မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အဂ္ဂရာမြို့ရှိ တာ့ဂျ်မဟာဂူဗိမာန် (Taj Mahal) ၊ အဂ္ဂရာခံတပ် (Agra Fort)နှင့် အဂ္ဂရာလေတပ်စခန်း Air Force Station (Agra)များသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဇူလိုင် ၂၉

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင် ၂၈ ရက်နံနက်ပိုင်းတွင် အဂ္ဂရာမြို့ရှိ တာ့ဂ်ျမဟာဂူဗိမာန်(Taj Mahal) နှင့် အဂ္ဂရာခံတပ် (Agra Fort)သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာ့ဂ်ျမဟာဂူဗိမာန်(Taj Mahal)သို့ ရောက်ရှိပြီး လှည့်လည်ကြည့်ရှုလေ့လာကာ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။ တာ့ဂ်ျမဟာဂူဗိမာန်သည် အဂ္ဂရာမြို့၏အရှေ့ဘက် အဂ္ဂရာခံတပ်မှ တစ်မိုင်ခန့်ကွာဝေးသည့် ဥယျာဉ် တစ်ခုအတွင်း၌ တည်ရှိပြီး မဂိုဘုရင် ရှားဂျဟန်က ၎င်း၏ကွယ်လွန်သွားသောမိဖုရား မွန်တာဇ်မဟာ (Mumtaz Mahal) အား လွမ်းဆွတ်သတိရသောအားဖြင့် ယမုံနာမြစ်ကမ်းနံဘေးတွင် အထိမ်းအမှတ် အဖြစ် တည်ဆောက်ခဲ့သော ကြီးကျယ်ခမ်းနားသည့် ဂူဗိမာန်ဖြစ်ကြောင်း၊ ရှားဂျဟန်ဘုရင်သည် တာ့ဂ်ျမဟာဂူဗိမာန်ကို ၁၆၃၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၆၄၃ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့ကာ အရန်အဆောက်အအုံများမှာ ၁၆၄၈ ခုနှစ်တွင် အပြီးသတ်ပြီးစီးခဲ့ကြောင်း၊ အလွန်လက်ရာ မြောက်သော ဗိသုကာလက်ရာ အဆောက်အအုံတစ်ခုအဖြစ် ကမ္ဘာတွင်ထင်ရှားပြီး ၁၉၈၃ ခုနှစ်တွင် တာ့ဂ်ျမဟာဂူဗိမာန်ကို UNESCO မှ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ ကြောင်း၊ တာ့ဂ်ျမဟာဂူဗိမာန်မှာ စကျင်ကျောက်ဖြူဖြင့် တည်ဆောက်ထားသော ရှစ်မြှောင့်ပုံ အဆောက်အအုံကြီးဖြစ်ပြီး ပေ ၁၉၀ ခန့်အမြင့်ရှိကာ အဆောက်အဦ၏ အလယ်ဗဟိုတည့်တည့်တွင် မိဖုရား၏ ကျောက်ဖြူသားဂူကိုထားရှိပြီး ကျောက်မျက်(၁၂) မျိုးထည့်သွင်းထားသော ကျောက်သား ခန်းစီးဖြင့်ကာရံထားကြောင်းနှင့် တာ့ဂ်ျမဟာဂူဗိမာန်အား နေ့စဉ်ပြည်တွင်း၊ ပြည်ပမှ လည်ပတ် လေ့လာသူ ၂၅၀၀၀ မှ ၄၅၀၀၀ ထိ လာရောက်ကြည့်ရှုလျက်ရှိပြီး ခရီးသွားများပြားသည့်ကာလတွင် တစ်ရက်လူဦးရေတစ်သိန်းခန့်အထိ လာရောက်လေ့လာလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာ့ဂ်ျမဟာဂူဗိမာန်၏ အနောက်မြောက်ဘက် ၂.၅ ကီလိုမီတာအကွာရှိ အဂ္ဂရာခံတပ် (Agra Fort)သို့ သွားရောက် လေ့လာ ကြည့်ရှုကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။




(Unicode Version)

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အဂ္ဂရာမြို့ရှိ တာ့ဂျ်မဟာဂူဗိမာန် (Taj Mahal) ၊ အဂ္ဂရာခံတပ် (Agra Fort)နှင့် အဂ္ဂရာလေတပ်စခန်း Air Force Station (Agra)များသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဇူလိုင် ၂၉

