ေဆာင္ရြက္သြားမည့္အေျခအေန မ်ားႏွင့္ ေလ့က်င့္ေရးဆုိင္ရာမ်ားတြင္ ပူးေပါင္းေဆာင္ရြက္သြားမည့္ အေျခအေနမ်ားအား ေဆြးေႏြး ခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အိႏၵိယအေရွ႕ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴးတို႔သည္ အထိမ္းအမွတ္တံဆိပ္မ်ား အျပန္အလွန္ေပးအပ္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား အိႏၵိယအေရွ႕ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္မွ တာ၀န္ရွိသူတစ္ဦးက ေရတပ္ပုိင္းဆုိင္ရာမ်ားႏွင့္ ပတ္သက္၍ PowerPoint ျဖင့္ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရေၾကာင္းပုိင္နက္လုံၿခံဳေရးအတြက္ ႏုိင္ငံတစ္ႏုိင္ငံတည္း ေဆာင္ရြက္၍မရဘဲ ေရပုိင္နက္ နယ္နမိတ္ထိစပ္ေနသည့္ႏုိင္ငံမ်ား စုေပါင္းေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း ျပန္လည္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ မြန္းလြဲပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေရငုပ္သေဘၤာတုိက္ဖ်က္ေရးတုိပီဒုိထုတ္လုပ္သည့္ Bharat Dynamics Limited သို႔ သြားေရာက္ၾကည့္႐ႈေလ့လာၾကရာ ကုမၸဏီမွ တာ၀န္ရွိသူမ်ားက ႀကဳိဆိုႏႈတ္ဆက္ၾကၿပီး တုိပီဒုိ ထုတ္လုပ္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိ လုိသည္မ်ားျပန္လည္ ေမးျမန္းေဆြးေႏြးခဲ့သည္။ ယင္းေနာက္ စက္ရုံအတြင္း တုိပီဒုိထုတ္လုပ္ေနမႈ အေျခအေနမ်ားအား လုိက္လံၾကည့္ရႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသခဲ့ၾက သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စက္ရုံဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္ တြင္ လက္မွတ္ေရးထုိးၿပီး အျပန္အလွန္လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ၾကသည္။

ညေနပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဗီဇာကာပတ္တနန္ၿမိဳ႕၏ ၁၅ ကီလုိမီတာအကြာရွိ Bheemunipatnam ေတာင္ကုန္းေပၚတြင္ တည္ထားကုိးကြယ္သည့္ Thotlakonda Buddhist Complex သုိ႕ သြားေရာက္ ေလ့လာဖူးေျမာ္ၾကသည္။ အဆုိပါ Thotlakonda Buddhist Complex သည္ ဘီစီ ၂၀၀ ခန္႔မွ ေအဒီ ၂၀၀ ခန္႔အထိ သာသနာ ထြန္းကားခဲ့ၿပီး ဗုဒၶဘာသာဘုန္းေတာ္ႀကီး ေက်ာင္းမ်ား တည္ေဆာက္ခဲ့သည့္ သာသနာ့နယ္ေျမ တစ္ခုျဖစ္ကာ အေရွ႕ေတာင္အာရွ ေနရာအႏွံ႕အျပားႏွင့္ သီရိလကၤာႏုိင္ငံမ်ားသုိ႕ ဗုဒၶဘာသာ ျပန္႔ပြားျခင္း၏ အရင္းအျမစ္တစ္ခု ျဖစ္ခဲ့ေၾကာင္းႏွင့္ Thotlakonda Buddhist Complex အား တူးေဖာ္စဥ္တြင္ အိႏိၵယႏိုင္ငံ၏ ႏုိင္ငံျခားကုန္သြယ္မႈ ျပဳလုပ္ခဲ့သည့္ အေထာက္အထားမ်ားအျဖစ္ ေရာမေခတ္သံုး ေငြဒဂၤါးျပားမ်ား၊ ဗုဒၶဘာသာကိုးကြယ္ရာ အထိမ္းအမွတ္ျဖစ္ေသာ ေစတီပုံစံငယ္ မ်ားႏွင့္ ဗုဒၶေျခေတာ္ရာမ်ားကုိလည္း ေတြ႕ရွိခဲ့ေၾကာင္း သိရွိရသည္။

ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕အား အိႏၵိယအေရွ႕ပိုင္းေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္ ဌာနခ်ဳပ္မွဴး Vice Admiral Atul Kumar Jain က ညစာစားပြဲျဖင့္ တည္ခင္းဧည့္ခံခဲ့ၿပီး ႏႈတ္ခြန္းဆက္စကားမ်ား အသီးသီးေျပာၾကားကာ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ ခဲ့ေၾကာင္းႏွင့္ ညစာမသံုးေဆာင္မီႏွင့္ သံုးေဆာင္ေနစဥ္အတြင္း ေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့သည့္ အိႏိၵယအေရွ႕ပိုင္း ေရတပ္ကြပ္ကဲမႈဌာနခ်ဳပ္၊ တီး၀ိုင္းအဖြဲ႕အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယအရှေ့ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်မှူးက ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ Bharat Dynamics Limited နှင့် Thotlakonda Buddhist Complex များသို့ သွားရောက်လေ့လာ

နေပြည်တော်၊ ဇူလိုင် – ၂၆

အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ်တနန်မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဇူလိုင် ၂၅ ရက် ဒေသစံတော် ချိန် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၌ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပမည့်နေရာသို့ ရောက်ရှိကြရာ အိန္ဒိယအရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူးက ခင်မင်ရင်းနှီးစွာ နှုတ်ဆက် သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Atul Kumar Jain တို့သည် အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယအရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Atul Kumar Jain နှင့်အတူ အိန္ဒိယနိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗီဇာကာပတ်တနန်မြို့သည် နိုင်ငံ့ခရီးသွား လုပ်ငန်းများအတွက် အရေးပါသည့်နေရာတစ်ခုဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်(ရေ)နှင့် ပူးပေါင်း ဆောင်ရွက်မှု ပထမဆုံးစတင်ခဲ့သည့်မြို့ဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)မှ စစ်သင်္ဘောများ အိန္ဒိယ သမုဒ္ဒရာကိုဖြတ်ကျော်၍ ပထမဆုံးချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့် မြို့ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။ အိန္ဒိယအရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူးက ပြန်လည်ပြောကြားရာတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အရေးကြီးသည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သင်တန်းပိုင်းဆိုင်ရာ များနှင့် နည်းပညာပိုင်းများတွင် ဆက်လက်၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေ များနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယအရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူးတို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား အိန္ဒိယအရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရေတပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ PowerPoint ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းပိုင်နက်လုံခြုံရေးအတွက် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရဘဲ ရေပိုင်နက် နယ်နမိတ်ထိစပ်နေသည့်နိုင်ငံများ စုပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးပြောကြားသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးတိုပီဒိုထုတ်လုပ်သည့် Bharat Dynamics Limited သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တိုပီဒို ထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိ လိုသည်များပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။ ယင်းနောက် စက်ရုံအတွင်း တိုပီဒိုထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြ သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံဧည့်သည်တော် မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးပြီး အပြန်အလှန်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီဇာကာပတ်တနန်မြို့၏ ၁၅ ကီလိုမီတာအကွာရှိ Bheemunipatnam တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်သည့် Thotlakonda Buddhist Complex သို့ သွားရောက် လေ့လာဖူးမြော်ကြသည်။ အဆိုပါ Thotlakonda Buddhist Complex သည် ဘီစီ ၂၀၀ ခန့်မှ အေဒီ ၂၀၀ ခန့်အထိ သာသနာ ထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများ တည်ဆောက်ခဲ့သည့် သာသနာ့နယ်မြေ တစ်ခုဖြစ်ကာ အရှေ့တောင်အာရှ နေရာအနှံ့အပြားနှင့် သီရိလင်္ကာနိုင်ငံများသို့ ဗုဒ္ဓဘာသာ ပြန့်ပွားခြင်း၏ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ကြောင်းနှင့် Thotlakonda Buddhist Complex အား တူးဖော်စဉ်တွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပြုလုပ်ခဲ့သည့် အထောက်အထားများအဖြစ် ရောမခေတ်သုံး ငွေဒင်္ဂါးပြားများ၊ ဗုဒ္ဓဘာသာကိုးကွယ်ရာ အထိမ်းအမှတ်ဖြစ်သော စေတီပုံစံငယ် များနှင့် ဗုဒ္ဓခြေတော်ရာများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယအရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး Vice Admiral Atul Kumar Jain က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြောင်းနှင့် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည့် အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။