တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက်သို့ သွားရောက်လေ့လာ၊ စစ်သံရုံးအရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းသားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၉

ရုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့ေသာ International Army Games-2019 ပိတ္ပြဲ အခမ္းအနားသို႕ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ၾသဂုတ္ ၁၈ ရက္ ညေနပုိင္းတြင္ ေမာ္စကုိၿမိဳ႕အေနာက္ဘက္ ကာလူးဂါၿမိဳ႕အနီးရွိ ကမၻာ့ရြာ ယဥ္ေက်းမႈေပါင္းစုံျပတုိက္ ပန္းၿခံသုိ႔ သြားေရာက္ၾကည့္႐ႈေလ့လာၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ကမၻာ့ရြာယဥ္ေက်း မႈေပါင္းစုံျပတုိက္ ပန္းၿခံသုိ႔ေရာက္ရွိရာ ကမၻာ့ရြာယဥ္ေက်းမႈေပါင္းစုံပန္းၿခံျပတုိက္ဥကၠ႒ Mr. Ruslan ႏွင့္အဖြဲ႕က ႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ သီတဂူဆရာေတာ္ဘုရားႀကီး၏ ဦးေဆာင္မႈျဖင့္ ေရႊစည္းခုံေစတီေတာ္ ပုံစံတူတည္ထားကုိးကြယ္ရန္ ေဆာင္ရြက္ၿပီးစီးမႈ အေျခအေနမ်ားအား ျပတုိက္မွတာ၀န္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေစတီေတာ္ပရိ၀ုဏ္အတြင္း လွည့္လည္ ၾကည့္႐ႈ၍ လုိအပ္သည္မ်ား ၫႇိႏႈိင္းေဆြးေႏြးခဲ့သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ အေရွ႕ေတာင္အာရွျပခန္း၊ ႐ုရွားႏွင့္ ဥေရာပႏုိင္ငံျပခန္းတုိ႕တြင္ျပသထားေသာ မင္းကြန္းဆရာေတာ္ဘုရားႀကီး ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ခ်ဳပ္ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက တိပိဋကဓရ ဓမၼဘ႑ာဂါရိက ဘဒၵႏၲ၀ိစိတၱသာရာဘိ၀ံသ အပါအ၀င္ ဘာသာေရးေခါင္းေဆာင္မ်ား၊ သိပၸံပညာရွင္မ်ား၊ အေတြးအေခၚ ပညာရွင္ႀကီးမ်ားႏွင့္ အထင္ကရပုဂၢဳိလ္မ်ား၏ ပုံတူ ထုဆစ္ထားသည့္ ႐ုပ္တုမ်ားအား လွည့္လည္ ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။

ကမၻာ့ရြာယဥ္ေက်းမႈေပါင္းစုံျပတုိက္ပန္းၿခံသည္ ႐ုရွားႏုိင္ငံတြင္ လူမ်ိဳးႏွင့္ ယဥ္ေက်းမႈဆုိင္ရာ အႀကီးဆုံးျပတုိက္ပန္းၿခံတစ္ခုျဖစ္ၿပီး ႐ုရွားလူမ်ိဳးမ်ားေနထုိင္ခဲ့သည့္ အိမ္ပုံစံတူမ်ား၊ အသုံးအေဆာင္ ပစၥည္းမ်ားႏွင့္ ေနထုိင္စားေသာက္မႈပုံစံမ်ား၊ ဥေရာပႏုိင္ငံမ်ားႏွင့္ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားမွ ႏုိင္ငံေပါင္း ၂၅၂ ႏုိင္ငံ၏ ႏုိင္ငံအလုိက္ေနထုိင္မႈပုံစံမ်ားႏွင့္ ယဥ္ေက်းမႈဆိုင္ရာျပခန္းမ်ားအား ေျမဧရိယာအက်ယ္အ၀န္း စတုရန္းမီတာ တစ္ေသာင္းေက်ာ္ေပၚ၌ ၂၀၀၆ ခုႏွစ္တြင္ စတင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ပိတ္ရက္မရွိ အၿမဲဖြင့္လွစ္ထားရွိၿပီး ကမၻာလွည့္ခရီးသြားမ်ားႏွင့္ ႐ု႐ွားျပည္သူမ်ား ေန႔စဥ္လာေရာက္ ေလ့လာအပန္းေျဖၾကည့္႐ႈလ်က္ရွိေၾကာင္း သိရွိရသည္။

