မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဗီဇာကာပတ်တနန်မြို့မှ ပူနေးမြို့ရှိ National Defence Academy (NDA) သို့ ရောက်ရှိလေ့လာ

ေနျပည္ေတာ္၊ ဇူလုိင္ ၂၇

အိႏၵိယသမၼတႏိုင္ငံ၊ ဗီဇာကာပတ္တနန္ၿမိဳ႕၌ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖဲြ႕သည္ ဇူလိုင္ ၂၆ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၈ နာရီ ၃၀ မိနစ္ခန္႔တြင္ အိႏၵိယတပ္မေတာ္အထူးေလယာဥ္ျဖင့္ ပူေနးၿမိဳ႕သို႔ ထြက္ခြာခဲ့ၿပီး ၎မွတစ္ဆင့္ ရဟတ္ယာဥ္ျဖင့္ ဆက္လက္ထြက္ခြာခဲ့ရာ ပူေနးၿမိဳ႕ရွိ National Defence Academy (NDA)သို႔ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၁ နာရီတြင္ ေရာက္ရိွခဲ့ရာ National Defence Academy (NDA) မွတာ၀န္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားသည္ National Defence Academy (NDA) တြင္ တက္ေရာက္လ်က္ရွိသည့္ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားဗိုလ္ေလာင္းမ်ားႏွင့္ ေတြ႕ဆံု၍ သင္ၾကားေပးသည့္ အတတ္ပညာ၊ အသိပညာမ်ားအား စည္းကမ္းစနစ္တက်ျဖင့္ ႀကိဳးစားအားထုတ္ သင္ယူသြားရမည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ မွာၾကားခဲ့ၿပီး သင္တန္းတက္ေရာက္ေနမႈအေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးေမးျမန္းအားေပးစကား ေျပာၾကားသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား ေက်ာင္းအုပ္ႀကီး Air Marshal IP Vipin ႏွင့္ တာ၀န္ရွိသူမ်ားက ေက်ာင္းအုပ္ႀကီး႐ံုးခန္း၌ ေတြ႕ဆံု၍ ေလ့က်င့္သင္ၾကား ေနမႈဆိုင္ရာမ်ားအား ေဆြးေႏြးေျပာၾကားသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္က ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး ေက်ာင္းအုပ္ႀကီးႏွင့္ အထိမ္းအမွတ္တံဆိပ္မ်ား အျပန္အလွန္ေပးအပ္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားအား National Defence Academy (NDA) မွ တာ၀န္ရွိသူတစ္ဦးက သင္တန္းေက်ာင္း သမိုင္းအက်ဥ္း၊ ျမန္မာ့တပ္မေတာ္မွ သင္တန္းသားအခ်ဳိ႕ အပါအ၀င္ အျခားျပည္ပႏိုင္ငံမ်ားမွ သင္တန္းတက္ေရာက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ သင္တန္းႏွစ္အလိုက္ ေလ့က်င့္သင္ၾကားေပးေနမႈအေျခအေနမ်ားအား PowerPoint ျဖင့္ ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားအား ေမးျမန္း ေဆြးေႏြးခဲ့ရာ ေက်ာင္းအုပ္ႀကီးႏွင့္ တာ၀န္ရွိသူတို႔က ျပန္လည္ရွင္းလင္း ေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ National Defence Academy (NDA) အတြင္း လွည့္လည္၍ သင္တန္းသားအိပ္ေဆာင္မ်ားႏွင့္ စားရိပ္သာတို႔အား ၾကည့္႐ႈ ေလ့လာခဲ့ၾကရာ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္း ျပသခဲ့ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖဲြ႕အား သင္တန္းေက်ာင္း အရာရွိစားရိပ္သာ၌ ေက်ာင္းအုပ္ႀကီး Air Marshal IP Vipin က ေန႕လယ္စာျဖင့္ တည္ခင္းဧည့္ခံခဲ့ၿပီး လက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ေၾကာင္းႏွင့္ ေန႕လယ္စာ မသံုးေဆာင္မီႏွင့္ သံုးေဆာင္ေနစဥ္ အတြင္း ေတးသီးခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့သည့္ National Defence Academy (NDA) သင္တန္းေက်ာင္းတီး၀ိုင္းအဖြဲ႕အား ဂုဏ္ျပဳခ်ီးျမႇင့္ ေငြမ်ား ေပးအပ္ခဲ့သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ Pimpri ၿမိဳ႕ရွိ TATA Motors ကုမၸဏီသို႔ သြားေရာက္ၾကည့္႐ႈေလ့လာသည္။ ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖဲြ႕အား TATA Motors ကုမၸဏီမွ တာ၀န္ရွိသူတစ္ဦးက ကုမၸဏီပိုင္းဆိုင္ရာ ထုတ္လုပ္ ေဆာင္ရြက္လ်က္ရွိသည္မ်ားအား Video Clip ျဖင့္ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားအား ျပန္လည္ေဆြးေႏြးခဲ့ေၾကာင္းႏွင့္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့သည္။

