အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နယူးဒေလီမြို့ရှိ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် သင်တန်းသားများ အား တွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ဇူလုိင္ ၂၉

အိႏၵိယသမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ သည္ ဇူလုိင္ ၂၈ ရက္ ညေနပုိင္းတြင္ နယူးေဒလီၿမဳိ႕ရွိ ျမန္မာသံ႐ုံးႏွင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ျမန္မာစစ္သံ႐ုံးတို႔မွ မိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ားအား ျမန္မာသံ႐ုံး၌ ေတြ႕ဆုံအမွာစကား ေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ သိန္းေဇာ္လိုက္ပါၿပီး အိႏၵိယသမၼတႏိုင္ငံဆုိင္ရာ ျမန္မာႏိုင္ငံသံ႐ုံးသို႔ေရာက္ရွိၾကရာ သံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္ႏွင့္ဇနီး၊ သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ပညာေတာ္သင္ သင္တန္းသား အရာရွိမ်ားက ႀကဳိဆိုႏႈတ္ဆက္ ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က သံ႐ုံး၊ စစ္သံ႐ုံးမွ မိသားစု၀င္မ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာ တြင္ ယခုကဲ့သုိ႕ခ်စ္ၾကည္ေရးခရီးစဥ္လာေရာက္ျခင္းသည္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရး ပုိမုိတုိးတက္ခုိင္မာ ေကာင္းမြန္ေစရန္ျဖစ္ေၾကာင္း၊ မိမိတုိ႕ႏုိင္ငံအေနျဖင့္ ႏုိင္ငံအားလုံးႏွင့္ ဆက္ဆံရာတြင္ လြတ္လပ္၍ တက္ၾကြသည့္ ဘက္မလိုက္ေသာ ႏုိင္ငံျခားေရးမူ၀ါဒ က်င့္သုံး၍ ႏုိင္ငံအားလုံးႏွင့္ မိတ္၀တ္မပ်က္ ဆက္ဆံလ်က္ရွိေၾကာင္း၊ အိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ ဆက္ဆံေရးသည္ ပုိ၍အေရးႀကီးေၾကာင္း၊ ႏုိင္ငံ အခ်င္းခ်င္း ဆက္ဆံေရးတြင္ သံတမန္ဆက္ဆံေရးသည္ မ်ားစြာအေရးပါေသာေၾကာင့္ သံ႐ုံး၊ စစ္သံ႐ုံး မ်ားမွ ႏုိင္ငံ့တာ၀န္ထမ္းေဆာင္ေနသူမ်ားအေနျဖင့္ စည္းလုံးညီၫြတ္စြာျဖင့္ ၀ုိင္း၀န္းပူးေပါင္း ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း ဦးစြာမွာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႕ႏုိင္ငံအေနျဖင့္ ၂၀၁၁ ခုႏွစ္မွစ၍ ျပည္သူကေရြးခ်ယ္ခဲ့သည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းေလွ်ာက္လွမ္းရာတြင္ ခုိင္ခုိင္မာမာႏွင့္ တည္တည္ၿငိမ္ၿငိမ္ျဖစ္ရန္လုိေၾကာင္း၊ ႏွစ္ႏုိင္ငံ ကုန္သြယ္မႈျမႇင့္တင္ေရးကုိလည္း ၀ုိင္း၀န္းႀကိဳးပမ္း ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းႏွင့္ တုိင္းျပည္၏ စီးပြားေရးဖြံ႕ၿဖိဳးတုိးတက္ရန္အတြက္ အဖြဲ႕အစည္းတစ္ခုတည္းျဖင့္ ေဆာင္ရြက္၍ မရႏုိင္ဘဲ ထုတ္လုပ္သူမွ တင္ပုိ႕သူအထိ ၀ုိင္း၀န္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ယင္းလုပ္ငန္းမ်ားေအာင္ျမင္ ေစေရးအတြက္ သံတမန္အဖြဲ႕မ်ားမွ ပုိ႕ကုန္အခြင့္အလမ္းမ်ားရရွိလာေစေရး သံတမန္ဆက္ဆံေရးမွ တစ္ဆင့္ ၀ုိင္း၀န္းႀကဳိးပမ္းၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏုိင္ငံ၏စီးပြားေရး ဖြံ႕ၿဖိဳး တုိးတက္ေအာင္ တတ္စြမ္းသေ႐ြ႕ကူညီေဆာင္ရြက္လ်က္ရွိေၾကာင္း၊ မိမိတုိင္းျပည္အတြက္ တာ၀န္ ထမ္းေဆာင္ေနၾကရာတြင္ ေအာင္ေအာင္ျမင္ျမင္ျဖစ္ေစေရး အေလးထားႀကိဳးပမ္း ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္းႏွင့္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိတုိးတက္ခုိင္မာေစေရးအတြက္ သံတမန္လုပ္ငန္း တာ၀န္မ်ားအား အေလးထား၍ အခ်င္းခ်င္း စည္းစည္းလုံးလုံး ေနထုိင္ၾကရန္လုိေၾကာင္းျဖင့္ မွာၾကား သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား၊ လက္ေဆာင္ပစၥည္းမ်ားႏွင့္ ခ်ီးျမႇင့္ေငြမ်ား အား ေပးအပ္ရာ သံအမတ္ႀကီးႏွင့္ဇနီး၊ စစ္သံမွဴး ႏွင့္ သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ား၊ သင္တန္းသား အရာရွိမ်ားက လက္ခံရယူၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားက ညစာျဖင့္ တည္ခင္းဧည့္ခံခဲ့ၾကၿပီး ညစာသုံးေဆာင္အၿပီးတြင္ သံ႐ုံး၊ စစ္သံ႐ုံး မိသားစုမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံရုိက္ခဲ့ၾကသည္။

