တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘဝနတ်ထံပြန်လွန်တော်မူခဲ့သည့် ကျိုင်းတုံမြို့၊ ဓမ္မေဒယပရိတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဇေယျ(သက်တော် ၉၁ နှစ်၊ သိက္ခာတော် ၇၁ ဝါ) ၏ ဥတုဇ ရုပ်ကလပ်တော်အား သွားရောက် ဖူးမြော်ကြည်ညို

နေပြည်တော်၊ စက်တင်ဘာ ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများလိုက်ပါပြီး ဇူလိုင် ၁၁ ရက်တွင် ဘဝနတ်ထံပြန်လွန်တော်မူခဲ့သည့် ကျိုင်းတုံမြို့၊ ဓမ္မောဒယပရိတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဇေယျ(သက်တော် ၉၁ နှစ်၊ သိက္ခာတော် ၇၁ ဝါ)၏ ဥတုဇ ရုပ်ကလပ်တော်အား ယနေ့နံနက်ပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အန္တိမဈာပန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ဘဝနတ္ထံျပန္လြန္ေတာ္မူခဲ့သည့္ က်ိဳင္းတုံၿမိဳ႕၊ ဓေမၼဒယပရိတၱိ စာသင္တိုက္ ဦးစီးပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲအာေဇယ်(သက္ေတာ္ ၉၁ ႏွစ္၊ သိကၡာေတာ္ ၇၁ ဝါ) ၏ ဥတုဇ ႐ုပ္ကလပ္ေတာ္အား သြားေရာက္ ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားလုိက္ပါၿပီး ဇူလုိင္ ၁၁ ရက္တြင္ ဘ၀နတ္ထံျပန္လြန္ေတာ္မူခဲ့သည့္ က်ိဳင္းတုံၿမိဳ႕၊ ဓေမၼာဒယပရိတၱိ စာသင္တုိက္ ဦးစီးပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲအာေဇယ်(သက္ေတာ္ ၉၁ ႏွစ္၊ သိကၡာေတာ္ ၇၁ ၀ါ)၏ ဥတုဇ ႐ုပ္ကလပ္ေတာ္အား ယေန႔နံနက္ပုိင္းတြင္ သြားေရာက္ ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အႏၲိမစ်ာပန ပူဇာသဘင္အခမ္းအနား က်င္းပျပဳလုပ္ရန္ စီစဥ္ထားရွိမႈ အေျခအေနမ်ားအား လုိက္လံၾကည့္႐ႈသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။