တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu နှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ၾသဂုတ္ ၁၇ ရက္ မြန္းလြဲပိုင္းတြင္ ရုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကုိၿမိဳ႕ The Mound of Glory တြင္ က်င္းပျပဳလုပ္သည့္ International Army Games-2019 ပိတ္ပြဲအခမ္းအနားသို႕ တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့့္ အဖြဲ႕၀င္မ်ားသည္ Patriot Part တြင္ ခင္းက်င္းျပသထားသည့္ House of Friendship ျပခန္းမ်ားမွ ျမန္မာႏုိင္ငံဆုိင္ရာျပခန္းသုိ႕ ေရာက္ရွိၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Army General Sergei Shoigu ႏွင့္ အဖြဲ႕၀င္မ်ားအား ႀကိဳဆုိႏႈတ္ဆက္ကာ ျမန္မာႏုိင္ငံဆုိင္ရာျပခန္းႏွင့္ပတ္သက္၍ ရွင္းလင္းျပသသည္။ ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ International Army Games-2019 ၿပိဳင္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္မာ့တပ္မေတာ္မွ တင့္တပ္ဖြဲ႕ၿပိဳင္ပြဲ၀င္မ်ားႏွင့္ ယဥ္ေက်းမႈအဖြဲ႕မ်ားအား ေတြ႕ဆုံအားေပးစကားေျပာၾကားခဲ့ၿပီး ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခဲ့သည္။ ထုိ႔ေနာက္ အခမ္းအနားသို႔ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ တင့္ကားေမာင္းႏွင္ပစ္ခတ္ျခင္း ၿပိဳင္ပြဲ Tank Biathlon ေနာက္ဆုံးဗိုလ္လုပြဲစဥ္အျဖစ္ ႐ု႐ွားႏိုင္ငံ၊ ဘီလာ႐ုစ္ႏုိင္ငံ၊ ကာဇက္စတန္ႏုိင္ငံႏွင့္ အဇာဘုိင္ဂ်န္ႏုိင္ငံတုိ႔မွ တင့္တပ္ဖြဲ႕၀င္မ်ား၏ ယွဥ္ၿပိဳင္ေနမႈမ်ားကို ၾကည့္႐ႈအားေပးခဲ့ၾကသည္။ ၿပိဳင္ပြဲတြင္ ႐ု႐ွားႏုိင္ငံ တင့္တပ္ဖြဲ႕၀င္မ်ားက စံခ်ိန္ ၁ နာရီ ၃၃ မိနစ္ ၂၀ စကၠန္႕ ျဖင့္ ပထမေနရာမွ ပန္း၀င္ခဲ့ၿပီး ၎ေနာက္မွ ဘီလာ႐ုစ္ႏုိင္ငံ၊ ကာဇက္စတန္ႏုိင္ငံႏွင့္ အဇာဘုိင္ဂ်န္ႏုိင္ငံတုိ႕မွ တင့္တပ္ဖြဲ႕၀င္မ်ားက ေရွ႕ေနာက္ပန္း၀င္ႏုိင္ခဲ့ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ႏွင့္ ႐ုရွားဖက္ဒေရးရွင္း ႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Army General Sergei Shoigu တုိ႕သည္ Patriot Part ဧည့္ခန္းမေဆာင္၌ သီးျခားေတြ႕ဆုံ၍ International Army Games-2019 တြင္ ပါ၀င္ ယွဥ္ၿပိဳင္ခဲ့သည့္ အေျခအေနမ်ားႏွင့္ ေနာက္ႏွစ္မ်ားတြင္လည္း ဆက္လက္ပါ၀င္ယွဥ္ၿပိဳင္သြားမည့္ ကိစၥရပ္မ်ား၊ ယခုကဲ့သုိ႕ၿပိဳင္ပြဲမ်ား က်င္းပျပဳလုပ္ျခင္းျဖင့္ စစ္မက္ပဋိပကၡ ျဖစ္ပြားမႈမရွိဘဲ ကာကြယ္ေရးစြမ္းရည္ကုိ ျပသႏုိင္သည့္အတြက္ ကမၻာ့ႏုိင္ငံမ်ား၏ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထုိင္ေနမႈကုိ ေဖာ္ျပေနသည့္ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ ကာကြယ္ေရးစြမ္းရည္ျမႇင့္တင္ေရး ေဆာင္ရြက္မႈမ်ားတြင္ ကူညီေဆာင္ရြက္သြားမည့္ အေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္ၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိခုိင္မာေစေရး ဆက္လက္ေဆာင္ရြက္သြားမည့္ ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီးတုိ႕သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ International Army Games-2019 ပိတ္ပြဲ အခမ္းအနားသုိ႕ ပါ၀င္တက္ေရာက္ဂုဏ္ျပဳခဲ့ၾကၿပီး ႐ုရွားကာကြယ္ေရး၀န္ႀကီးမွ တည္ခင္းဧည့္ခံေသာ ဂုဏ္ျပဳညစာစားပြဲသုိ႕ တက္ေရာက္ခၾဲ့ကသည္။

ဦးစြာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Army General Sergei Shoigu က တင့္ကား ေမာင္းႏွင္ပစ္ခတ္ျခင္းၿပိဳင္ပြဲ Tank Biathlon တြင္ ဆုရရွိခဲ့သည့္ ၿပိဳင္ပြဲ၀င္ တင့္တပ္ဖြဲ႕၀င္မ်ားအား ဆုမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့သည္။ ယင္းေနာက္ ကာကြယ္ေရး၀န္ႀကီးက ၿပိဳင္ပြဲ၀င္ႏုိင္ငံမ်ားအေနျဖင့္ ယခုကဲ့သုိ႔ လာေရာက္ယွဥ္ၿပိဳင္ျခင္းအား ေက်းဇူးတင္ရွိပါေၾကာင္း၊ ေနာက္ႏွစ္မ်ားတြင္လည္း ပါ၀င္ယွဥ္ၿပိဳင္ၾကရန္အတြက္ ဖိတ္ေခၚသြားမည္ျဖစ္ပါေၾကာင္းျဖင့္ အမွာစကားေျပာၾကားၿပီး Entertainment မ်ားျဖင့္ ေဖ်ာ္ေျဖဧည့္ခံခဲ့သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ တက္ေရာက္ လာၾကေသာ ႏုိင္ငံအလိုက္တပ္မေတာ္အရာရွိႀကီးမ်ားသည္ ဂုဏ္ျပဳညစာကို အတူတကြ သုံးေဆာင္ ၾကသည္။ ဂုဏ္ျပဳညစာစားပြဲတြင္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံကာကြယ္ေရး၀န္ႀကီးမွ International Army Games-2019 ၿပိဳင္ပြဲ ေအာင္ျမင္မႈရရွိေအာင္ ပူးေပါင္းေဆာင္ရြက္ခဲ့ၾကသည့္ ၿပိဳင္ပြဲ၀င္ႏုိင္ငံမ်ား မွ စစ္ဘက္ဆုိင္ရာအႀကီးအကဲမ်ားအား “Army Gameေအာင္ျမင္ျဖစ္ေျမာက္ေအာင္ ပါ၀င္ကူညီမႈ အတြက္ ႐ု႐ွားကာကြယ္ေရး၀န္ႀကီးမွ ခ်ီးျမႇင့္သည့္ဆုတံဆိပ္” ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူခဲ့သည္။

အဆုိပါၿပိဳင္ပြဲတြင္ ႏိုင္ငံေပါင္း ၃၉ ႏုိင္ငံပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး စစ္ေျမျပင္ စြမ္းရည္ၿပိဳင္ပြဲ ၃၂ မ်ဳိး ပါ၀င္ကာ ႐ု႐ွားႏိုင္ငံအပါအ၀င္ ၁၀ ႏိုင္ငံ၌ ၿပိဳင္ပြဲမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ျမန္မာ့တပ္မေတာ္ အေနျဖင့္ ဒုတိယအႀကိမ္အျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ကာ တင့္ကားစြမ္းရည္ၿပိဳင္ပြဲ၊ လက္ေျဖာင့္ ေသနတ္ပစ္စြမ္းရည္ၿပိဳင္ပြဲႏွင့္ စစ္ေျမျပင္ေဆးတပ္ဖြဲ႕စြမ္းရည္ၿပိဳင္ပြဲမ်ားတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ယင္းၿပိဳင္ပြဲမ်ား၏ ဆက္စပ္ၿပိဳင္ပြဲတစ္ရပ္ျဖစ္သည့္ Creative Competition သုိ႕လည္း ျမန္မာ့ တပ္မေတာ္မွ ယဥ္ေက်းမႈအဖြဲ႕က ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

