တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ဇူလုိင္ – ၃၀

အိႏၵိယသမၼတႏုိင္ငံ၊ နယူးေဒလီၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အား ဇူလုိင္ ၂၉ ရက္ညပုိင္းတြင္ အိႏၵိယတပ္မေတာ္(ၾကည္း၊ေရ၊ေလ) ဦးစီးခ်ဳပ္မ်ားေကာ္မတီဥကၠ႒ ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal Birender Singh Dhanoa က Akash Officers Mess တြင္ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါ ဂုဏ္ျပဳညစာစားပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အတူ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေလ) ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အိႏၵိယသမၼတႏိုင္ငံ ဆုိင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးမုိးေက်ာ္ေအာင္ႏွင့္ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) စစ္သံမွဴး ဗုိလ္မွဴးခ်ဳပ္သိန္းေဇာ္တုိ႔ တက္ေရာက္ၾကၿပီး အိႏၵိယတပ္မေတာ္(ၾကည္း၊ေရ၊ေလ)ဦးစီးခ်ဳပ္မ်ား ေကာ္မတီဥကၠ႒ ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal Birender Singh Dhanoa ႏွင့္ ဇနီး တုိ႔ႏွင့္အတူ ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Bipin Rawat ႏွင့္ဇနီး၊ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ Admiral Karambir Singh ႏွင့္ဇနီး၊ အိႏၵိယတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားသည္ ခင္မင္ရင္းႏွီးစြာ ေတြ႔ဆုံႏႈတ္ဆက္ စကားေျပာၾကား၍ ဂုဏ္ျပဳညစာကုိအတူတကြ သုံးေဆာင္ၾကသည္။ ယင္းေနာက္ အိႏၵိယတပ္မေတာ္ (ၾကည္း၊ေရ၊ေလ)ဦးစီးခ်ဳပ္မ်ား ေကာ္မတီဥကၠ႒ ေလတပ္ဦးစီးခ်ဳပ္ Air Chief Marshal Birender Singh Dhanoa ႏွင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တုိ႔က အျပန္အလွန္ႏႈတ္ခြန္းဆက္ စကားေျပာၾကား၍ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား လဲလွယ္ေပးအပ္ ၾကသည္။

ညစာမသုံးေဆာင္မီႏွင့္ သုံးေဆာင္ေနခ်ိန္တြင္ အိႏၵိယတပ္မေတာ္(ေလ)တီး၀ုိင္းအဖြဲ႕မွ ႏွစ္ႏုိင္ငံသီခ်င္း မ်ားအား တီးမႈတ္သီဆုိေဖ်ာ္ေျဖၾကသည္။ ညစာသုံးေဆာင္ၿပီးခ်ိန္တြင္ အိႏၵိယတပ္မေတာ္(ေလ) တီး၀ုိင္းအဖြဲ႕အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳဆုေငြမ်ားေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော်၊ ဇူလိုင် – ၃၀

အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင် ၂၉ ရက်ညပိုင်းတွင် အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ) ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa က Akash Officers Mess တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) စစ်သံမှူး ဗိုလ်မှူးချုပ်သိန်းဇော်တို့ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa နှင့် ဇနီး တို့နှင့်အတူ ကြည်းတပ်ဦးစီးချုပ် Gen. Bipin Rawat နှင့်ဇနီး၊ အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh နှင့်ဇနီး၊ အိန္ဒိယတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ကြသည်။

ဦးစွာ နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည် ခင်မင်ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက် စကားပြောကြား၍ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။ ယင်းနောက် အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ)ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က အပြန်အလှန်နှုတ်ခွန်းဆက် စကားပြောကြား၍ အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ပေးအပ် ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေချိန်တွင် အိန္ဒိယတပ်မတော်(လေ)တီးဝိုင်းအဖွဲ့မှ နှစ်နိုင်ငံသီချင်း များအား တီးမှုတ်သီဆိုဖျော်ဖြေကြသည်။ ညစာသုံးဆောင်ပြီးချိန်တွင် အိန္ဒိယတပ်မတော်(လေ) တီးဝိုင်းအဖွဲ့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။