(Unicode Version)

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နယူးဒေလီမြို့ရှိ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် သင်တန်းသားများ အား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် ၂၉

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ဇူလိုင် ၂၈ ရက် ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာစစ်သံရုံးတို့မှ မိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများအား မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်လိုက်ပါပြီး အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိကြရာ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားစုများနှင့်ပညာတော်သင် သင်တန်းသား အရာရှိများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သံရုံး၊ စစ်သံရုံးမှ မိသားစုဝင်များနှင့် ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားရာ တွင် ယခုကဲ့သို့ချစ်ကြည်ရေးခရီးစဉ်လာရောက်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်ခိုင်မာ ကောင်းမွန်စေရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ ကျင့်သုံး၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးသည် ပို၍အရေးကြီးကြောင်း၊ နိုင်ငံ အချင်းချင်း ဆက်ဆံရေးတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေးပါသောကြောင့် သံရုံး၊ စစ်သံရုံး များမှ နိုင်ငံ့တာဝန်ထမ်းဆောင်နေသူများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးစွာမှာကြားသည်။

ဆက်လက်ပြီး မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်သူကရွေးချယ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းလျှောက်လှမ်းရာတွင် ခိုင်ခိုင်မာမာနှင့် တည်တည်ငြိမ်ငြိမ်ဖြစ်ရန်လိုကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဖွဲ့အစည်းတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ ထုတ်လုပ်သူမှ တင်ပို့သူအထိ ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများအောင်မြင် စေရေးအတွက် သံတမန်အဖွဲ့များမှ ပို့ကုန်အခွင့်အလမ်းများရရှိလာစေရေး သံတမန်ဆက်ဆံရေးမှ တစ်ဆင့် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် တတ်စွမ်းသရွေ့ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတိုင်းပြည်အတွက် တာဝန် ထမ်းဆောင်နေကြရာတွင် အောင်အောင်မြင်မြင်ဖြစ်စေရေး အလေးထားကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် သံတမန်လုပ်ငန်း တာဝန်များအား အလေးထား၍ အချင်းချင်း စည်းစည်းလုံးလုံး နေထိုင်ကြရန်လိုကြောင်းဖြင့် မှာကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများ အား ပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူး နှင့် သံရုံး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသား အရာရှိများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံးမိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး ညစာသုံးဆောင်အပြီးတွင် သံရုံး၊ စစ်သံရုံး မိသားစုများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။