ထုိသို႕ယွဥ္ၿပိဳင္ခဲ့ရာတြင္ တင့္တပ္ဖြဲ႕အေနျဖင့္ ၿပိဳင္ပြဲ၀င္ႏုိင္ငံ ၃၂ ႏိုင္ငံအနက္ အုပ္စု ၂ တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အႀကိဳဗိုလ္လုပြဲအဆင့္ထိတက္ေရာက္ႏုိင္ခဲ့ကာ အႀကိဳဗိုလ္လုပြဲစဥ္ လက္ဆင့္ကမ္းေမာင္းႏွင္ပစ္ခတ္ျခင္းၿပိဳင္ပြဲ (Relay Race) တြင္ တာဂ်စ္ကစၥတန္၊ ဗီယက္နမ္ႏွင့္ ယူဂန္ဒါႏုိင္ငံတို႕ႏွင့္ ယွဥ္ၿပိဳင္ေမာင္းႏွင္ခဲ့ရာ စံခ်ိန္ ၂ နာရီ ၂၁ မိနစ္ ၀၁ စကၠန္႕ျဖင့္ ထိပ္ဆုံးမွ ပန္း၀င္ ႏုိင္ခဲ့ေသာ္လည္း ယွဥ္ၿပိဳင္စဥ္အတြင္း ယူဂန္ဒါ တင့္ယာဥ္မွ မိမိတင့္ယာဥ္လမ္းေၾကာင္းအတြင္းသို႕ လမ္းေၾကာင္းလု ၀င္ေရာက္ေမာင္းႏွင္ခဲ့သျဖင့္ ယာဥ္ပြတ္တုိက္မႈ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ၿပိဳင္ပြဲစည္းကမ္း အရ ဗုိလ္လုပြဲသုိ႕တက္ေရာက္ခြင့္ လြဲေခ်ာ္ခဲ့ရကာ ႏုိင္ငံအလိုက္အဆင့္ ၁၃ ေနရာတြင္ လည္းေကာင္း၊ ေဆးတပ္ဖြဲ႕အေနျဖင့္ ၿပိဳင္ပြဲ၀င္ ၁၂ ႏုိင္ငံ၊ ၿပိဳင္ပြဲ၀င္အသင္း ၁၃ သင္းအနက္ ႏုိင္ငံအလိုက္ အဆင့္ ၅ ေနရာတြင္ လည္းေကာင္း၊ လက္ေျဖာင့္ေသနတ္ပစ္တပ္ဖြဲ႕အေနျဖင့္ ၿပိဳင္ပြဲ၀င္ ၂၁ ႏုိင္ငံ၊ ၿပိဳင္ပြဲ၀င္အသင္း ၂၃ သင္းအနက္ ႏုိင္ငံအလိုက္ အဆင့္ ၁၇ ေနရာတြင္လည္းေကာင္း အသီးသီး ရပ္တည္ႏုိင္ခဲ့ၿပီး ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈ အဖြဲ႕က ျမန္မာ့႐ိုးရာ တူရိယာပစၥည္းမ်ား၊ သီခ်င္းမ်ား၊ အကမ်ားျဖင့္ သီဆုိတီးမႈတ္ ေဖ်ာ္ေျဖခဲ့ၾကကာ ၿပိဳင္ပြဲ၀င္ ၉ ႏုိင္ငံအတြင္း အဆုိအေကာင္းဆုံးဆု၊ အကအေကာင္းဆုံးဆုႏွင့္ အတီးအေကာင္းဆုံးဆုတုိ႕ ရရွိေအာင္ စြမ္းေဆာင္ႏုိင္ခဲ့သည္။

ျမန္မာ့တပ္မေတာ္တပ္ဖြဲ႕၀င္မ်ားအေနျဖင့္ ၿပိဳင္ပြဲအမ်ဳိးအစားမ်ားအလိုက္ မဆုတ္မနစ္ေသာ ဇြဲလံု႕လ မ်ားျဖင့္ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကကာ ဒုတိယအႀကိမ္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ေသာ္လည္း ႏုိင္ငံအလုိက္ ရလဒ္ေကာင္းတစ္ခုတြင္ ရပ္တည္ႏုိင္ခဲ့ၿပီး ႏုိင္ငံတကာစစ္ဘက္အဖြဲ႕အစည္းမ်ား၏ ၿပိဳင္ပြဲ ယွဥ္ၿပိဳင္မႈ အေတြ႕အႀကံဳမ်ား၊ နည္းပညာပုိင္းဆုိင္ရာ အေတြ႕အႀကံဳမ်ားႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ရရွိခဲ့ၾက ေၾကာင္းႏွင့္ ေနာင္ႏွစ္ၿပိဳင္ပြဲမ်ားတြင္လည္း ဆက္လက္ပါ၀င္ယွဥ္ၿပိဳင္သြားမည္ ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ သြဂုတ် ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ The Mound of Glory တွင် ကျင်းပပြုလုပ်သည့် International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် Patriot Part တွင် ခင်းကျင်းပြသထားသည့် House of Friendship ပြခန်းများမှ မြန်မာနိုင်ငံဆိုင်ရာပြခန်းသို့ ရောက်ရှိကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu နှင့် အဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်ကာ မြန်မာနိုင်ငံဆိုင်ရာပြခန်းနှင့်ပတ်သက်၍ ရှင်းလင်းပြသသည်။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် International Army Games-2019 