တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕ သမၼတႏုိင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာအထူးကုိယ္စားလွယ္ H.E.Mr. Sun Guoxiang အား ယေန႔မြန္းလြဲပိုင္း တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာအထူးကုိယ္စားလွယ္ႏွင့္အတူ ေကာင္စစ္၀န္ Mr. Yang Shou Zheng ႏွင့္ တာ၀န္ရွိိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံသည္ ႏိုင္ငံတကာႏွင့္ဆက္ဆံေရး၊ အိမ္နီးခ်င္းႏိုင္ငံ မ်ားႏွင့္ဆက္ဆံေရးတြင္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူႀကီးမ်ားႏွင့္အညီ မိတ္ေဆြ ႏိုင္ငံမ်ားအျဖစ္သာ သတ္မွတ္ ေဆာင္ရြက္ လ်က္ရွိၿပီး အိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ဆက္ဆံေရးကို ထိခိုက္ေစမည့္ကိစၥရပ္မ်ားအား လက္မခံသလို ျမန္မာႏုိင္ငံ၏ ပကတိအေျခအေနမ်ားကိုလည္း အေလးထားရန္အေရးႀကီးသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံအေပၚ ဖိအားေပး ကာ တစ္ဖက္သတ္ေဆာင္ရြက္မႈမ်ားအေပၚ တ႐ုတ္ႏိုင္ငံကလက္မခံဘဲ ျမန္မာႏုိင္ငံဘက္မွ ရပ္တည္ေဆာင္ရြက္ ေပးေနမႈအေျခအေနမ်ား၊ ရခိုင္ေဒသတြင္ ေနရပ္စြန္႕ခြာထြက္ေျပးသူ ဘဂၤါလီမ်ားအား ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္မ်ားႏွင့္အညီ ျပန္လည္လက္ခံေရးအတြက္ အျမန္ဆုံးအေကာင္အထည္ေဖာ္ရန္လိုအပ္သည့္ အေျခအေနမ်ား၊ ေနရပ္စြန္႕ခြာ ထြက္ေျပးသူ ဘဂၤါလီမ်ားအား ျပန္လည္လက္ခံရာတြင္ ေဒသလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးရွိရန္ အေရးႀကီးၿပီး လုံၿခဳံေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ပ်က္ျပားေစမည့္ ကိစၥရပ္မ်ား မရွိရန္ အေရးႀကီးသည့္အေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ တ႐ုတ္ႏုိင္ငံက ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရး အတြက္ တပ္မေတာ္က စိတ္ရွည္သည္းခံစြာျဖင့္ အပစ္အခတ္ရပ္စဲေပးထားခ်ိန္တြင္ တိုးတက္မႈမ်ားရရွိရန္၊ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရး မူ၀ါဒ ၆ ရပ္ႏွင့္ျမန္မာႏုိင္ငံ၏ ပကတိ ျဖစ္ရပ္မွန္မ်ားကို နားလည္သေဘာေပါက္ရန္ လိုအပ္သည့္ အေျခ အေနမ်ား၊ ၿငိမ္းခ်မ္းေရးအတြက္ ဆက္လက္ေဆာင္ရြက္ႏိုင္မည့္အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ ကောင်စစ်ဝန် Mr. Yang Shou Zheng နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံ များနှင့်ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးများနှင့်အညီ မိတ်ဆွေ နိုင်ငံများအဖြစ်သာ သတ်မှတ် ဆောင်ရွက် လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကို ထိခိုက်စေမည့်ကိစ္စရပ်များအား လက်မခံသလို မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကိုလည်း အလေးထားရန်အရေးကြီးသည့်အခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ဖိအားပေး ကာ တစ်ဖက်သတ်ဆောင်ရွက်မှုများအပေါ် တရုတ်နိုင်ငံကလက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ရခိုင်ဒေသတွင် နေရပ်စွန့်ခွာထွက်ပြေးသူ ဘင်္ဂါလီများအား နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်ရန်လိုအပ်သည့် အခြေအနေများ၊ နေရပ်စွန့်ခွာ ထွက်ပြေးသူ ဘင်္ဂါလီများအား ပြန်လည်လက်ခံရာတွင် ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးရှိရန် အရေးကြီးပြီး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေမည့် ကိစ္စရပ်များ မရှိရန် အရေးကြီးသည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တပ်မတော်က စိတ်ရှည်သည်းခံစွာဖြင့် အပစ်အခတ်ရပ်စဲပေးထားချိန်တွင် တိုးတက်မှုများရရှိရန်၊ တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်နှင့်မြန်မာနိုင်ငံ၏ ပကတိ ဖြစ်ရပ်မှန်များကို နားလည်သဘောပေါက်ရန် လိုအပ်သည့် အခြေ အနေများ၊ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။