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင် ၂၈ ရက်နံနက်ပိုင်းတွင် အဂ္ဂရာမြို့ရှိ တာ့ဂျ်မဟာဂူဗိမာန်(Taj Mahal) နှင့် အဂ္ဂရာခံတပ် (Agra Fort)သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာ့ဂျ်မဟာဂူဗိမာန်(Taj Mahal)သို့ ရောက်ရှိပြီး လှည့်လည်ကြည့်ရှုလေ့လာကာ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။ တာ့ဂျ်မဟာဂူဗိမာန်သည် အဂ္ဂရာမြို့၏အရှေ့ဘက် အဂ္ဂရာခံတပ်မှ တစ်မိုင်ခန့်ကွာဝေးသည့် ဥယျာဉ် တစ်ခုအတွင်း၌ တည်ရှိပြီး မဂိုဘုရင် ရှားဂျဟန်က ၎င်း၏ကွယ်လွန်သွားသောမိဖုရား မွန်တာဇ်မဟာ (Mumtaz Mahal) အား လွမ်းဆွတ်သတိရသောအားဖြင့် ယမုံနာမြစ်ကမ်းနံဘေးတွင် အထိမ်းအမှတ် အဖြစ် တည်ဆောက်ခဲ့သော ကြီးကျယ်ခမ်းနားသည့် ဂူဗိမာန်ဖြစ်ကြောင်း၊ ရှားဂျဟန်ဘုရင်သည် တာ့ဂျ်မဟာဂူဗိမာန်ကို ၁၆၃၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၆၄၃ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့ကာ အရန်အဆောက်အအုံများမှာ ၁၆၄၈ ခုနှစ်တွင် အပြီးသတ်ပြီးစီးခဲ့ကြောင်း၊ အလွန်လက်ရာ မြောက်သော ဗိသုကာလက်ရာ အဆောက်အအုံတစ်ခုအဖြစ် ကမ္ဘာတွင်ထင်ရှားပြီး ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာဂူဗိမာန်ကို UNESCO မှ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ ကြောင်း၊ တာ့ဂျ်မဟာဂူဗိမာန်မှာ စကျင်ကျောက်ဖြူဖြင့် တည်ဆောက်ထားသော ရှစ်မြှောင့်ပုံ အဆောက်အအုံကြီးဖြစ်ပြီး ပေ ၁၉၀ ခန့်အမြင့်ရှိကာ အဆောက်အဦ၏ အလယ်ဗဟိုတည့်တည့်တွင် မိဖုရား၏ ကျောက်ဖြူသားဂူကိုထားရှိပြီး ကျောက်မျက်(၁၂) မျိုးထည့်သွင်းထားသော ကျောက်သား ခန်းစီးဖြင့်ကာရံထားကြောင်းနှင့် တာ့ဂျ်မဟာဂူဗိမာန်အား နေ့စဉ်ပြည်တွင်း၊ ပြည်ပမှ လည်ပတ် လေ့လာသူ ၂၅၀၀၀ မှ ၄၅၀၀၀ ထိ လာရောက်ကြည့်ရှုလျက်ရှိပြီး ခရီးသွားများပြားသည့်ကာလတွင် တစ်ရက်လူဦးရေတစ်သိန်းခန့်အထိ လာရောက်လေ့လာလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာ့ဂျ်မဟာဂူဗိမာန်၏ အနောက်မြောက်ဘက် ၂.၅ ကီလိုမီတာအကွာရှိ အဂ္ဂရာခံတပ် (Agra Fort)သို့ သွားရောက် လေ့လာ ကြည့်ရှုကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါ အဂ္ဂရာခံတပ်သည်လည်း UNESCO ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်စာရင်းဝင် နေရာတစ်ခု ဖြစ်ပြီး မြို့တော်ကို လုံခြုံမှုပေးနိုင်ရန်အတွက် ကျုံး၊ မြို့ရိုး စုံလင်စွာဖြင့် ပုံဖော်တည်ဆောက်ထားသည့် ခံတပ်တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြကြောင်း၊ အဂ္ဂရာခံတပ် (Agra Fort)ကို မူလက အုတ်ခဲခံတပ် Badalgarh Fort အဖြစ် လူသိများထင်ရှားခဲ့ပြီး ၁၅၆၅ ခုနှစ်တွင် Akbar ဘုရင်က သဲကျောက်နီအသုံးပြုပြီး ၈ နှစ်ကြာ ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ရာ ၁၅၇၃ ခုနှစ်တွင် ပြီးစီးခဲ့ ကြောင်း၊ အဂ္ဂရာခံတပ်မှာ စက်ဝိုင်းပုံသဏ္ဍန် တည်ဆောက်ထားပြီး ၃၈၀၀၀၀ စတုရန်းမီတာ(၉၄ ဧက) ကျယ်ဝန်း၍ နံရံအမြင့်မှာ ပေ ၇၀ ခန့်မြင့်မားကာ ယမုံနာမြစ်ကမ်းဘေးတွင် သဘာဝအတားအဆီးဖြင့် ပေါင်းစပ်တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ကိုယ်စားလှယ် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် အဂ္ဂရာလေတပ်စခန်း Air Force Station (Agra) သို့ သွားရောက် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိတစ်ဦးက Air Force Station (Agra) နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေး ခဲ့ကာ အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Air Force Station အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး အိန္ဒိယလေတပ်မှ လေထီးသင်တန်းသားများ၏ မြေပြင်လေထီးခုန် လေ့ကျင့်ခန်း အသီးသီးလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုကာ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုး၍ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အိန္ဒိယ တပ်မတော်အထူး လေယာဉ်ဖြင့် အဂ္ဂရာမြို့မှ နယူးဒေလီမြို့သို့ထွက်ခွာကြရာ Air Force Station (Agra) ဌာနချုပ်မှူး နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် နယူးဒေလီလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ရောက်ရှိခဲ့ကြပြီး အိန္ဒိယ တပ်မတော်မှတာဝန်ရှိသူများနှင့် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။