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ပြိုင်ပွဲဝင်များနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ Tank Biathlon နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ရုရှားနိုင်ငံ တင့်တပ်ဖွဲ့ဝင်များက စံချိန် ၁ နာရီ ၃၃ မိနစ် ၂၀ စက္ကန့် ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့ပြီး ၎င်းနောက်မှ ဘီလာရုစ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက ရှေ့နောက်ပန်းဝင်နိုင်ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu တို့သည် Patriot Part ဧည့်ခန်းမဆောင်၌ သီးခြားတွေ့ဆုံ၍ International Army Games-2019 တွင် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများနှင့် နောက်နှစ်များတွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည့် ကိစ္စရပ်များ၊ ယခုကဲ့သို့ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် စစ်မက်ပဋိပက္ခ ဖြစ်ပွားမှုမရှိဘဲ ကာကွယ်ရေးစွမ်းရည်ကို ပြသနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေမှုကို ဖော်ပြနေသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်မှုများတွင် ကူညီဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် International Army Games-2019 ပိတ်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ရုရှားကာကွယ်ရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခြဲ့ကသည်။

ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu က တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon တွင် ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် တင့်တပ်ဖွဲ့ဝင်များအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ကာကွယ်ရေးဝန်ကြီးက ပြိုင်ပွဲဝင်နိုင်ငံများအနေဖြင့် ယခုကဲ့သို့ လာရောက်ယှဉ်ပြိုင်ခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ နောက်နှစ်များတွင်လည်း ပါဝင်ယှဉ်ပြိုင်ကြရန်အတွက် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားပြီး Entertainment များဖြင့် ဖျော်ဖြေဧည့်ခံခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တက်ရောက် လာကြသော နိုင်ငံအလိုက်တပ်မတော်အရာရှိကြီးများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင် ကြသည်။ ဂုဏ်ပြုညစာစားပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီးမှ International Army Games-2019 ပြိုင်ပွဲ အောင်မြင်မှုရရှိအောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပြိုင်ပွဲဝင်နိုင်ငံများ မှ စစ်ဘက်ဆိုင်ရာအကြီးအကဲများအား “Army Gameအောင်မြင်ဖြစ်မြောက်အောင် ပါဝင်ကူညီမှု အတွက် ရုရှားကာကွယ်ရေးဝန်ကြီးမှ ချီးမြှင့်သည့်ဆုတံဆိပ်” ဂုဏ်ပြုချီးမြှင့်ခဲ့ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၉ နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စစ်မြေပြင် စွမ်းရည်ပြိုင်ပွဲ ၃၂ မျိုး ပါဝင်ကာ ရုရှားနိုင်ငံအပါအဝင် ၁၀ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော် အနေဖြင့် ဒုတိယအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့် သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲများ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Creative Competition သို့လည်း မြန်မာ့ တပ်မတော်မှ ယဉ်ကျေးမှုအဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ခဲ့ရာတွင် တင့်တပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်နိုင်ငံ ၃၂ နိုင်ငံအနက် အုပ်စု ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲအဆင့်ထိတက်ရောက်နိုင်ခဲ့ကာ အကြိုဗိုလ်လုပွဲစဉ် လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) တွင် တာဂျစ်ကစ္စတန်၊ ဗီယက်နမ်နှင့် ယူဂန်ဒါနိုင်ငံတို့နှင့် ယှဉ်ပြိုင်မောင်းနှင်ခဲ့ရာ စံချိန် ၂ နာရီ ၂၁ မိနစ် ၀၁ စက္ကန့်ဖြင့် ထိပ်ဆုံးမှ ပန်းဝင် နိုင်ခဲ့သော်လည်း ယှဉ်ပြိုင်စဉ်အတွင်း ယူဂန်ဒါ တင့်ယာဉ်မှ မိမိတင့်ယာဉ်လမ်းကြောင်းအတွင်းသို့ လမ်းကြောင်းလု ဝင်ရောက်မောင်းနှင်ခဲ့သဖြင့် ယာဉ်ပွတ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြိုင်ပွဲစည်းကမ်း အရ ဗိုလ်လုပွဲသို့တက်ရောက်ခွင့် လွဲချော်ခဲ့ရကာ နိုင်ငံအလိုက်အဆင့် ၁၃ နေရာတွင် လည်းကောင်း၊ ဆေးတပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင် ၁၂ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းအနက် နိုင်ငံအလိုက် အဆင့် ၅ နေရာတွင် လည်းကောင်း၊ လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင် ၂၁ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၂၃ သင်းအနက် နိုင်ငံအလိုက် အဆင့် ၁၇ နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်နိုင်ခဲ့ပြီး မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့က မြန်မာ့ရိုးရာ တူရိယာပစ္စည်းများ၊ သီချင်းများ၊ အကများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေခဲ့ကြကာ ပြိုင်ပွဲဝင် ၉ နိုင်ငံအတွင်း အဆိုအကောင်းဆုံးဆု၊ အကအကောင်းဆုံးဆုနှင့် အတီးအကောင်းဆုံးဆုတို့ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် ပြိုင်ပွဲအမျိုးအစားများအလိုက် မဆုတ်မနစ်သော ဇွဲလုံ့လ များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံအလိုက် ရလဒ်ကောင်းတစ်ခုတွင် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲ ယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိခဲ့ကြ ကြောင်းနှင့် နောင်နှစ်ပြိုင်ပွဲများတွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။