(Unicode Version)

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဗီဇာကာပတ်တနန်မြို့မှ ပူနေးမြို့ရှိ National Defence Academy (NDA) သို့ ရောက်ရှိလေ့လာ

နေပြည်တော်၊ ဇူလိုင် ၂၇

အိန္ဒိယသမ္မတနိုင်ငံ၊ ဗီဇာကာပတ်တနန်မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အိန္ဒိယတပ်မတော်အထူးလေယာဉ်ဖြင့် ပူနေးမြို့သို့ ထွက်ခွာခဲ့ပြီး ၎င်းမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ပူနေးမြို့ရှိ National Defence Academy (NDA)သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့ရာ National Defence Academy (NDA) မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် National Defence Academy (NDA) တွင် တက်ရောက်လျက်ရှိသည့် မြန်မာ့တပ်မတော်မှ သင်တန်းသားဗိုလ်လောင်းများနှင့် တွေ့ဆုံ၍ သင်ကြားပေးသည့် အတတ်ပညာ၊ အသိပညာများအား စည်းကမ်းစနစ်တကျဖြင့် ကြိုးစားအားထုတ် သင်ယူသွားရမည့် အခြေအနေများနှင့်ပတ်သက်၍ မှာကြားခဲ့ပြီး သင်တန်းတက်ရောက်နေမှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ကျောင်းအုပ်ကြီး Air Marshal IP Vipin နှင့် တာဝန်ရှိသူများက ကျောင်းအုပ်ကြီးရုံးခန်း၌ တွေ့ဆုံ၍ လေ့ကျင့်သင်ကြား နေမှုဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ကျောင်းအုပ်ကြီးနှင့် အထိမ်း အမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား National Defence Academy (NDA) မှ တာဝန်ရှိသူတစ်ဦးက သင်တန်းကျောင်း သမိုင်းအကျဉ်း၊ မြန်မာ့တပ်မတော်မှ သင်တန်းသားအချို့ အပါအဝင် အခြားပြည်ပနိုင်ငံများမှ သင်တန်းတက်ရောက်လျက်ရှိသည့် အခြေအနေများနှင့် သင်တန်းနှစ်အလိုက် လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများအား PowerPoint ဖြင့် ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် National Defence Academy (NDA) အတွင်း လှည့်လည်၍ သင်တန်းသားအိပ်ဆောင်များနှင့် စားရိပ်သာတို့အား ကြည့်ရှု လေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား သင်တန်းကျောင်း အရာရှိစားရိပ်သာ၌ ကျောင်းအုပ်ကြီး Air Marshal IP Vipin က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်းနှင့် နေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း တေးသီးချင်းများဖြင့် ဖျော်ဖြေခဲ့သည့် National Defence Academy (NDA) သင်တန်းကျောင်းတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Pimpri မြို့ရှိ TATA Motors ကုမ္ပဏီသို့ သွားရောက်ကြည့်ရှုလေ့လာသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား TATA Motors ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီပိုင်းဆိုင်ရာ ထုတ်လုပ် ဆောင်ရွက်လျက်ရှိသည်များအား Video Clip ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြောင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။