တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ ဓမ္မောဒယပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအာဇေယျ၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို

နေပြည်တော်၊ စက်တင်ဘာ – ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးတို့ လိုက်ပါပြီး ဇူလိုင် ၁၁ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ကျိုင်းတုံမြို့၊ ဓမ္မောဒယ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအာဇေယျ၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့ နံနက်ပိုင်းတွင် ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်ကျင်းပပြုလုပ်မည့် ကျိုင်းတုံမြို့၊ ဘုရားကိုးဆူကုန်းတော်ပေါ်ရှိ ယာယီစံကျောင်းသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်ရန်စီစဉ်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုရာ တိုင်းမှူးကရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အန္တိမဈာပနပူဇာသဘင်အား ရိုးရာဓလေ့ထုံးစံများနှင့် အညီလုပ်ဆောင်ရေး၊ လာရောက်ဖူးမြော်ကြမည့် ဒါယိကာ၊ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်များအတွက် လိုအပ်သောကျန်းမာရေးစောင့်ရှောက်ပေးရေး၊ သောက် ရေသန့်များရရှိရေးနှင့် သန့်စင်ခန်းများ လုံလောက်စွာထားရှိရေးတို့အားမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တူယားကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဈာပနအခမ်းအနားအတွက် စုပေါင်းအလှူငွေများအား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။အဆိုပါ ဓမ္မောဒယ ပရိတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဇေယျ (သက်တော် ၉၁ နှစ်၊ သိက္ခာတော် ၇၁ ဝါ)၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အား အောက်တိုဘာ ၁၅ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီး အဘယမုဒ္ဒြာရုပ်ပွားတော်မြတ်ကြီး တည်ထားဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တိုင်းမှူးက တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားရင်ပြင်တော်နှင့် ရုပ်ပွားတော်မြတ်ကြီးအတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ အဘယမုဒ္ဒြာရုပ်ပွားတော်မြတ်ကြီးအား ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၆ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရင်ပြင်အကျယ်အလျား ၁၅၀ ပေ၊ အနံ ၁၈၀ ပေ၊ ပလ္လင်တော်အလျား ၄၅ ပေ၊ အနံ ၆၃ ပေ၊ ဉာဏ်တော်အမြင့် ၇၂ ပေဖြင့် မြတ်စွာဘုရား၏ ၃၂ ပါးသောလက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့နှင့်အညီ သပ္ပါယ်ကြည်ညိုဘွယ်ရာ ကိုးကွယ်နိုင်ရန် တည်ဆောက်လျက်ရှိပြီး ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးပြီးဖြစ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အဘယမုဒ္ဒြာရုပ်ပွားတော်မြတ်ကြီးအနီး တည်ဆောက်ထားရှိသည့် ဗုဒ္ဓဥယျာဉ်တော်အတွင်းလှည့်လည် ကြည့်ရှုကြသည်။ ဦးစွာ တိုင်းမှူးက ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ဖြင့် ဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဆောက်လုပ်ထားရှိသည့် ဂူဗိမာန်တော်သို့သွားရောက်ပြီး အထင်ကရ ဆရာတော်ကြီးများ၏ သြဝါဒကထာများနှင့် ဓမ္မကဗျာများအား အမှတ်တရ ကျောက်စာဖြင့် ထွင်းထုရေးသားထားသည့် သြဝါဒပန်းခင်းအား လေ့လာကြည့်ရှုကြသည်။ ထို့နောက် ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်မည့် မုဒ္ဒြာဆင်းတုတော်များအားလည်းကောင်း၊ ဥယျာဉ်တော်ကြီးအတွက် တည်ဆောက်ထားရှိသည့် ရေဂါလံ ၄ သန်းဆန့် ကောင်းမှုတော်ဆည်အားလည်းကောင်း၊ စိုက်ပျိုးမြေ ၁၀ ဧကတွင် နှင်းဆီပန်းမျိုးစုံ အပင် ၅ သောင်းကျော် စိုက်ပျိုးထားရှိမှုများအားလည်းကောင်း လှည့်လည် ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ဗုဒ္ဓဥယျာဉ်တော်ကြီးအား အဘယမုဒ္ဒြာရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်မည့် လွယ်မွေ-ပန်ကွဲ နယ်မြေဒေသ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြေနေရာအကျယ်အဝန်း ၁၀၆ ဧကပေါ်တွင် ထင်းရှုး၊ ချယ်ရီ၊ သစ်စိမ့် စသည့်အရိပ်ရလေကာပင်များ၊ နှင်းဆီပင်၊ ရွှေဝါး အလှပင်စသည့် ပန်းအလှပင်များ၊ စမ်းချောင်း၊ ရေတံခွန်၊ ရေပန်းများဖြင့် အမြဲစိမ်းလန်း စိုပြေပြီး သာယာလှပသည့် ဥယျာဉ်ကြီးအသွင် ဖန်တီးဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဗုဒ္ဓဥယျာဉ်ကြီးအတွင်း စကျင်ကျောက်ဖြင့် ထွင်းထုပူဇော်ထားသည့် အမျိုးမျိုးသောမုဒ္ဒြာများဖြင့် ဗုဒ္ဓဆင်းတုတော်များထားရှိမည့် အရုံခံတန်ဆောင်း ၅၄ ဆောင်ကိုလည်းတည် ဆောက်လျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျိုင်းတုံတပ်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က်ိဳင္းတုံၿမိဳ႕ ဓေမၼာဒယပရိယတၱိစာသင္တိုက္ ဦးစီးပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတဘဒၵႏၲအာေဇယ်၏ ဥတုဇ႐ုပ္ကလာပ္ေတာ္အား ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေအာင္ေဇာ္ေအးတုိ႔ လုိက္ပါၿပီး ဇူလုိင္ ၁၁ ရက္တြင္ ဘ၀နတ္ထံပ်ံလြန္ေတာ္မူခဲ့သည့္ က်ိဳင္းတုံၿမိဳ႕၊ ဓေမၼာဒယ ပရိယတၱိစာသင္တုိက္ ဦးစီးပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတဘဒၵႏၲအာေဇယ်၏ ဥတုဇ႐ုပ္ကလာပ္ေတာ္အား ယေန႔ နံနက္ပုိင္းတြင္ ဆရာေတာ္ႀကီး၏ အႏၲိမစ်ာပန သာဓုကီဠန ပူဇာသဘင္က်င္းပျပဳလုပ္မည့္ က်ိဳင္းတုံၿမိဳ႕၊ ဘုရားကုိးဆူကုန္းေတာ္ေပၚရွိ ယာယီစံေက်ာင္းသုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အႏၲိမစ်ာပန သာဓုကီဠန ပူဇာသဘင္အခမ္းအနား က်င္းပျပဳလုပ္ရန္စီစဥ္ထားရွိမႈ အေျခအေနမ်ားအား လုိက္လံၾကည့္႐ႈရာ တုိင္းမွဴးကရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အႏၲိမစ်ာပနပူဇာသဘင္အား ႐ုိးရာဓေလ့ထုံးစံမ်ားႏွင့္ အညီလုပ္ေဆာင္ေရး၊ လာေရာက္ဖူးေျမာ္ၾကမည့္ ဒါယိကာ၊ ဒါယိကာမမ်ားႏွင့္ ဧည့္ပရိတ္သတ္မ်ားအတြက္ လုိအပ္ေသာက်န္းမာေရးေစာင့္ေရွာက္ေပးေရး၊ ေသာက္ ေရသန္႔မ်ားရရွိေရးႏွင့္ သန္႔စင္ခန္းမ်ား လုံေလာက္စြာထားရွိေရးတုိ႔အားမွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ တူယားေက်ာင္းတုိက္ ဆရာေတာ္ မဟာဂႏၴ၀ါစကပ႑ိတ ဘဒၵႏၲ ပညာသာမိထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ယင္းေနာက္ စ်ာပနအခမ္းအနားအတြက္ စုေပါင္းအလွဴေငြမ်ားအား ဆက္ကပ္လွဴဒါန္းၿပီး လွဴဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕ဝင္မ်ားသည္ ဧည့္သည္ ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးၾကသည္။အဆိုပါ ဓေမၼာဒယ ပရိတၱိစာသင္တုိက္ ဦးစီးပဓာနနာယကဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲအာေဇယ် (သက္ေတာ္ ၉၁ ႏွစ္၊ သိကၡာေတာ္ ၇၁ ၀ါ)၏ အႏၲိမစ်ာပန သာဓုကီဠန ပူဇာသဘင္အား ေအာက္တုိဘာ ၁၅ ရက္အထိက်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ က်ိဳင္းတုံၿမိဳ႕၊ ပန္ကြဲေက်းရြာအနီး အဘယမုႁဒၵာ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားေဆာက္လုပ္ေနမႈ အေျခအေနမ်ားကုိ သြားေရာက္ၾကည့္႐ႈ စစ္ေဆးရာ တုိင္းမွဴးက တည္ေဆာက္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ခဲ့မႈႏွင့္ လုပ္ငန္းၿပီးစီးမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဘုရားရင္ျပင္ေတာ္ႏွင့္ ႐ုပ္ပြားေတာ္ျမတ္ႀကီးအတြင္း လွည့္လည္ၾကည့္႐ႈၾကသည္။

အဆုိပါ အဘယမုႁဒၵာ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ၂၀၁၆ ခုႏွစ္ေအာက္တုိဘာလ ၆ ရက္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ရင္ျပင္အက်ယ္အလ်ား ၁၅၀ ေပ၊ အနံ ၁၈၀ ေပ၊ ပလႅင္ေတာ္အလ်ား ၄၅ ေပ၊ အနံ ၆၃ ေပ၊ ဥာဏ္ေတာ္အျမင့္ ၇၂ ေပျဖင့္ ျမတ္စြာဘုရား၏ ၃၂ ပါးေသာလကၡဏာေတာ္ႀကီး လကၡဏာေတာ္ငယ္တုိ႔ႏွင့္အညီ သပၸါယ္ၾကည္ညိဳဘြယ္ရာ ကုိးကြယ္ႏုိင္ရန္ တည္ေဆာက္လ်က္ရွိၿပီး ယခုအခါ ၇၀ ရာခုိင္ႏႈန္းခန္႔ တည္ေဆာက္ၿပီးစီးၿပီးျဖစ္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အဘယမုႁဒၵာ႐ုပ္ပြားေတာ္ျမတ္ႀကီးအနီး တည္ေဆာက္ထားရွိသည့္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္းလွည့္လည္ ၾကည့္႐ႈၾကသည္။ ဦးစြာ တုိင္းမွဴးက ဗုဒၶဥယ်ာဥ္ေတာ္ပုံစံငယ္ျဖင့္ ဥယ်ာဥ္ေတာ္အတြင္း တည္ေဆာက္ထားရွိမႈမ်ားအား ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း ေဆာက္လုပ္ထားရွိသည့္ ဂူဗိမာန္ေတာ္သုိ႔သြားေရာက္ၿပီး အထင္ကရ ဆရာေတာ္ႀကီးမ်ား၏ ၾသ၀ါဒကထာမ်ားႏွင့္ ဓမၼကဗ်ာမ်ားအား အမွတ္တရ ေက်ာက္စာျဖင့္ ထြင္းထုေရးသားထားသည့္ ၾသ၀ါဒပန္းခင္းအား ေလ့လာၾကည့္႐ႈၾကသည္။ ထုိ႔ေနာက္ ဥယ်ာဥ္ေတာ္အတြင္း တည္ထားကုိးကြယ္မည့္ မုႁဒၵာဆင္းတုေတာ္မ်ားအားလည္းေကာင္း၊ ဥယ်ာဥ္ေတာ္ႀကီးအတြက္ တည္ေဆာက္ထားရွိသည့္ ေရဂါလံ ၄ သန္းဆန္႔ ေကာင္းမႈေတာ္ဆည္အားလည္းေကာင္း၊ စုိက္ပ်ိဳးေျမ ၁၀ ဧကတြင္ ႏွင္းဆီပန္းမ်ိဳးစုံ အပင္ ၅ ေသာင္းေက်ာ္ စုိက္ပ်ိဳးထားရွိမႈမ်ားအားလည္းေကာင္း လွည့္လည္ ၾကည့္႐ႈေလ့လာၾကသည္။

အဆုိပါ ဗုဒၶဥယ်ာဥ္ေတာ္ႀကီးအား အဘယမုႁဒၵာ႐ုပ္ပြားေတာ္ျမတ္ႀကီးတည္ထား ကုိးကြယ္မည့္ လြယ္ေမြ-ပန္ကြဲ နယ္ေျမေဒသ၏ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၊ ေက်းလက္ေဒသဖြံ႔ၿဖိဳးတုိးတက္ေရးတုိ႔အတြက္ ေျမေနရာအက်ယ္အ၀န္း ၁၀၆ ဧကေပၚတြင္ ထင္း႐ႈး၊ ခ်ယ္ရီ၊ သစ္စိမ့္ စသည့္အရိပ္ရေလကာပင္မ်ား၊ ႏွင္းဆီပင္၊ ေရႊ၀ါး အလွပင္စသည့္ ပန္းအလွပင္မ်ား၊ စမ္းေခ်ာင္း၊ ေရတံခြန္၊ ေရပန္းမ်ားျဖင့္ အၿမဲစိမ္းလန္း စုိေျပၿပီး သာယာလွပသည့္ ဥယ်ာဥ္ႀကီးအသြင္ ဖန္တီးေဆာင္ရြက္လ်က္ရွိသည္။ အဆုိပါ ဗုဒၶဥယ်ာဥ္ႀကီးအတြင္း စက်င္ေက်ာက္ျဖင့္ ထြင္းထုပူေဇာ္ထားသည့္ အမ်ိဳးမ်ိဳးေသာမုႁဒၵာမ်ားျဖင့္ ဗုဒၶဆင္းတုေတာ္မ်ားထားရွိမည့္ အ႐ုံခံတန္ေဆာင္း ၅၄ ေဆာင္ကုိလည္းတည္ ေဆာက္လ်က္ရွိေၾကာင္း သိရွိရသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ က်ဳိင္းတုံတပ္နယ္အတြင္း စုိက္ပ်ဳိးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိမႈမ်ားအား လွည့္လည္ၾကည့္႐ႈစစ္ေဆးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။