အဆုိပါ ကမၻာ့ရြာယဥ္ေက်းမႈေပါင္းစုံျပတုိက္အတြင္း သီတဂူဆရာေတာ္ဘုရားႀကီး၏ ဦးေဆာင္မႈျဖင့္ တည္ထားကုိးကြယ္မည့္ ေရႊစည္းခုံပုံစံတူေစတီေတာ္မွာ ရင္ျပင္ေတာ္အက်ယ္ အလ်ား ၉၅ေပ၊ အနံ ၈၈ေပ၊ ဂႏၶကုဋိတုိက္ အက်ယ္ပတ္လည္ ၃၇ ေပရွိၿပီး ေစတီေတာ္အျမင့္ ေအာက္ခံခုံ ၁၉ ေပ၊ ဉာဏ္ေတာ္အျမင့္ ၃၅ ေပရွိကာ ေစတီေတာ္၏စုစုေပါင္း အျမင့္ ၅၄ ေပ ရွိမည္ျဖစ္သည္။ ထုိ႔အတူ ေစတီေတာ္ပုရိ၀ုဏ္အတြင္း၌လည္း ထုိင္ေတာ္မူ၊ ရပ္ေတာ္မူ ဗုဒၶရုပ္ပြားေတာ္ျမတ္မ်ားအား တည္ထား ကုိးကြယ္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ထုိ႕ေနာက္ ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ားလုိက္ပါလ်က္ စစ္သံ႐ုံးမွ အရာရွိ၊ စစ္သည္၊ မိသားစု၀င္မ်ားႏွင့္ သင္တန္းသားအရာရွိမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ အမွာစကားေျပာၾကားကာ ညစာအတူတကြ သုံးေဆာင္ခဲ့ၾကၿပီး ညစာသုံးေဆာင္အၿပီးတြင္ စစ္သံ႐ုံးမွ အရာရွိ၊ စစ္သည္၊ မိသားစု၀င္မ်ားႏွင့္ သင္တန္းသားအရာရွိမ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက်သို့ သွားရောက်လေ့လာ၊ စစ်သံရုံးအရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းသားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော International Army Games-2019 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် မော်စကိုမြို့အနောက်ဘက် ကာလူးဂါမြို့အနီးရှိ ကမ္ဘာ့ရွာ ယဉ်ကျေးမှုပေါင်းစုံပြတိုက် ပန်းခြံသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ္ဘာ့ရွာယဉ်ကျေး မှုပေါင်းစုံပြတိုက် ပန်းခြံသို့ရောက်ရှိရာ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပန်းခြံပြတိုက်ဥက္ကဋ္ဌ Mr. Ruslan နှင့်အဖွဲ့က ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ရွှေစည်းခုံစေတီတော် ပုံစံတူတည်ထားကိုးကွယ်ရန် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ပြတိုက်မှတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ပရိဝုဏ်အတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရှေ့တောင်အာရှပြခန်း၊ ရုရှားနှင့် ဥရောပနိုင်ငံပြခန်းတို့တွင်ပြသထားသော မင်းကွန်းဆရာတော်ဘုရားကြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ အပါအဝင် ဘာသာရေးခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များ၊ အတွေးအခေါ် ပညာရှင်ကြီးများနှင့် အထင်ကရပုဂ္ဂိုလ်များ၏ ပုံတူ ထုဆစ်ထားသည့် ရုပ်တုများအား လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက်ပန်းခြံသည် ရုရှားနိုင်ငံတွင် လူမျိုးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြီးဆုံးပြတိုက်ပန်းခြံတစ်ခုဖြစ်ပြီး ရုရှားလူမျိုးများနေထိုင်ခဲ့သည့် အိမ်ပုံစံတူများ၊ အသုံးအဆောင် ပစ္စည်းများနှင့် နေထိုင်စားသောက်မှုပုံစံများ၊ ဥရောပနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံပေါင်း ၂၅၂ နိုင်ငံ၏ နိုင်ငံအလိုက်နေထိုင်မှုပုံစံများနှင့် ယဉ်ကျေးမှုဆိုင်ရာပြခန်းများအား မြေဧရိယာအကျယ်အဝန်း စတုရန်းမီတာ တစ်သောင်းကျော်ပေါ်၌ ၂၀၀၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပိတ်ရက်မရှိ အမြဲဖွင့်လှစ်ထားရှိပြီး ကမ္ဘာလှည့်ခရီးသွားများနှင့် ရုရှားပြည်သူများ နေ့စဉ်လာရောက် လေ့လာအပန်းဖြေကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက်အတွင်း သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံပုံစံတူစေတီတော်မှာ ရင်ပြင်တော်အကျယ် အလျား ၉၅ပေ၊ အနံ ၈၈ပေ၊ ဂန္ဓကုဋိတိုက် အကျယ်ပတ်လည် ၃၇ ပေရှိပြီး စေတီတော်အမြင့် အောက်ခံခုံ ၁၉ ပေ၊ ဉာဏ်တော်အမြင့် ၃၅ ပေရှိကာ စေတီတော်၏စုစုပေါင်း အမြင့် ၅၄ ပေ ရှိမည်ဖြစ်သည်။ ထို့အတူ စေတီတော်ပုရိဝုဏ်အတွင်း၌လည်း ထိုင်တော်မူ၊ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား တည်ထား ကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါလျက် စစ်သံရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် သင်တန်းသားအရာရှိများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကားပြောကြားကာ ညစာအတူတကွ သုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်အပြီးတွင် စစ်သံရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် သင်တန်းသားအရာရှိများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။