တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိ၊ ရုရှားနိုင်ငံတွင် ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်လျက်ရှိသော အလတ်စား ခရီးသည်တင် လေယာဉ် MC-21 စမ်းသပ်နေမှုများအား သွားရောက် လေ့လာကြည့်ရှု

ေနျပည္ေတာ္၊ ၾသဂုတ္ – ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္လ်က္ ရွိသည့္ International Army Games-2019 ၏ပိတ္ပြဲ အခမ္းအနားသို႔ တက္ေရာက္ရန္အတြက္ ၾသဂုတ္ ၁၅ ရက္ နံနက္ပိုင္းတြင္ ေလေၾကာင္းခရီးျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ထြက္ခြာ ခဲ့ၾကၿပီး ညပိုင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ Domodedovo အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိၾကရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး Colonel General Alexander V.Fomin ၊ ႐ုရွားႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးကိုကိုရွိန္၊ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကသည္။

ယေန႔နံနက္ပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ Zhukovsky International Airport သို႔သြားေရာက္ေလ့လာရာ Irkut Coporation မွ Deputy General Director ျဖစ္သူ Mr. Vladimir A.Valkov ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး ေလဆိပ္ဧည့္ခန္းမေဆာင္၌႐ုရွားႏိုင္ငံမွ ထုတ္လုပ္လ်က္ရွိေသာ အလတ္စားခရီးသည္တင္ေလယာဥ္ MC-21 တည္ေဆာက္မႈ လုပ္ငန္းစဥ္မ်ား၊ စမ္းသပ္ပ်ံသန္းလ်က္ရွိသည့္အေျခအေနမ်ားႏွင့္ စမ္းသပ္ပ်ံသန္းရာတြင္ စစ္ေဆးရမည့္ လုပ္ငန္းစဥ္ မ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားအား အျပန္အလွန္ ေမးျမန္းေဆြးေႏြးခဲ့သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား Test Pilot ျဖစ္သူ Mr. OLEG MUTOVIN က MC-21 ေလယာဥ္ေမာင္းခန္းအတြင္းရွိ ပ်ံသန္းေရးစက္ကိရိယာမ်ား၏ ကိုင္တြယ္အသုံးျပဳပုံႏွင့္ အျခားပ်ံသန္းေရးစမ္းသပ္ ကိရိယာမ်ား၊ ေလယာဥ္အတြင္းပိုင္း တည္ေဆာက္ တပ္ဆင္ထားမႈမ်ားအား အေသးစိတ္ရွင္းလင္းျပသရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားအား ေမးျမန္း၍ ေလ့လာၾကည့္ရႈခဲ့ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ Irkut Coporation မွ Deputy General Director ျဖစ္သူ Mr. Vladimir A.Valkov တို႔သည္ ေလဆိပ္ဧည့္ခန္းမေဆာင္၌ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိ၊ ရုရှားနိုင်ငံတွင် ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်လျက်ရှိသော အလတ်စား ခရီးသည်တင် လေယာဉ် MC-21 စမ်းသပ်နေမှုများအား သွားရောက် လေ့လာကြည့်ရှု

နေပြည်တော်၊ သြဂုတ် ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက် ရှိသည့် International Army Games-2019 ၏ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ ခဲ့ကြပြီး ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Domodedovo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Zhukovsky International Airport သို့သွားရောက်လေ့လာရာ Irkut Coporation မှ Deputy General Director ဖြစ်သူ Mr. Vladimir A.Valkov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လေဆိပ်ဧည့်ခန်းမဆောင်၌ရုရှားနိုင်ငံမှ ထုတ်လုပ်လျက်ရှိသော အလတ်စားခရီးသည်တင်လေယာဉ် MC-21 တည်ဆောက်မှု လုပ်ငန်းစဉ်များ၊ စမ်းသပ်ပျံသန်းလျက်ရှိသည့်အခြေအနေများနှင့် စမ်းသပ်ပျံသန်းရာတွင် စစ်ဆေးရမည့် လုပ်ငန်းစဉ် များအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား Test Pilot ဖြစ်သူ Mr. OLEG MUTOVIN က MC-21 လေယာဉ်မောင်းခန်းအတွင်းရှိ ပျံသန်းရေးစက်ကိရိယာများ၏ ကိုင်တွယ်အသုံးပြုပုံနှင့် အခြားပျံသန်းရေးစမ်းသပ် ကိရိယာများ၊ လေယာဉ်အတွင်းပိုင်း တည်ဆောက် တပ်ဆင်ထားမှုများအား အသေးစိတ်ရှင်းလင်းပြသရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်း၍ လေ့လာကြည့်ရှုခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် Irkut Coporation မှ Deputy General Director ဖြစ်သူ Mr. Vladimir A.Valkov တို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။